HomeSportယူနိုက်တက်ထံပြောင်းရွှေ့ခွင့်မရမည်ကိုစိုးရိမ်နေသည့် ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမား။

ယူနိုက်တက်ထံပြောင်းရွှေ့ခွင့်မရမည်ကိုစိုးရိမ်နေသည့် ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမား။

- Advertisement -

အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်သည် ကလပ်အသင်းဘက်မှ မိမိအတွက် သတ်မှတ်ထားသော ပြောင်းရွှေ့ကြေးပမာဏကြောင့် ယူနိုက်တက်အသင်းထံ  ပြောင်းရွှေ့ခွင့်မရမည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရပါတယ်။ ဂရီလစ်ရှ်သည် အက်စတွန်ဗီလာအသင်းကို ပရီးမီးယားလိဂ်၌ တန်းကျန်ရစ်ရန် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် လက်ရှိနွေရာသီအပြောင်းအရွှေ့၌ အသင်းမှထွက်ခွာရန် ပစ်မှတ်ထားနေသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဂရီလစ်ရှ်အနေဖြင့် အနာဂတ်အင်္ဂလန်လက်ရွေးစင်အသင်း၌ ပါဝင်ကစားခွင့်ရရှိရန်ပစ်မှတ်ထားနေရာ မိမိရဲ့ရည်မှန်းချက်များ ပြည့်မြောက်ရန်အတွက် အက်စတွန်ဗီလာအသင်းကို စွန့်ခွာချိန်တန်ပြီဟု စဉ်းစားထားကြောင်း The Sun သတင်းစာကဖော်ပြခဲ့ပါတယ်။ အသက် (၂၄) နှစ်အရွယ် ဂရီလစ်ရှ်ကို ယူနိုက်တက်အသင်းက ကာလရှည်စောင့်ကြည့်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ အဆိုပါကစားသမားကို ခေါ်ယူရန် ယူနိုက်တက်အသင်းအပြင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကပါ စိတ်ဝင်စားလျက်ရှိပါတယ်။ ဒါပေမယ့် ဂရီလစ်ရှ်အတွက် အက်စတွန်ဗီလာအသင်း သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀) ဆိုသည့်ပမာဏက ကလပ်အသင်းများအတွက် ပေးချေရန်ခက်ခဲနိုင်ဖွယ်ရှိပြီး ယူနိုက်တက်အသင်းထံ  ပြောင်းရွှေ့လိုနေသည့် ကာယကံရှင်ကစားသမားကိုယ်တိုင်ကလည်း သူ့အတွက်  ပေးချေရမည့်  ပြောင်းရွှေ့ကြေးပမာဏမြင့်မားနေမှုကြာင့် အသင်းပြောင်းမည့်အစီအစဉ်ပျက်ပြယ်မည်ကို စိုးရိမ်မကင်း  ဖြစ်နေပါတယ်။

- Advertisement -

ဂရီလစ်ရှ်သည် အက်စတွန်ဗီလာအသင်းတန်းဆင်းသွားခဲ့သည့်တိုင် အသင်းအတွက် သစ္စာရှိရှိ ကစားပေးခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်၌မူ သူ့ရဲ့အနာဂတ်အတွက် အသင်းကိုစွန့်ခွာရန် စိတ်အားထက်သန်လာခြင်းလည်းဖြစ်ပါတယ်။ ဂရီလစ်ရှ်နဲ့အက်စတွန်ဗီလာအသင်းတို့အကြား စာချုပ်သက်တမ်း (၃) နှစ်ကျန်ရှိနေပြီး ယူနိုက်တက်အသင်းကလည်း ဦးစားပေးပစ်မှတ် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့သည်ဖြစ်စေ ဒါမှမဟုတ် မခေါ်ယူနိုင်ခဲ့သည်ဖြစ်စေ ဆန်ချိုနဲ့အပြောင်းအရွှေ့ကိစ္စ ရှင်းရှင်းလင်းလင်းဖြစ်သွားချိန်၌ ဂရီလစ်ရှ်ကို ခေါ်ယူရန် သေချာပေါက်ကြိုးစားလာမည်ဟု သတင်းများက  ဖော်ပြလျက်ရှိပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

ယူႏိုက္တက္ထံေျပာင္းေရႊ႕ခြင့္မရမည္ကိုစိုးရိမ္ေနသည့္ ပရီးမီးယားလိဂ္ၾကယ္ပြင့္ကစားသမား။

အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္သည္ ကလပ္အသင္းဘက္မွ မိမိအတြက္ သတ္မွတ္ထားေသာ ေျပာင္းေရႊ႕ေၾကးပမာဏေၾကာင့္ ယူႏိုက္တက္အသင္းထံ  ေျပာင္းေရႊ႕ခြင့္မရမည္ကို စိုးရိမ္ပူပန္လ်က္ရွိေၾကာင္း သိရွိရပါတယ္။ ဂရီလစ္ရွ္သည္ အက္စတြန္ဗီလာအသင္းကို ပရီးမီးယားလိဂ္၌ တန္းက်န္ရစ္ရန္ စြမ္းေဆာင္ႏိုင္ခဲ့ၿပီးေနာက္ လက္ရွိေႏြရာသီအေျပာင္းအေရႊ႕၌ အသင္းမွထြက္ခြာရန္ ပစ္မွတ္ထားေနသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ဂရီလစ္ရွ္အေနျဖင့္ အနာဂတ္အဂၤလန္လက္ေရြးစင္အသင္း၌ ပါဝင္ကစားခြင့္ရရွိရန္ပစ္မွတ္ထားေနရာ မိမိရဲ႕ရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ရန္အတြက္ အက္စတြန္ဗီလာအသင္းကို စြန္႔ခြာခ်ိန္တန္ၿပီဟု စဥ္းစားထားေၾကာင္း The Sun သတင္းစာကေဖာ္ျပခဲ့ပါတယ္။ အသက္ (၂၄) ႏွစ္အရြယ္ ဂရီလစ္ရွ္ကို ယူႏိုက္တက္အသင္းက ကာလရွည္ေစာင့္ၾကည့္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္၌ အဆိုပါကစားသမားကို ေခၚယူရန္ ယူႏိုက္တက္အသင္းအျပင္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကပါ စိတ္ဝင္စားလ်က္ရွိပါတယ္။ ဒါေပမယ့္ ဂရီလစ္ရွ္အတြက္ အက္စတြန္ဗီလာအသင္း သတ္မွတ္ထားသည့္ ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၈၀) ဆိုသည့္ပမာဏက ကလပ္အသင္းမ်ားအတြက္ ေပးေခ်ရန္ခက္ခဲႏိုင္ဖြယ္ရွိၿပီး ယူႏိုက္တက္အသင္းထံ  ေျပာင္းေရႊ႕လိုေနသည့္ ကာယကံရွင္ကစားသမားကိုယ္တိုင္ကလည္း သူ႕အတြက္  ေပးေခ်ရမည့္  ေျပာင္းေရႊ႕ေၾကးပမာဏျမင့္မားေနမႈၾကာင့္ အသင္းေျပာင္းမည့္အစီအစဥ္ပ်က္ျပယ္မည္ကုိ စိုးရိမ္မကင္း  ျဖစ္ေနပါတယ္။

ဂရီလစ္ရွ္သည္ အက္စတြန္ဗီလာအသင္းတန္းဆင္းသြားခဲ့သည့္တိုင္ အသင္းအတြက္ သစၥာရွိရွိ ကစားေပးခဲ့သည့္ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္၌မူ သူ႕ရဲ႕အနာဂတ္အတြက္ အသင္းကိုစြန္႔ခြာရန္ စိတ္အားထက္သန္လာျခင္းလည္းျဖစ္ပါတယ္။ ဂရီလစ္ရွ္နဲ႔အက္စတြန္ဗီလာအသင္းတို႔အၾကား စာခ်ဳပ္သက္တမ္း (၃) ႏွစ္က်န္ရွိေနၿပီး ယူႏိုက္တက္အသင္းကလည္း ဦးစားေပးပစ္မွတ္ ဆန္ခ်ိဳကို ေခၚယူႏုိင္ခဲ့သည္ျဖစ္ေစ ဒါမွမဟုတ္ မေခၚယူႏုိင္ခဲ့သည္ျဖစ္ေစ ဆန္ခ်ိဳနဲ႔အေျပာင္းအေရႊ႕ကိစၥ ရွင္းရွင္းလင္းလင္းျဖစ္သြားခ်ိန္၌ ဂရီလစ္ရွ္ကို ေခၚယူရန္ ေသခ်ာေပါက္ႀကိဳးစားလာမည္ဟု သတင္းမ်ားက  ေဖာ္ျပလ်က္ရွိပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read