HomeOtherပြည်တွင်းကူးစက်မှုပြန်လည်တွေ့ရှိရပြီးနောက် ဗီယက်နမ်အစိုးရရဲ့ဆောင်ရွက်မှုများ။

ပြည်တွင်းကူးစက်မှုပြန်လည်တွေ့ရှိရပြီးနောက် ဗီယက်နမ်အစိုးရရဲ့ဆောင်ရွက်မှုများ။

- Advertisement -

ဗီယက်နမ်နိုင်ငံအတွင်း၌ ရက်ပေါင်း (၁၀၀) ကြာမြင့်သည်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိခဲ့ပေမယ့် ပြည်တွင်းကူးစက်မှု (၃) ယောက် ပြန်လည်တွေ့ရှိရသည့်နောက် အစိုးရဘက်မှ လုပ်ဆောင်စရာရှိသည်များကို အလျင်အမြန်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါတယ်။ ပြည်တွင်းကူးစက်မှု (၃) ယောက် ထပ်မံပေါ်ထွက်လာခြင်းကြောင့် ခရီးသွားအများအပြားရောက်ရှိနေရာ ဒါနန်းမြို့တွင်းမှ အပန်းဖြေစခန်း၌ နေထိုင်သူများနဲ့ ခရီးသွား (၈၀,၀၀၀) ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရှိရပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc ကလည်း အသစ်ပြန်လည်တွေ့ရှိရသည့် လူနာ (၃) ယောက်နဲ့ ထိတွေ့ခဲ့သူများကို အမြန်ဆုံးနောက်ကြောင်းပြန်လိုက်ရန်ညွှန်ကြားထားပြီး ဒါနန်းမြို့ကို အဝင်အထွက်  ပြုလုပ်နိုင်မည့် နေရာအားလုံးကိုလည်း ပိတ်ချလိုက်ပြီဖြစ်ပါတယ်။ သို့ဖြစ်ရာ နောက်ထပ် (၄) ရက်အတွင်း ဒါနန်းမြို့မှ နိုင်ငံတွင်းရှိ (၁၁) မြို့ကိုသွားရောက်လည်ပတ်မည့် ခရီးသွားအားလုံးကိုလည်း မိမိအိမ်သို့ပြန်စေကာ (၁၄) ရက်လုုံးလုံး အိမ်အတွင်း၌ပင်သီးခြားနေထိုင်ရန်ညွှန်ကြားထားပါတယ်။ ဒေသအာဏာပိုင်များကလည်း Social Distancing စည်းမျဉ်းစည်းကမ်းအပေါ် ပြည်သူများအပြည့်အဝလိုက်နာရန်၊ လူစည်ကားရာနေရာများ၌ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန်နဲ့ လူပေါင်း (၃၀) နဲ့အထက် စုဝေးခြင်းမပြုရန် သတိပေးကြေညာချက် ထုတ်ထားပါတယ်။

- Advertisement -

- Advertisement -

ဗီယက်နမ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ထိန်းချုပ်သည့်နေရာ၌ နိုင်ငံတကာရဲ့ ချီးကျူးမှုကိုပါ ခံယူခဲ့ရပြီး ပြီးခဲ့သည့်ဧပြီလအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း (၃၀၀) သာရှိကာ သေဆုံးသူတစ်ယောက်မျှမရှိခဲ့ကြောင်းသိရှိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်သည့်အတွက် နိုင်ငံအတွင်းနေရာအနှံ့၌ လူအများပုံမှန်အတိုင်း ဥဒဟိုသွားလာခဲ့ကြပြီး ပြည်တွင်းဘောလုံးပွဲများကိုလည်း ပြန်လည်ကစားခွင့်ပြုခဲ့ပေမယ့် လက်ရှိအချိန်၌မူ ပြည်တွင်းကူးစက်မှုပြန်လည်တွေ့ရှိခဲ့ရခြင်းကြောင့် ရေရှည်၌ ဆိုးဆိုးရွားရွားကူးစက်ပျံ့နှံ့ခြင်းမဖြစ်စေရန် ယခုကဲ့သို့အစီအမံများကို ထိထိရောက်ရောက် လုပ်ဆောင်နေကြခြင်းလည်း ဖြစ်ပါတယ်။

<Unicode Version>

 

 

ျပည္တြင္းကူးစက္မႈျပန္လည္ေတြ႕ရွိရၿပီးေနာက္ ဗီယက္နမ္အစိုးရရဲ႕ေဆာင္ရြက္မႈမ်ား။

ဗီယက္နမ္ႏိုင္ငံအတြင္း၌ ရက္ေပါင္း (၁၀၀) ၾကာျမင့္သည္အထိ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈမရွိခဲ့ေပမယ့္ ျပည္တြင္းကူးစက္မႈ (၃) ေယာက္ ျပန္လည္ေတြ႕ရွိရသည့္ေနာက္ အစိုးရဘက္မွ လုပ္ေဆာင္စရာရွိသည္မ်ားကို အလ်င္အျမန္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရွိရပါတယ္။ ျပည္တြင္းကူးစက္မႈ (၃) ေယာက္ ထပ္မံေပၚထြက္လာျခင္းေၾကာင့္ ခရီးသြားအမ်ားအျပားေရာက္ရွိေနရာ ဒါနန္းၿမိဳ႕တြင္းမွ အပန္းေျဖစခန္း၌ ေနထိုင္သူမ်ားနဲ႔ ခရီးသြား (၈၀,၀၀၀) ကို ေဘးလြတ္ရာသို႔ေရႊ႕ေျပာင္းေပးခဲ့ေၾကာင္း သိရွိရပါတယ္။

- Advertisement -

ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ Nguyen Xuan Phuc ကလည္း အသစ္ျပန္လည္ေတြ႕ရွိရသည့္ လူနာ (၃) ေယာက္နဲ႔ ထိေတြ႕ခဲ့သူမ်ားကို အျမန္ဆုံးေနာက္ေၾကာင္းျပန္လိုက္ရန္ညႊန္ၾကားထားၿပီး ဒါနန္းၿမိဳ႕ကို အဝင္အထြက္  ျပဳလုပ္ႏုိင္မည့္ ေနရာအားလုံးကိုလည္း ပိတ္ခ်လိုက္ၿပီျဖစ္ပါတယ္။ သို႔ျဖစ္ရာ ေနာက္ထပ္ (၄) ရက္အတြင္း ဒါနန္းၿမိဳ႕မွ ႏိုင္ငံတြင္းရွိ (၁၁) ၿမိဳ႕ကိုသြားေရာက္လည္ပတ္မည့္ ခရီးသြားအားလုံးကိုလည္း မိမိအိမ္သို႔ျပန္ေစကာ (၁၄) ရက္လုံုးလုံး အိမ္အတြင္း၌ပင္သီးျခားေနထိုင္ရန္ညႊန္ၾကားထားပါတယ္။ ေဒသအာဏာပိုင္မ်ားကလည္း Social Distancing စည္းမ်ဥ္းစည္းကမ္းအေပၚ ျပည္သူမ်ားအျပည့္အဝလိုက္နာရန္၊ လူစည္ကားရာေနရာမ်ား၌ ႏွာေခါင္းစည္းမျဖစ္မေနတပ္ဆင္ရန္နဲ႔ လူေပါင္း (၃၀) နဲ႔အထက္ စုေဝးျခင္းမျပဳရန္ သတိေပးေၾကညာခ်က္ ထုတ္ထားပါတယ္။

ဗီယက္နမ္ႏိုင္ငံအေနျဖင့္ ကိုရိုနာဗုိင္းရပ္စ္ကို ကာကြယ္ထိန္းခ်ဳပ္သည့္ေနရာ၌ ႏုိင္ငံတကာရဲ႕ ခ်ီးက်ဴးမႈကိုပါ ခံယူခဲ့ရၿပီး ၿပီးခဲ့သည့္ဧၿပီလအတြင္း၌ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံရသူေပါင္း (၃၀၀) သာရွိကာ ေသဆံုးသူတစ္ေယာက္မွ်မရွိခဲ့ေၾကာင္းသိရွိရပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ကို ထိန္းခ်ဳပ္ႏုိင္သည့္အတြက္ ႏုိင္ငံအတြင္းေနရာအႏွံ႔၌ လူအမ်ားပုံမွန္အတိုင္း ဥဒဟိုသြားလာခဲ့ၾကၿပီး ျပည္တြင္းေဘာလံုးပြဲမ်ားကိုလည္း ျပန္လည္ကစားခြင့္ျပဳခဲ့ေပမယ့္ လက္ရွိအခ်ိန္၌မူ ျပည္တြင္းကူးစက္မႈျပန္လည္ေတြ႕ရွိခဲ့ရျခင္းေၾကာင့္ ေရရွည္၌ ဆိုးဆိုးရြားရြားကူးစက္ပ်ံ႕ႏွံ႔ျခင္းမျဖစ္ေစရန္ ယခုကဲ့သို႔အစီအမံမ်ားကို ထိထိေရာက္ေရာက္ လုပ္ေဆာင္ေနၾကျခင္းလည္း ျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Elitereaders

#HM(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fifteen + two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...