HomeTechဥရောပနိုင်ငံများနှင့် 5G အင်တာနက်ဆက်သွယ်ရေး။

ဥရောပနိုင်ငံများနှင့် 5G အင်တာနက်ဆက်သွယ်ရေး။

- Advertisement -

ဥရောပကော်မတီက ဥရောပနိုင်ငံတွေမှာ အရည်အသွေးကောင်းမွန်တဲ့ မြန်နှုန်းမြင့် 5G အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်မယ့် ကုမ္ပဏီတွေနဲ့ ဖြစ်နိုင်ရင် အလျင်အမြန်  လက်တွဲလိုတယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ လပိုင်းအတွင်းမှာ ဥရောပနိုင်ငံတွေဟာ တရုတ်နိုင်ငံအခြေစိုက် အင်တာနက်ဆက်သွယ်ရေး  ဝန်ဆောင်မှုပေးတဲ့ Huawei ကုမ္ပဏီကနေ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာ ကိရိယာတွေကို ဝယ်ယူအသုံးပြုခြင်းကို ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ Huawei ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ခဲ့ရတဲ့  အကြောင်းအရင်းကတော့ Huawei ကုမ္ပဏီဟာ ဥရောပနိုင်ငံတွေကို  ဆက်သွယ်ရေးကိရိယာတွေ  ရောင်းချခြင်းကနေ နိုင်ငံရေးအချက်အလက်တွေကို ခိုးယူပြီး တရုတ်ပြည်သူအစိုးရအဖွဲ့ကို အဆိုပါအချက်အလက်တွေ ရောင်းချနေတယ်လို့ သံသယဝင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

- Advertisement -

လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာတော့ ဥရောပသမဂ္ဂအဖွဲ့အစည်းက အင်တာနက်ဆက်သွယ်မှုကနေတဆင့်  နိုုင်ငံရေးဆိုင်ရာ လျှို့ဝှက်ထားရမယ့် အချက်အလက်တွေကို မပေါက်ကြားစေဖို့အတွက် အဆင့်မြင့်ပြီး  ယုံကြည်စိတ်ချရတဲ့ 5G အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုကို  ပေးစွမ်းနိုင်တဲ့  နည်းပညာကုမ္ပဏီတွေနဲ ့ လက်တွဲဆောင်ရွက်ဖို့ အတိအလင်း  ကြေငြာခဲ့ပါတယ်။ လုံခြုံရေးအဆင့်မြင့်ထားတဲ့ နည်းပညာတွေကို   အသုံးပြုခြင်းက စီးပွါးရေးတိုးတက်မှုနဲ့ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုတွေ  များပြားလာဖို့အတွက်  အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါတယ်။

- Advertisement -

ဥရောပသမဂ္ဂအဖွဲ့အစည်းက စီမံအုပ်ချုပ်သူက “ဥရောပနိုင်ငံ ၂၇ နိုင်ငံဟာ  အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်တဲ့ နည်းပညာကုမ္ပဏီတွေနဲ့ လျင်မြန်စွာ  လက်တွဲလိုပါတယ်။ အဆိုပါကမ်းလှမ်းမှုဟာ ယုံကြည်စိတ်ချလို့ရတဲ့ မိုဘိုင်းအင်တာနက်ဆက်သွယ်ရေး  ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီအများအပြားအတွက်လည်း အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

ဥရောပသမဂ္ဂအဖွဲ့အစည်းက ဥရောပနိုင်ငံ ၁၃ နိုင်ငံကို နိုင်ငံရပ်ခြားက အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်လိုသူတွေကို မကြာမီအချိန်အတွင်းမှာ  သေချာစွာစစ်ဆေးပြီး  လက်တွဲဖို့အတွက် တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။ စေ့စပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ခြင်းဟာ  ဥရောပအစိုးရအဖွဲ့ကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဦးဆောင်အုပ်ချုပ်ရေးနဲ့  ဘဏ္ဍာရေးကဏ္ဍကိုပါ ချုပ်ကိုင်နိုင်လာမယ်လို့ ယူဆလို့ရပါတယ်။

ပြင်သစ်နိုင်ငံမှာကတော့ အစိုးရအဖွဲ့အာဏာပိုင်တွေဟာလည်း နိုင်ငံအတွင်းမှာရှိတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေကို  တရုတ်နိုင်ငံအခြေစိုက် အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ ပစ္စည်းကိရိယာတွေထုတ်လုပ်တဲ့ Huawei ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ဖို့အတွက် သတိပေးခဲ့ပါတယ်။

<Unicode Version>

 

 

ဥေရာပႏိုင္ငံမ်ားႏွင့္ 5G အင္တာနက္ဆက္သြယ္ေရး။

ဥေရာပေကာ္မတီက ဥေရာပႏိုင္ငံေတြမွာ အရည္အေသြးေကာင္းမြန္တဲ့ ျမန္ႏႈန္းျမင့္ 5G အင္တာနက္ဆက္သြယ္ေရး ဝန္ေဆာင္မႈေပးႏိုင္မယ့္ ကုမၸဏီေတြနဲ႔ ျဖစ္ႏိုင္ရင္ အလ်င္အျမန္  လက္တြဲလိုတယ္လို႔ ေၾကျငာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ လပိုင္းအတြင္းမွာ ဥေရာပႏိုင္ငံေတြဟာ တ႐ုတ္ႏိုင္ငံအေျခစိုက္ အင္တာနက္ဆက္သြယ္ေရး  ဝန္ေဆာင္မႈေပးတဲ့ Huawei ကုမၸဏီကေန အင္တာနက္ဆက္သြယ္ေရးဆိုင္ရာ ကိရိယာေတြကို ဝယ္ယူအသံုးျပဳျခင္းကို ရပ္ဆိုင္းပစ္ခဲ့ပါတယ္။ Huawei ကုမၸဏီနဲ႔ လက္တြဲျဖဳတ္ခဲ့ရတဲ့  အေၾကာင္းအရင္းကေတာ့ Huawei ကုမၸဏီဟာ ဥေရာပႏိုင္ငံေတြကို  ဆက္သြယ္ေရးကိရိယာေတြ  ေရာင္းခ်ျခင္းကေန ႏိုင္ငံေရးအခ်က္အလက္ေတြကို ခိုးယူၿပီး တ႐ုတ္ျပည္သူအစိုးရအဖြဲ႔ကို အဆိုပါအခ်က္အလက္ေတြ ေရာင္းခ်ေနတယ္လို႔ သံသယဝင္ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလမွာေတာ့ ဥေရာပသမဂၢအဖြဲ႔အစည္းက အင္တာနက္ဆက္သြယ္မႈကေနတဆင့္  ႏိုုင္ငံေရးဆိုင္ရာ လွ်ိဳ႕ဝွက္ထားရမယ့္ အခ်က္အလက္ေတြကို မေပါက္ၾကားေစဖို႔အတြက္ အဆင့္ျမင့္ၿပီး  ယံုၾကည္စိတ္ခ်ရတဲ့ 5G အင္တာနက္ဆက္သြယ္ေရး ဝန္ေဆာင္မႈကို  ေပးစြမ္းႏိုင္တဲ့  နည္းပညာကုမၸဏီေတြနဲ ႔ လက္တြဲေဆာင္ရြက္ဖို႔ အတိအလင္း  ေၾကျငာခဲ့ပါတယ္။ လံုျခံဳေရးအဆင့္ျမင့္ထားတဲ့ နည္းပညာေတြကို   အသံုးျပဳျခင္းက စီးပြါးေရးတိုးတက္မႈနဲ႔ ေကာင္းမြန္တဲ့ ယွဥ္ၿပိဳင္မႈေတြ  မ်ားျပားလာဖို႔အတြက္  အခြင့္အေရးေကာင္းတစ္ခု ျဖစ္ပါတယ္။

ဥေရာပသမဂၢအဖြဲ႔အစည္းက စီမံအုပ္ခ်ဳပ္သူက “ဥေရာပႏိုင္ငံ ၂၇ ႏိုင္ငံဟာ  အမ်ိဳးသားလံုျခံဳေရးနဲ႔ ပတ္သက္ၿပီး စိတ္ခ်ရတဲ့ အင္တာနက္ဆက္သြယ္ေရး ဝန္ေဆာင္မႈေတြ ေပးစြမ္းႏိုင္တဲ့ နည္းပညာကုမၸဏီေတြနဲ႔ လ်င္ျမန္စြာ  လက္တြဲလိုပါတယ္။ အဆိုပါကမ္းလွမ္းမႈဟာ ယံုၾကည္စိတ္ခ်လို႔ရတဲ့ မိုဘိုင္းအင္တာနက္ဆက္သြယ္ေရး  ဝန္ေဆာင္မႈေပးႏိုင္တဲ့ ကုမၸဏီအမ်ားအျပားအတြက္လည္း အခြင့္အေရးေကာင္းတစ္ခုလည္း ျဖစ္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

ဥေရာပသမဂၢအဖြဲ႔အစည္းက ဥေရာပႏိုင္ငံ ၁၃ ႏိုင္ငံကို ႏိုင္ငံရပ္ျခားက အင္တာနက္ဆက္သြယ္ေရး ဝန္ေဆာင္မႈဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြျပဳလုပ္လိုသူေတြကို မၾကာမီအခ်ိန္အတြင္းမွာ  ေသခ်ာစြာစစ္ေဆးၿပီး  လက္တြဲဖို႔အတြက္ တိုက္တြန္းထားတယ္လို႔လည္း သိရပါတယ္။ ေစ့စပ္တဲ့စစ္ေဆးမႈေတြျပဳလုပ္ျခင္းဟာ  ဥေရာပအစိုးရအဖြဲ႔ကို ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ပတ္သက္ၿပီး ဦးေဆာင္အုပ္ခ်ဳပ္ေရးနဲ႔  ဘ႑ာေရးက႑ကိုပါ ခ်ဳပ္ကိုင္ႏိုင္လာမယ္လို႔ ယူဆလို႔ရပါတယ္။

ျပင္သစ္ႏိုင္ငံမွာကေတာ့ အစိုးရအဖြဲ႔အာဏာပိုင္ေတြဟာလည္း ႏိုင္ငံအတြင္းမွာရွိတဲ့ ဆက္သြယ္ေရးကုမၸဏီေတြကို  တ႐ုတ္ႏိုင္ငံအေျခစိုက္ အင္တာနက္ဆက္သြယ္ေရး ဝန္ေဆာင္မႈဆိုင္ရာ ပစၥည္းကိရိယာေတြထုတ္လုပ္တဲ့ Huawei ကုမၸဏီနဲ႔ လက္တြဲျဖဳတ္ဖို႔အတြက္ သတိေပးခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ E&T

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read