HomeSportအသင်းရဲ့ကြယ်ပွင့်ကစားသမားကို အပြီးတိုင်လက်လွှတ်လိုက်သည့် ယူနိုက်တက်။

အသင်းရဲ့ကြယ်ပွင့်ကစားသမားကို အပြီးတိုင်လက်လွှတ်လိုက်သည့် ယူနိုက်တက်။

- Advertisement -

ယူနိုက်တက်အသင်းသည် အသင်းရဲ့လစာငွေအများဆုံးရ ကစားသမားတစ်ယောက်ဖြစ်သည့် အလက်ဆစ်ဆန်းချက်ဇ်ကို အင်တာမီလန်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ ချီလီလက်ရွေးစင် တိုက်စစ်ကစားသမားသည် ပြီးခဲ့သည့် (၂၀၁၉-၂၀) ခုနှစ်  ဘောလုံးရာသီ၌ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းတွင် အငှားဖြင့်သွားရောက် ကစားနေခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်အလွန် ဘောလုံးပွဲများပြန်လည်စတင်ချိန်၌ အသင်းအတွက် (၁၂) ပွဲကစား (၁၀) ဂိုးသွင်းယူကာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ထို့ကြောင့်လည်း အင်တာမီလန်အသင်းက ဆန်းချက်ဇ်ကိုအပြီးသတ်ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ယူနိုက်တက်အသင်းက ဆန်းချက်ဇ်ကို လက်လွှတ်ရန် သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ မာရော့တာက ဆန်းချက်ဇ်ကိုအပြီးသတ်ခေါ်ယူရန် ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက ယူနိုက်တက်အသင်းနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယူရိုပါလိဂ်ပွဲစဉ်များ ဆက်လက်ကစားရမည့် အသင်းရဲ့လူစာရင်း၌ ဆန်းချက်ဇ်ကို ထည့်သွင်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

အသက် (၃၁) နှစ်အရွယ် ဆန်းချက်ဇ်အတွက် ယူနိုက်တက်အသင်းက တစ်ပတ်လုပ်ခ ပေါင် (၅) သိန်းအထိ  ပေးချေနေရပြီး ယခုကဲ့သို့ အင်တာမီလန်အသင်းထံ အငှားချထားရသည့်အချိန်အထိ ကစားသမားရဲ့ လုပ်ခလစာငွေတစ်ဝက်ကို အင်တာမီလန်အသင်းနဲ့အတူ ပေးချေနေရဆဲဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအနေဖြင့် ဆန်းချက်ဇ်ကို လက်လွှတ်ခဲ့ရသည့်အတွက်  ပြောင်းရွှေ့ကြေးရရှိခဲ့ခြင်းမရှိပေမယ့် လာမယ့် (၂) ရာသီ၌ ဆန်းချက်ဇ်အတွက် ကုန်ကျမည့် ပေါင်သန်း (၆၀) ကို သက်သာစေခဲ့ပြီဖြစ်ပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းကလည်း ယူရိုပါလိဂ်လက်ကျန်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသကဲ့သို့ တစ်ဖက်မှာလည်း အပြောင်းအရွှေ့အတွက် ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန် အသည်းအသန်ကြိုးစားလျက်ရှိကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

 

အသင္းရဲ႕ၾကယ္ပြင့္ကစားသမားကို အၿပီးတိုင္လက္လႊတ္လိုက္သည့္ ယူႏုိက္တက္။

ယူႏိုက္တက္အသင္းသည္ အသင္းရဲ႕လစာေငြအမ်ားဆုံးရ ကစားသမားတစ္ေယာက္ျဖစ္သည့္ အလက္ဆစ္ဆန္းခ်က္ဇ္ကို အင္တာမီလန္အသင္းထံ အၿပီးသတ္ေျပာင္းေရႊ႕ခြင့္ေပးလိုက္ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆိုပါ ခ်ီလီလက္ေရြးစင္ တိုက္စစ္ကစားသမားသည္ ၿပီးခဲ့သည့္ (၂၀၁၉-၂၀) ခုႏွစ္  ေဘာလံုးရာသီ၌ အီတလီစီးရီးေအကလပ္ အင္တာမီလန္အသင္းတြင္ အငွားျဖင့္သြားေရာက္ ကစားေနျခင္းျဖစ္ၿပီး ကိုရိုနာဗုိင္းရပ္စ္အလြန္ ေဘာလံုးပြဲမ်ားျပန္လည္စတင္ခ်ိန္၌ အသင္းအတြက္ (၁၂) ပြဲကစား (၁၀) ဂိုးသြင္းယူကာ ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ထို႔ေၾကာင့္လည္း အင္တာမီလန္အသင္းက ဆန္းခ်က္ဇ္ကိုအၿပီးသတ္ေခၚယူရန္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္၌ ယူႏိုက္တက္အသင္းက ဆန္းခ်က္ဇ္ကို လက္လႊတ္ရန္ သေဘာတူညီခဲ့ျခင္းျဖစ္ပါတယ္။ အင္တာမီလန္အသင္းရဲ႕ အားကစားဒါရိုက္တာ မာေရာ့တာက ဆန္းခ်က္ဇ္ကိုအၿပီးသတ္ေခၚယူရန္ ၿပီးခဲ့သည့္ရက္သတၱပတ္ကတည္းက ယူႏိုက္တက္အသင္းနဲ႔ ညွိႏိႈင္းေဆြးေႏြးခဲ့ျခင္းျဖစ္ၿပီး ယူရိုပါလိဂ္ပြဲစဥ္မ်ား ဆက္လက္ကစားရမည့္ အသင္းရဲ႕လူစာရင္း၌ ဆန္းခ်က္ဇ္ကို ထည့္သြင္းႏိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။

အသက္ (၃၁) ႏွစ္အရြယ္ ဆန္းခ်က္ဇ္အတြက္ ယူႏိုက္တက္အသင္းက တစ္ပတ္လုပ္ခ ေပါင္ (၅) သိန္းအထိ  ေပးေခ်ေနရၿပီး ယခုကဲ့သို႔ အင္တာမီလန္အသင္းထံ အငွားခ်ထားရသည့္အခ်ိန္အထိ ကစားသမားရဲ႕ လုပ္ခလစာေငြတစ္ဝက္ကို အင္တာမီလန္အသင္းနဲ႔အတူ ေပးေခ်ေနရဆဲျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအေနျဖင့္ ဆန္းခ်က္ဇ္ကို လက္လႊတ္ခဲ့ရသည့္အတြက္  ေျပာင္းေရႊ႕ေၾကးရရွိခဲ့ျခင္းမရွိေပမယ့္ လာမယ့္ (၂) ရာသီ၌ ဆန္းခ်က္ဇ္အတြက္ ကုန္က်မည့္ ေပါင္သန္း (၆၀) ကို သက္သာေစခဲ့ၿပီျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းကလည္း ယူရိုပါလိဂ္လက္က်န္ပဲြစဥ္မ်ားကို ဆက္လက္ယွဥ္ၿပိဳင္ရန္ ျပင္ဆင္ေနသကဲ့သုိ႔ တစ္ဖက္မွာလည္း အေျပာင္းအေရႊ႕အတြက္ ေဒါ့မြန္အသင္းရဲ႕ ေတာင္ပံကစားသမား ဆန္ခ်ိဳကို ေခၚယူရန္ အသည္းအသန္ႀကိဳးစားလ်က္ရွိေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 + fourteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...