HomeOther"COVID-19 ရောဂါပိုးမရှိကြောင်း"အတည်ပြု ကျန်းမာရေးလက်မှတ်အတုတွေ ထုတ်ပေးခဲ့တဲ့ အာရှနိုင်ငံများ။

“COVID-19 ရောဂါပိုးမရှိကြောင်း”အတည်ပြု ကျန်းမာရေးလက်မှတ်အတုတွေ ထုတ်ပေးခဲ့တဲ့ အာရှနိုင်ငံများ။

- Advertisement -

COVID-19 ရောဂါဟာ အချိန်တိုအတွင်းမှာ တစ်ကမ္ဘာလုံးအထိ ပျံ့နှံ့စေခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူနဲ့  ရောဂါပိုးကြောင့်သေဆုံးရသူ အများအပြားရှိခဲ့ပါတယ်။ COVID-19 ရောဂါကြောင့် ကမ္ဘတစ်ဝှမ်း ကုန်စည်စီးဆင်းမှုဟာလည်း နှောင့်နှေးသွားပြီး စီးပွါးရေးအခြေအနေဟာလည်း ယိုယွင်းလာပါတယ်။ ဒါ့အပြင် လူတော်တော်များများဟာလည်း အလုပ်လက်မဲ့ဘဝကို ရောက်ရှိလာကြပါတယ်။

ကမ္ဘာတစ်ဝှမ်းက ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ရောဂါပိုးကူးစက်မှုကို လျော့ချနိုင်ဖို့အတွက် တစ်နိုင်ငံကနေ နောက်တစ်နိုင်ငံဆီသို့ ကူးသန်းသွားလာခွင့်တွေကို ယာယီပိတ်ပင်တားမြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အရေးကြီးကိစ္စကြောင့် ကူးသန်းသွားလာခွင့်ရခဲ့ရင်တောင် သွားလိုတဲ့နိုင်ငံအတွင်းသို့မဝင်ရောက်မီ “Covid-19 ရောဂါပိုး”ရှိ/မရှိ စစ်ဆေးချက်ကို ပြသရတာပဲဖြစ်ပါတယ်။

- Advertisement -

ဘာကြောင့် ဒုက္ခရောက်စေသလဲဆိုတော့ မသမာသူတွေက ထုတ်ပေးလိုက်တဲ့ ကျန်းမာရေးလက်မှတ်အတုကို ကိုင်ဆောင်လာတဲ့ ခရီးသွားမှာ ရောဂါပိုးရှိနေမယ်ဆိုရင် သူ့နဲ့ထိတွေ့ဆက်ဆံသူတွေကို  ရောဂါပိုးကူးစက်စေနိုင်ပြီး ခရီးသွားရာဇဝင်ကိုလည်း မသိနိုင်တော့တာကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်တွေကို ထပ်ပြီးဆုံးရှုံးရဦးမှာပဲဖြစ်ပါတယ်။

- Advertisement -

- Advertisement -

၂၀၂၀ ခုနှစ် ဧပြီလအတွင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာနေထိုင်တဲ့ အသက်၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Phitchayaphat Somsri ဆိုသူဟာ ပုဂ္ဂလိကပိုင်နဲ့ အစိုးရပိုင် ဆေးရုံတွေက အသုံးပြုတဲ့ တရားဝင်တံဆိပ်တွေကို ကူးချပြီး “Covid-19 ရောဂါပိုးမရှိကြောင်း”အတည်ပြုထားတဲ့ ကျန်းမာရေးလက်မှတ်တုတွေကို ဘတ် ၁ဝဝဝ ဖြင့်ရောင်းချခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မှာနေထိုင်တဲ့ အသက်၄၅ နှစ်အရွယ် ဆေးရုံပိုင်ရှင်ဖြစ်သူ Mohammed Shahed  ဟာလည်း ရောဂါပိုးရှိ/မရှိ လာရောက်စစ်ဆေးသူ ထောင်ပေါင်းများစွာသော လူနာတွေကို စစ်မှန်တဲ့ဆေးစစ်ချက်တွေ မပြုလုပ်ပေးဘဲ “Covid-19 ရောဂါပိုးမရှိကြောင်း” အတည်ပြုထားတဲ့ လက်မှတ်အတုတွေ ထုတ်လုပ်ပေးခဲ့တယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရဲတပ်ဖွဲ့က သိပြီးနောက်မှာတော့ Mohammed Shahed ကို ထိန်းသိမ်းဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် အာရှနိုင်ငံတွထဲမှာ Covid-19 ရောဂါဝေဒနာခံစားနေရသူ အများအပြားရှိနေဆဲဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း အဆိုပါ ကျန်းမာရေးလက်မှတ်အတုတွေကို ထုတ်လုပ်ရောင်းချပေးတဲ့သူတွေကိုလည်း ဖိလစ်ပိုင်နိုင်ငံ ရဲအရာရှိများက ထိန်းသိမ်းဖမ်းဆီးခဲ့ရပါတယ်။

ခုလိုမျိုးအခြေအနေမှာ အခွင့်ကောင်းယူပြီး ကျန်းမာရေးဆိုင်ရာ လက်မှတ်အတုတွေကို အမြတ်ထုတ်  ရောင်းချသူတွေအတွက်တော့ အကျိုးအမြတ်ရှိခဲ့ပေမယ့် အခြားသော တိုင်းသူပြည်သားတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်တော့ အကြီးအကျယ် ဒုက္ခရောက်စေခဲ့ပါတယ်။

<Unicode Version>

 

 

“COVID-19 ေရာဂါပိုးမရွိေၾကာင္း”အတည္ျပဳ က်န္းမာေရးလက္မွတ္အတုေတြ ထုတ္ေပးခဲ့တဲ့ အာရွႏိုင္ငံမ်ား။

COVID-19 ေရာဂါဟာ အခ်ိန္တိုအတြင္းမွာ တစ္ကမာၻလံုးအထိ ပ်ံ႕ႏွံ႔ေစခဲ့ၿပီး ေရာဂါပိုးကူးစက္ခံရသူနဲ႔  ေရာဂါပိုးေၾကာင့္ေသဆံုးရသူ အမ်ားအျပားရွိခဲ့ပါတယ္။ COVID-19 ေရာဂါေၾကာင့္ ကမၻတစ္ဝွမ္း ကုန္စည္စီးဆင္းမႈဟာလည္း ေႏွာင့္ေႏွးသြားၿပီး စီးပြါးေရးအေျခအေနဟာလည္း ယိုယြင္းလာပါတယ္။ ဒါ့အျပင္ လူေတာ္ေတာ္မ်ားမ်ားဟာလည္း အလုပ္လက္မဲ့ဘဝကို ေရာက္ရွိလာၾကပါတယ္။

ကမာၻတစ္ဝွမ္းက က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြက ေရာဂါပိုးကူးစက္မႈကို ေလ်ာ့ခ်ႏိုင္ဖို႔အတြက္ တစ္ႏိုင္ငံကေန ေနာက္တစ္ႏိုင္ငံဆီသို႔ ကူးသန္းသြားလာခြင့္ေတြကို ယာယီပိတ္ပင္တားျမစ္ခဲ့ရပါတယ္။ ဒါ့အျပင္ အေရးႀကီးကိစၥေၾကာင့္ ကူးသန္းသြားလာခြင့္ရခဲ့ရင္ေတာင္ သြားလိုတဲ့ႏိုင္ငံအတြင္းသို႔မဝင္ေရာက္မီ “Covid-19 ေရာဂါပိုး”ရွိ/မရွိ စစ္ေဆးခ်က္ကို ျပသရတာပဲျဖစ္ပါတယ္။

ဘာေၾကာင့္ ဒုကၡေရာက္ေစသလဲဆိုေတာ့ မသမာသူေတြက ထုတ္ေပးလိုက္တဲ့ က်န္းမာေရးလက္မွတ္အတုကို ကိုင္ေဆာင္လာတဲ့ ခရီးသြားမွာ ေရာဂါပိုးရွိေနမယ္ဆိုရင္ သူ႔နဲ႔ထိေတြ႕ဆက္ဆံသူေတြကို  ေရာဂါပိုးကူးစက္ေစႏိုင္ၿပီး ခရီးသြားရာဇဝင္ကိုလည္း မသိႏိုင္ေတာ့တာေၾကာင့္ တန္ဖိုးရွိတဲ့ လူ႔အသက္ေတြကို ထပ္ၿပီးဆံုး႐ႈံးရဦးမွာပဲျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္ ဧၿပီလအတြင္းမွာ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာေနထိုင္တဲ့ အသက္၂၄ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Phitchayaphat Somsri ဆိုသူဟာ ပုဂၢလိကပိုင္နဲ႔ အစိုးရပိုင္ ေဆး႐ံုေတြက အသံုးျပဳတဲ့ တရားဝင္တံဆိပ္ေတြကို ကူးခ်ၿပီး “Covid-19 ေရာဂါပိုးမရွိေၾကာင္း”အတည္ျပဳထားတဲ့ က်န္းမာေရးလက္မွတ္တုေတြကို ဘတ္ ၁၀၀ဝ ျဖင့္ေရာင္းခ်ခဲ့တာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံ Dhaka မွာေနထိုင္တဲ့ အသက္၄၅ ႏွစ္အရြယ္ ေဆး႐ံုပိုင္ရွင္ျဖစ္သူ Mohammed Shahed  ဟာလည္း ေရာဂါပိုးရွိ/မရွိ လာေရာက္စစ္ေဆးသူ ေထာင္ေပါင္းမ်ားစြာေသာ လူနာေတြကို စစ္မွန္တဲ့ေဆးစစ္ခ်က္ေတြ မျပဳလုပ္ေပးဘဲ “Covid-19 ေရာဂါပိုးမရွိေၾကာင္း” အတည္ျပဳထားတဲ့ လက္မွတ္အတုေတြ ထုတ္လုပ္ေပးခဲ့တယ္ဆိုတာကို ဘဂၤလားေဒ့ရွ္ႏိုင္ငံက ရဲတပ္ဖြဲ႔က သိၿပီးေနာက္မွာေတာ့ Mohammed Shahed ကို ထိန္းသိမ္းဖမ္းဆီးခဲ့ပါတယ္။

ဒါ့အျပင္ အာရွႏိုင္ငံတြထဲမွာ Covid-19 ေရာဂါေဝဒနာခံစားေနရသူ အမ်ားအျပားရွိေနဆဲျဖစ္တဲ့ ဖိလစ္ပိုင္ႏိုင္ငံမွာလည္း အဆိုပါ က်န္းမာေရးလက္မွတ္အတုေတြကို ထုတ္လုပ္ေရာင္းခ်ေပးတဲ့သူေတြကိုလည္း ဖိလစ္ပိုင္ႏိုင္ငံ ရဲအရာရွိမ်ားက ထိန္းသိမ္းဖမ္းဆီးခဲ့ရပါတယ္။

ခုလိုမ်ိဳးအေျခအေနမွာ အခြင့္ေကာင္းယူၿပီး က်န္းမာေရးဆိုင္ရာ လက္မွတ္အတုေတြကို အျမတ္ထုတ္  ေရာင္းခ်သူေတြအတြက္ေတာ့ အက်ိဳးအျမတ္ရွိခဲ့ေပမယ့္ အျခားေသာ တိုင္းသူျပည္သားေတြနဲ႔ က်န္းမာေရးဝန္ေဆာင္မႈေပးတဲ့ က်န္းမာေရးဝန္ထမ္းေတြအတြက္ေတာ့ အႀကီးအက်ယ္ ဒုကၡေရာက္ေစခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ Elitereaders

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read