HomeEducationကိုရိုနာဗိုင်းရပ်စ်နဲ့နိုင်ငံခြားရောက်မြန်မာများရဲ့အနာဂတ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့နိုင်ငံခြားရောက်မြန်မာများရဲ့အနာဂတ်။
- Advertisement -
ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်အတွင်း၌ တရားဝင်ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ မြန်မာလူမျိုး (၅) သန်းခန့်သည် ရေမြေခြား၌ သွားရောက်အလုပ်လုပ်ကိုင်လျက်၊ ကျောင်းတက်လျက်ရှိပြီး အများစုက ထိုင်းနိုင်ငံသို့ ရောက်ရှိနေကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် လေဆိပ်များ၊ နယ်စပ်ဒေသများကို ပိတ်ဆို့ထားခြင်းကြောင့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့်၊ ကျောင်းတက်နေသည့် မြန်မာများရဲ့ အိမ်အပြန်ခရီးလမ်းက မရေရာမှုများနဲ့ ပြည့်နှက်လျက်ရှိပါတယ်။
ထိုင်းနိုင်ငံရောက်မြန်မာအများစုသည် လက်ရှိအချိန်အထိ စျေးဝယ်စင်တာများ၊ မီးဖိုချောင်အကူနဲ့ အိမ်အကူများအဖြစ်် လုပ်ကိုင်နေရဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့လုပ်ကိုင်နေရသည့်အများစုက အသက် (၁၅) နှစ်မှ (၃၀) အရွယ်များဖြစ်ကြပြီး မြန်မာနိုင်ငံရဲ့ငယ်ရွယ်သည့် လူဦးရေနှုန်းထားအရ ထိုမျှသော အသက်အရွယ်အပိုင်းအခြားက အံ့အားသင့်စရာမဟုတ်ကြောင်းလည်း သိရှိရပါတယ်။ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနေရာ ထိုင်းနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့သည်လည်း လုပ်ငန်းများကို ပိတ်သိမ်းနေခြင်းကြောင့် နေထိုင်စားသောက်ရေးကျပ်တည်းလာသည့် ထိုင်းရောက်မြန်မာများက အိမ်ပြန်ခွင့်ရရှိရန်အတွက် မျှော်လင့်လျက်ရှိပါတယ်။
ထိုင်းနိုင်ငံအပြင် အခြားသောပြည်ပနိုင်ငံများရှိ မြန်မာလူမျိုးများကလည်း အမိမြေကို ပြန်လည်ခြေချခွင့်ရရှိရန်  မျှော်လင့်နေကြပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌နေထိုင်သည့် ချင်းအမျိုးသား Ko Mang Shein ကလည်း  မွေးရပ်မြေချင်းပြည်နယ်သို့ အမြန်ဆုံးပြန်ခွင့်ရရှိရန် မျှော်လင့်နေကြောင်းဆိုပါတယ်။ Ko Mang Shein အလုပ်လုပ်ကိုင်နေသည့် စားသောက်ဆိုင်သည် ပြီးခဲ့သည့် ဧပြီလတည်းက စီးပွားရေးအကျပ်အတည်းကြောင့် ပိတ်ခဲ့ရပြီး အလုပ်လက်မဲ့အနေအထား၌ ဂျပန်နိုင်ငံရဲ့နေထိုင်စားသောက်စရိတ် ကြီးမြင့်မှုကြောင့် အခက်အခဲများနဲ့ ရင်ဆိုင်နေရကြောင်းလည်း သိရှိရပါတယ်။
- Advertisement -
ဒါ့အပြင် တရုတ်နိုင်ငံ Nangkai တက္ကသိုလ်၌ နိုင်ငံတကာဆက်ဆံရေးနဲ့အများပြည်သူမူဝါဒပညာရပ်ကို သင်ကြားခဲ့သည့် မချယ်ရီကလည်း တရုတ်နိုင်ငံ၌ ကာလရှည်နေထိုင်ရန် စီစဉ်ခဲ့ပေမယ့် ယခုလအစောပိုင်း၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံရဲ့မြို့တော်ဝယ်လင်တန်ရှိ Victoria တက္ကသိုလ်မှ မဟာဘွဲ့ရရှိထားသည့် မဇင်မာလာဌေးကလည်း သီးသန့်လေယာဉ်နဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မြန်မာလူငယ်များအနေဖြင့် ပျင်းရိခြင်းမရှိကြောင်း၊ အခွင့်အရေးလိုအပ်နေခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
- Advertisement -
ဒါ့အပြင် မဇင်မာလာဌေးက “လူတွေအနေနဲ့ ပညာသင်ဖို့အတွက် နိုင်ငံခြားကိုသွားပြီး နာမည်ကြီးတက္ကသိုလ်တွေမှာ ကျောင်းတက်စရာမလိုတော့ပါဘူး။ အားလုံးရဲ့ရှေ့မှာ အင်တာနက်ကတစ်ဆင့် သင်ကြားလို့ရတဲ့အရာတွေ အများကြီးရှိနေပါပြီ။ ဦးသန့်၊ Jack Ma၊ Donald Trump တို့လို ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ရင် သူတို့က ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ခဲ့ရလဲဆိုတာကို မြင်မှာပါ။ အောင်မြင်ဖို့အတွက် စိတ်ရှည်သည်းခံဖို့လိုအပ်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အပျောက်ဆုံးမခံပါနဲ့။” ဟု ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
<Unicode Version>
- Advertisement -
<Zawgyi Version>
HM(Soshwe)
#soshweeducation
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
nineteen + 2 =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...