HomeSportနွေရာသီအပြောင်းအရွှေ့၌ ပေါင်သန်းရာနဲ့ချီရင်းနှီးမြှုပ်နှံရန်လိုအပ်သည့် ယူနိုက်တက်။

နွေရာသီအပြောင်းအရွှေ့၌ ပေါင်သန်းရာနဲ့ချီရင်းနှီးမြှုပ်နှံရန်လိုအပ်သည့် ယူနိုက်တက်။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်းဂယ်ရီနဗီးလ်က ယူနိုက်တက်အနေဖြင့် လာမယ့်နွေရာသီအပြောင်းအရွှေ့၌ ပေါင်သန်း (၁၇၀) အထိ ရင်းနှီးမြှုပ်နှံရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုက်ပါတယ်။ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် (၂၀၁၉-၂၀၂၀) ခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ယူနိုက်တက်အသင်းက အမှတ်ပေးဇယား အဆင့် (၃) နေရာ၌ ရာသီသိမ်းနိုင်ခဲ့ကာ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။

အဆိုပါအနေအထား၌ ယူနိုက်တက်အသင်းအနေဖြင့် အသင်းရဲ့ ကစားသမားအင်အားကို မဖြစ်မနေ အင်အားဖြည့်တင်းရန် လိုအပ်လာပြီး ဂယ်ရီနဗီးလ်က ယခုကဲ့သို့တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်က “လက်စတာနဲ့ပွဲမှာ ယူနိုက်တက်ကစားသမားတွေက ပွဲပြီးဖို့ မိနစ် (၂၀) လောက်လိုတော့ချိန်မှာ လုံးဝကိုအားကုန်သွားပြီး ဒီအချက်ကအသင်းရဲ့လူစာရင်းမှာ ကစားသမားသစ်တွေ ထပ်မံဖြည့်တင်းဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေပါတယ်။ ယူနိုက်တက်တို့ နောက်ဆုံးအကြိမ် အဆင့် (၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီးတဲ့နွေရာသီဖြစ်တဲ့ နည်းပြဟောင်းမော်ရင်ဟိုလက်ထက်မှာ ပေါင်သန်း (၁၇၀) အထိ အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ဒီလောက်မသုံးခဲ့ပါဘူး။”

- Advertisement -

“ကျွန်တော့်စိတ်ထင် ယူနိုက်တက်တို့ ဒီလောက်ပမာဏကို ပြန်လည်ရင်းနှီးမြှုပ်နှံသင့်ပြီး လီဗာပူး၊ မန်စီးတီးတို့လို မှန်မှန်ကန်ကန်သုံးစွဲနိုင်ဖို့လည်း လိုအပ်ပါတယ်။ အသင်းရဲ့လက်ရှိကစားသမားစာရင်းက တိုးတက်နေဆဲပါ။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းသည်  ဒေါ့မွန်အသင်းရဲ့  တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူရန် အဓိကဦးစားပေးပစ်မှတ်ထားလျက်ရှိပြီး အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ကိုခေါ်ယူရန်အတွက်လည်း စိတ်ဝင်စားနေကြောင်း သတင်းများကျယ်လောင်စွာထွက်ပေါ်လျက်ရှိပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

 

ေႏြရာသီအေျပာင္းအေရႊ႕၌ ေပါင္သန္းရာနဲ႔ခ်ီရင္းႏွီးျမွဳပ္ႏွံရန္လိုအပ္သည့္ ယူႏုိက္တက္။

ယူႏိုက္တက္အသင္းရဲ႕ ဂႏၱဝင္အသင္းေခါင္းေဆာင္ေဟာင္းဂယ္ရီနဗီးလ္က ယူႏိုက္တက္အေနျဖင့္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ ေပါင္သန္း (၁၇၀) အထိ ရင္းႏွီးျမွဳပ္ႏွံရန္လိုအပ္ေၾကာင္း တိုက္တြန္းေျပာၾကားလိုက္ပါတယ္။ က်င္းပၿပီးစီးခဲ့ၿပီျဖစ္သည့္ (၂၀၁၉-၂၀၂၀) ခုႏွစ္ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ၌ ယူႏိုက္တက္အသင္းက အမွတ္ေပးဇယား အဆင့္ (၃) ေနရာ၌ ရာသီသိမ္းႏိုင္ခဲ့ကာ လာမယ့္ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ကို ရရွိခဲ့ၿပီလည္းျဖစ္ပါတယ္။

အဆုိပါအေနအထား၌ ယူႏိုက္တက္အသင္းအေနျဖင့္ အသင္းရဲ႕ ကစားသမားအင္အားကို မျဖစ္မေန အင္အားျဖည့္တင္းရန္ လိုအပ္လာၿပီး ဂယ္ရီနဗီးလ္က ယခုကဲ့သို႔တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ ဂယ္ရီနဗီးလ္က “လက္စတာနဲ႔ပြဲမွာ ယူႏိုက္တက္ကစားသမားေတြက ပြဲၿပီးဖို႔ မိနစ္ (၂၀) ေလာက္လိုေတာ့ခ်ိန္မွာ လုံးဝကိုအားကုန္သြားၿပီး ဒီအခ်က္ကအသင္းရဲ႕လူစာရင္းမွာ ကစားသမားသစ္ေတြ ထပ္မံျဖည့္တင္းဖို႔ လိုအပ္ေနတယ္ဆိုတာကို ျပသေနပါတယ္။ ယူႏိုက္တက္တုိ႔ ေနာက္ဆံုးအႀကိမ္ အဆင့္ (၃) ေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီးတဲ့ေႏြရာသီျဖစ္တဲ့ နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္မွာ ေပါင္သန္း (၁၇၀) အထိ အသံုးျပဳခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ဒီေလာက္မသံုးခဲ့ပါဘူး။”

“ကြ်န္ေတာ့္စိတ္ထင္ ယူႏိုက္တက္တို႔ ဒီေလာက္ပမာဏကို ျပန္လည္ရင္းႏွီးျမွဳပ္ႏွံသင့္ၿပီး လီဗာပူး၊ မန္စီးတီးတို႔လို မွန္မွန္ကန္ကန္သုံးစြဲႏိုင္ဖို႔လည္း လိုအပ္ပါတယ္။ အသင္းရဲ႕လက္ရွိကစားသမားစာရင္းက တိုးတက္ေနဆဲပါ။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းသည္  ေဒါ့မြန္အသင္းရဲ႕  ေတာင္ပံကစားသမား ဆန္ခ်ိဳကိုေခၚယူရန္ အဓိကဦးစားေပးပစ္မွတ္ထားလ်က္ရွိၿပီး အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ကိုေခၚယူရန္အတြက္လည္း စိတ္ဝင္စားေနေၾကာင္း သတင္းမ်ားက်ယ္ေလာင္စြာထြက္ေပၚလ်က္ရွိပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read