HomeBanking & FinanceHuawei ရဲ့အဓိကပုဂ္ဂိုလ်ကို အကွက်ကျကျလုပ်ကြံခဲ့သည်ဟု စွပ်စွဲခံနေရသည့် HSBC ဘဏ်။

Huawei ရဲ့အဓိကပုဂ္ဂိုလ်ကို အကွက်ကျကျလုပ်ကြံခဲ့သည်ဟု စွပ်စွဲခံနေရသည့် HSBC ဘဏ်။

- Advertisement -

တရုတ်နာမည်ကြီးကုမ္ပဏီ Huawie ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် Meng Wanzhou ဖမ်းဆီးခံရသည့်ကိစ္စ၌ နာမည်ကျော် HSBC ရင်းနှီးမြှုပ်နှံမှုဘဏ်က ပါဝင်ပတ်သက်နေသည်ဆိုသည့်သတင်းများကို HSBC ဘက်က တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရပါတယ်။ Meng အနေဖြင့် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်ရဲ့ဖမ်းဝရမ်းဖြင့် ဗန်ကူးဗားအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

Meng သည် Huawei ကုမ္ပဏီနဲ့ အီရန်နိုင်ငံတွင်းလည်ပတ်နေသောကုမ္ပဏီတစ်ခုရဲ့ ဆက်ဆံရေးနဲ့ပတ်သက်၍ HSBC ဘဏ်ကိုလိမ်လည်ခဲ့သည်ဆိုသောစွပ်စွဲချက်ဖြင့် အမေရိကန်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌မူ HSBC ဘဏ်က “Huawei ကုမ္ပဏီကို အမေရိကန်ဘက်က စုံစမ်းစစ်ဆေးနေတာနဲ့ပတ်သက်လို့ HSBC ဘက်က ဘာမှပါဝင်ပတ်သက်ခဲ့တာမျိုးမရှိပါဘူး။” ဟု တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး HSBC အနေဖြင့် Huawei ကုမ္ပဏီနဲ့ပတ်သက်၍ မကောင်းသည့်အကြံအစည်မရှိကြောင်းလည်း ဆိုခဲ့ပါတယ်။

ဆက်လက်၍လည်း “HSBC အနေနဲ့ အမေရိကန်တရားစီရင်ရေးက  တောင်းဆိုလာတဲ့ သတင်းအချက်အလက်တွေကိုပဲ ပေးခဲ့တာဖြစ်ပြီး ထိမ်ချန်ထားတာမျိုး ဒါမှမဟုတ် မဟုတ်မမှန် စွပ်စွဲခဲ့တာမျိုး မရှိပါဘူး။ တကယ်လို့ ကျွန်တော်တို့ဘက်က အဲ့ဒီလိုလုပ်ခဲ့ရင် ကျွန်တော်တို့ရဲ့ဖောက်သည်တွေကိုပဲ ထိခိုက်စေမှာပါ။” ဟုလည်း ကြေညာခဲ့ပါတယ်။ တရုတ်ပြည်သူ့နေ့စဉ်သတင်းစာရဲ့ဖော်ပြချက်အရ HSBC အနေဖြင့် Huawei ရဲ့ အီရန်နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများကိုရိပ်မိခဲ့ပြီး ယခုကဲ့သို့ဖြစ်လာရန်အတွက် ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်တည်းက အကွက်ကျကျကြိုတင်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည့်အပေါ် HSBC ဘဏ်မှ ယခုကဲ့သို့ ပြန်လည်ဖြေရှင်းနေရခြင်းလည်းဖြစ်ပါတယ်။

- Advertisement -

ဒါ့အပြင် တရုတ်မီဒီယာအများအပြားကလည်း HSBC ဘဏ်ကို အလားတူစွပ်စွဲမှုမျိုးပြုလုပ်ခဲ့ကြပြီး Huawei ရဲ့ အဓိကပုဂ္ဂိုလ်ဖမ်းဆီးခံရသည့်ဖြစ်စဉ်၌ HSBC က ပါဝင်ပတ်သက်နေသည်ဟု တထစ်ချယုံကြည်နေကြပါတယ်။ Meng အနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အမေရိကန်နိုင်ငံထံသို့လွှဲပြောင်းခံခဲ့ရပေမယ့် သူမထံ၌ အပြစ်မရှိကြောင်း အခိုင်အမာထွက်ဆိုထားပြီး ဖမ်းဆီးခံရသည့်နေ့ရက်မှစတင်၍ လက်ရှိအချိန်အထိ နေအိမ်အကျယ်ချုပ် ကျခံနေရကြောင်းသိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

 

Huawei ရဲ႕အဓိကပုဂၢိဳလ္ကို အကြက္က်က်လုပ္ႀကံခဲ့သည္ဟု စြပ္စြဲခံေနရသည့္ HSBC ဘဏ္။

တရုတ္နာမည္ႀကီးကုမၸဏီ Huawie ရဲ႕ ဘ႑ာေရးအမႈေဆာင္အရာရွိခ်ဳပ္ Meng Wanzhou ဖမ္းဆီးခံရသည့္ကိစၥ၌ နာမည္ေက်ာ္ HSBC ရင္းႏွီးျမွဳပ္ႏွံမႈဘဏ္က ပါဝင္ပတ္သက္ေနသည္ဆိုသည့္သတင္းမ်ားကို HSBC ဘက္က တရားဝင္ေၾကညာခ်က္ထုတ္ျပန္ၿပီး ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရွိရပါတယ္။ Meng အေနျဖင့္ ၿပီးခဲ့သည့္ (၂၀၁၈) ခုႏွစ္၊ ဒီဇင္ဘာလတြင္ အေမရိကန္ရဲ႕ဖမ္းဝရမ္းျဖင့္ ဗန္ကူးဗားအျပည္ျပည္ဆုိင္ရာေလဆိပ္၌ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရျခင္းလည္း ျဖစ္ပါတယ္။

Meng သည္ Huawei ကုမၸဏီနဲ႔ အီရန္ႏိုင္ငံတြင္းလည္ပတ္ေနေသာကုမၸဏီတစ္ခုရဲ႕ ဆက္ဆံေရးနဲ႔ပတ္သက္၍ HSBC ဘဏ္ကိုလိမ္လည္ခဲ့သည္ဆုိေသာစြပ္စြဲခ်က္ျဖင့္ အေမရိကန္အာဏာပိုင္မ်ားက ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္၌မူ HSBC ဘဏ္က “Huawei ကုမၸဏီကို အေမရိကန္ဘက္က စုံစမ္းစစ္ေဆးေနတာနဲ႔ပတ္သက္လို႔ HSBC ဘက္က ဘာမွပါဝင္ပတ္သက္ခဲ့တာမ်ိဳးမရွိပါဘူး။” ဟု တရားဝင္ ထုတ္ျပန္ေၾကညာခဲ့ၿပီး HSBC အေနျဖင့္ Huawei ကုမၸဏီနဲ႔ပတ္သက္၍ မေကာင္းသည့္အႀကံအစည္မရွိေၾကာင္းလည္း ဆိုခဲ့ပါတယ္။

ဆက္လက္၍လည္း “HSBC အေနနဲ႔ အေမရိကန္တရားစီရင္ေရးက  ေတာင္းဆိုလာတဲ့ သတင္းအခ်က္အလက္ေတြကိုပဲ ေပးခဲ့တာျဖစ္ၿပီး ထိမ္ခ်န္ထားတာမ်ိဳး ဒါမွမဟုတ္ မဟုတ္မမွန္ စြပ္စြဲခဲ့တာမ်ိဳး မရွိပါဘူး။ တကယ္လို႔ ကြ်န္ေတာ္တို႔ဘက္က အဲ့ဒီလိုလုပ္ခဲ့ရင္ ကြ်န္ေတာ္တို႔ရဲ႕ေဖာက္သည္ေတြကိုပဲ ထိခိုက္ေစမွာပါ။” ဟုလည္း ေၾကညာခဲ့ပါတယ္။ တရုတ္ျပည္သူ႔ေန႔စဥ္သတင္းစာရဲ႕ေဖာ္ျပခ်က္အရ HSBC အေနျဖင့္ Huawei ရဲ႕ အီရန္ႏိုင္ငံတြင္း စီးပြားေရးလုပ္ငန္းမ်ားကိုရိပ္မိခဲ့ၿပီး ယခုကဲ့သုိ႔ျဖစ္လာရန္အတြက္ ၿပီးခဲ့သည့္ (၂၀၁၂) ခုႏွစ္တည္းက အကြက္က်က်ႀကိဳတင္ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း စြပ္စြဲခဲ့သည့္အေပၚ HSBC ဘဏ္မွ ယခုကဲ့သို႔ ျပန္လည္ေျဖရွင္းေနရျခင္းလည္းျဖစ္ပါတယ္။

ဒါ့အျပင္ တရုတ္မီဒီယာအမ်ားအျပားကလည္း HSBC ဘဏ္ကို အလားတူစြပ္စြဲမႈမ်ိဳးျပဳလုပ္ခဲ့ၾကၿပီး Huawei ရဲ႕ အဓိကပုဂၢိဳလ္ဖမ္းဆီးခံရသည့္ျဖစ္စဥ္၌ HSBC က ပါဝင္ပတ္သက္ေနသည္ဟု တထစ္ခ်ယုံၾကည္ေနၾကပါတယ္။ Meng အေနျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ အေမရိကန္ႏိုင္ငံထံသို႔လႊဲေျပာင္းခံခဲ့ရေပမယ့္ သူမထံ၌ အျပစ္မရွိေၾကာင္း အခိုင္အမာထြက္ဆိုထားၿပီး ဖမ္းဆီးခံရသည့္ေန႔ရက္မွစတင္၍ လက္ရွိအခ်ိန္အထိ ေနအိမ္အက်ယ္ခ်ဳပ္ က်ခံေနရေၾကာင္းသိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

Source ~ Business Times

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshareကံ႕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...