HomeEducationကိုရိုနာဗိုင်းရပ်စ်အလွန် မြန်မာနိုင်ငံ အစိုးရအထက်တန်းကျောင်းများအခြေအနေ။

ကိုရိုနာဗိုင်းရပ်စ်အလွန် မြန်မာနိုင်ငံ အစိုးရအထက်တန်းကျောင်းများအခြေအနေ။

- Advertisement -

အထက်တန်းကျောင်းပေါင်း (၇၀၀၀) ကျော်ခန့်သည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ပတ်သက်၍ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းကမ်းများနဲ့ ကိုက်ညီခြင်းမရှိသဖြင့် လက်ရှိအချိန်အထိ ပိတ်ထားရဆဲဖြစ်ပါတယ်။ ယခုကဲ့သို့ ပိတ်ထားရသည့် ပမာဏသည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အထက်တန်းကျောင်းများရဲ့ တစ်ဝက်နီးပါးခန့်ပမာဏဖြစ်ကြောင်း သိရှိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာသည့် အထက်တန်းကျောင်းများကိုသာ ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ပြီးခဲ့သည့်ဇူလိုင်လ (၂၈) ရက်နေ့က  ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အထက်တန်းကျောင်းများကို ပြီးခဲ့သည့်ဇူလိုင်လ (၂၁) ရက်နေ့၌ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအခြေအနေအပေါ်သုံးသပ်ကာ အလယ်တန်းနဲ့မူလတန်းကျောင်းများကို အဆင့်ဆင့်ပြန်လည်ဖွင့်လှစ်သွားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့သည့်ဇူလိုင်လ (၂၁) ရက်နေ့၌ အထက်တန်းကျောင်းအားလုံး တစ်ပြိုင်နက်တည်းပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ခဲ့ပေမယ့် တာဝန်ရှိသူများက အချိန်အလွန်အမင်းကပ်မှသာ ဖွင့်လှစ်ခွင့်ပြုသည့်ကျောင်းများကို ထုတ်ပြန်ကြေညာခဲ့သဖြင့် ပိတ်လိုက်ရသောကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အခက်တွေ့ခဲ့ရကြောင်းလည်း သိရှိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘ကျွန်မတို့အနေနဲ့ တစ်လကြာတဲ့နောက်မှာ ဒါတွေကို ပြန်လည်စစ်ဆေးသွားမှာဖြစ်ပြီး ပြန်ဖွင့်ခွင့်ပေးမပေးဆိုတာကို ဆုံးဖြတ်သွားမှာပါ။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ Facebook စာမျက်နှာမှတစ်ဆင့်လည်း ကျောင်းပေါင်း (၃,၉၉၉) ကျောင်း၌  ကျောင်းသား၊ ကျောင်းသူပေါင်း (၅၀၀,၀၀၀) ကျော် ပြန်လည်တက်ရောက်နေပြီဖြစ်ကြောင်း  ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကစာသင်ကျောင်း (၇၆၄) ကျောင်းကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု ဆိုထားပေမယ့် အဆိုပါကျောင်းများမှာ လက်ရှိအချိန်အထိ ကျန်းမာရေးဆိုင်ရာအကြောင်းပြချက်နဲ့ ပိတ်ထားရဆဲဖြစ်ပါတယ်။ ကျွမ်းကျင်သူများကမူ ကျောင်းများဖွင့်လှစ်ချိန်၌ ကိုရိုနာဗိုုင်းရပ်စ်နဲ့ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ခက်ခဲမည်ဖြစ်ကြောင်းဆိုထားပြီး အထူးသဖြင့် Social Distancing စည်းကမ်းကို လိုက်နာရန် ခက်ခဲမည်ဟု ဝေဖန်သုံးသပ်ထားကြပါတယ်။

- Advertisement -

ယခုစာရေးသားသည့်အချိန်အထိ မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၃၅၅) ယောက်ရှိပြီး (၆) ယောက်သေဆုံးကာ (၃၀၂) ယောက်က ရောဂါမှပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူများရဲ့ (၆၀) ရာခိုင်နှုန်းကျော်က ရောဂါလက္ခဏာတစ်စုံတစ်ရာ ပြသခဲ့ခြင်းမရှိခြင်းကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက နိုင်ငံတွင်းကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးရွားရွားကူးစက်မှုမဖြစ်စေရန် စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်ထားဆဲဖြစ်ပါတယ်။

<Unicode Version>

 

 

ကိုရိုနာဗုိင္းရပ္စ္အလြန္ ျမန္မာႏိုင္ငံ အစိုးရအထက္တန္းေက်ာင္းမ်ားအေျခအေန။

အထက္တန္းေက်ာင္းေပါင္း (၇၀၀၀) ေက်ာ္ခန္႔သည္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေရးနဲ႔ပတ္သက္၍ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနမွခ်မွတ္ထားသည့္ စည္းကမ္းမ်ားနဲ႔ ကိုက္ညီျခင္းမရွိသျဖင့္ လက္ရွိအခ်ိန္အထိ ပိတ္ထားရဆဲျဖစ္ပါတယ္။ ယခုကဲ့သို႔ ပိတ္ထားရသည့္ ပမာဏသည္ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးရွိ အထက္တန္းေက်ာင္းမ်ားရဲ႕ တစ္ဝက္နီးပါးခန္႔ပမာဏျဖစ္ေၾကာင္း သိရွိရပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း လိုက္နာသည့္ အထက္တန္းေက်ာင္းမ်ားကိုသာ ဖြင့္လွစ္ခြင့္ျပဳခဲ့ေၾကာင္း ၿပီးခဲ့သည့္ဇူလိုင္လ (၂၈) ရက္ေန႔က  ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏုိင္ငံတစ္ဝွမ္းရွိ အထက္တန္းေက်ာင္းမ်ားကို ၿပီးခဲ့သည့္ဇူလိုင္လ (၂၁) ရက္ေန႔၌ ျပန္လည္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး အဆုိပါအေျခအေနအေပၚသံုးသပ္ကာ အလယ္တန္းနဲ႔မူလတန္းေက်ာင္းမ်ားကို အဆင့္ဆင့္ျပန္လည္ဖြင့္လွစ္သြားရန္ ျပင္ဆင္ခဲ့ျခင္းျဖစ္ပါတယ္။

ၿပီးခဲ့သည့္ဇူလိုင္လ (၂၁) ရက္ေန႔၌ အထက္တန္းေက်ာင္းအားလုံး တစ္ၿပိဳင္နက္တည္းျပန္လည္ဖြင့္လွစ္ရန္ ျပင္ဆင္ခဲ့ေပမယ့္ တာဝန္ရွိသူမ်ားက အခ်ိန္အလြန္အမင္းကပ္မွသာ ဖြင့္လွစ္ခြင့္ျပဳသည့္ေက်ာင္းမ်ားကို ထုတ္ျပန္ေၾကညာခဲ့သျဖင့္ ပိတ္လိုက္ရေသာေက်ာင္းမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အခက္ေတြ႕ခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ‘ကြ်န္မတို႔အေနနဲ႔ တစ္လၾကာတဲ့ေနာက္မွာ ဒါေတြကို ျပန္လည္စစ္ေဆးသြားမွာျဖစ္ၿပီး ျပန္ဖြင့္ခြင့္ေပးမေပးဆိုတာကို ဆုံးျဖတ္သြားမွာပါ။” ဟု ေျပာၾကားခဲ့ပါတယ္။

- Advertisement -

ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ Facebook စာမ်က္ႏွာမွတစ္ဆင့္လည္း ေက်ာင္းေပါင္း (၃,၉၉၉) ေက်ာင္း၌  ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၅၀၀,၀၀၀) ေက်ာ္ ျပန္လည္တက္ေရာက္ေနၿပီျဖစ္ေၾကာင္း  ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ပုဂၢလိကစာသင္ေက်ာင္း (၇၆၄) ေက်ာင္းကို ျပန္လည္ဖြင့္လွစ္ခြင့္ျပဳမည္ဟု ဆိုထားေပမယ့္ အဆုိပါေက်ာင္းမ်ားမွာ လက္ရွိအခ်ိန္အထိ က်န္းမာေရးဆိုင္ရာအေၾကာင္းျပခ်က္နဲ႔ ပိတ္ထားရဆဲျဖစ္ပါတယ္။ ကြ်မ္းက်င္သူမ်ားကမူ ေက်ာင္းမ်ားဖြင့္လွစ္ခ်ိန္၌ ကိုရိုနာဗုိုင္းရပ္စ္နဲ႔ပတ္သက္သည့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာရန္ခက္ခဲမည္ျဖစ္ေၾကာင္းဆိုထားၿပီး အထူးသျဖင့္ Social Distancing စည္းကမ္းကို လိုက္နာရန္ ခက္ခဲမည္ဟု ေဝဖန္သံုးသပ္ထားၾကပါတယ္။

ယခုစာေရးသားသည့္အခ်ိန္အထိ ျမန္မာႏုိင္ငံတြင္း ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူေပါင္း (၃၅၅) ေယာက္ရွိၿပီး (၆) ေယာက္ေသဆံုးကာ (၃၀၂) ေယာက္က ေရာဂါမွျပန္လည္ေကာင္းမြန္လာခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္အထိ ေရာဂါကူးစက္ခံရသူမ်ားရဲ႕ (၆၀) ရာခိုင္ႏႈန္းေက်ာ္က ေရာဂါလကၡဏာတစ္စုံတစ္ရာ ျပသခဲ့ျခင္းမရွိျခင္းေၾကာင့္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ႏိုင္ငံတြင္းကိုရိုနာဗိုင္းရပ္စ္ ဆိုးဆိုးရြားရြားကူးစက္မႈမျဖစ္ေစရန္ စည္းမ်ဥ္းစည္းကမ္းမ်ားကို တင္းက်ပ္ထားဆဲျဖစ္ပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 + nineteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...