HomeTechဂြိုဟ်တုလွှတ်တင်နိုင်သည့် အာဆီယံနိုင်ငံများစာရင်း၌ ပါဝင်လာသည့် မြန်မာနိုင်ငံ။

ဂြိုဟ်တုလွှတ်တင်နိုင်သည့် အာဆီယံနိုင်ငံများစာရင်း၌ ပါဝင်လာသည့် မြန်မာနိုင်ငံ။

- Advertisement -

မြန်မာနိုင်ငံအနေဖြင့် ဘေးအန္တရာယ်ပေါင်းများစွာကို ကာကွယ်နိုင်ရန်အတွက် ညွှန့်ပေါင်းအဖွဲ့များနဲ့ ပူးပေါင်း၍ သမိုင်းတစ်လျှောက်ပထမဆုံးဂြိုဟ်တုလွှတ်တင်နိုင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ အာဆီယံနိုင်ငံ (၉) နိုင်ငံသည် မုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်ဘေးအန္တရာယ်၊ ရေစီးဆင်းမှုများကို အခြေခံကာ မြေယာအသုံးပြုမှု၊ ကောက်ပဲသီးနှံများရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ ရောဂါဖြစ်ပွားမှုအခြေအနေများကို ခြေရာခံနိုင်ရန်အတွက် ယခုကဲ့သို့ ဂြိုဟ်တုလွှတ်တင်နိုင်ရန် ပူူးပေါင်းစီစဉ်နေခြင်းဖြစ်ပါတယ်။

အဆိုပါနိုင်ငံများ၌ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့လည်းပါဝင်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးဖြစ်သည့် မြန်မာနိုင်ငံက ယခုကဲ့သို့ အာကာသစီးပွားရေးလုပ်ငန်း၌ ပူးပေါင်းပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ အာကာသပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန်အတွက် ဒေါ်လာသန်းနဲ့ချီသုံးစွဲလျက်ရှိကြောင်းလည်း မြန်မာ့လေကြောင်းအင်ဂျင်နီယာတက္ကသိုလ်မှ ပါမောက္ခဦးကြည်သွင်က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်နိုင်မည်ဆိုပါက ယခုထက်ကုန်ကျစရိတ်ပိုမိုနည်းပါးသွားနိုင်ကြောင်း ဦးကြည်သွင်ကဆိုခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာအကူအညီများဖြင့် မြန်မာ့စီးပွားရေးကို တိုးတက်စေမည်ဟုလည်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် အာကာသဆိုင်ရာကိစ္စရပ်များအတွက် လုံလောက်သည့်ဘတ်ဂျက်မရှိသည့်တိုင် နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်များကို အခြေပြုကာ ယခုကဲ့သို့ တိုးတက်လာခဲ့ခြင်းဖြစ်ပြီး ယခုစီမံကိန်းကိုဦးဆောင်နေသည့်ဂျပန်ဌာန (၂) ခုအနက် တစ်ခုဖြစ်သော Hokkaido တက္ကသိုလ်မှ Yukihiro Takahashi က နိုင်ဂျီးရီးယားနိုင်ငံကို အတုယူကာ တန်ဖိုးနည်းပါးသည့် ဂြိုဟ်တုနည်းပညာကို ထုတ်လုပ်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်က ကမ္ဘာလုံးဆိုင်ရာ အယူအဆဖြစ်လာကြောင်း  ပြောကြားခဲ့ပါတယ်။ Takahashi က “ကြီးမားလေးလံပြီး  စျေးကြီးတဲ့အရာတွေကနေ  သေးငယ်ပြီးပေါ့ပါးတဲ့  စျေးသက်သာတဲ့အရာတွေဖြစ်လာပါပြီ။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

ယခုကဲ့သို့ ဂြိုဟ်တုလွှတ်တင်မှုကို နိုင်ငံရပ်ခြား၌ပြုလုပ်မည်ဖြစ်သည့်တိုင် မြန်မာ့မြေပေါ်၌  မြေပြင်ထိန်းချုပ်ရေးစခန်း တည်ဆောက်ကာ ဂျပန်နိုင်ငံနဲ့အတူတကွ လက်တွဲလုပ်ကိုင်သွားမည်လည်း ဖြစ်ပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ ပါဝင်မည့်ယခုစီမံကိန်း၌ မလေးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မွန်ဂိုလီးယားနိုင်ငံတို့လည်း နောက်ပိုင်းတွင်ပါဝင်လာနိုင်ပြီး ယခုစီမံကိန်း၌ အသုံးပြုသွားမည့် ကင်မရာများသည်လည်း မုန်တိုင်းဖြစ်လာနိုင်ချေ သို့မဟုတ် မုန်တိုင်းတိုက်ခတ်နိုင်ချေရှိသည့်နေရာများကို 3D ပုံစံအဖြစ် အသွင်ပြောင်းပြီးပြသနိုင်မည်ဖြစ်ပါတယ်။

- Advertisement -

အာကာသလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုသည် ထိုက်သင့်သလောက်ပြန်ရသည်ဟုဆိုနိုင်ပြီး အမေရိကန်နိုင်ငံအနေဖြင့်လည်း မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းများအတွက် အာကာသအတွင်းသို့ ဂြိုဟ်တုလွှတ်တင်ခြင်းမှတစ်ဆင့် နှစ်စဉ် ဒေါ်လာသန်း (၄၀) ပြန်လည်ရရှိနေကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ယခုအစီအစဉ်ကို (၂၀၂၁) ခုနှစ်အစောပိုင်း၌ အကောင်အထည်ဖော်ရန် ကြိုးစားနေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေဆိပ်များနဲ့နယ်စပ်ဒေသများ ပိတ်ဆို့ထားရသည့်အခြေအနေ၌ အနည်းငယ်နှောင့်နှေးမှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိပါတယ်။

ယခုစီမံကိန်း၌ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ခွင့်ရမည့် အသက် (၄၀) အရွယ် အင်ဂျင်နီယာ သူသူအောင်က “ကျွန်မတို့နိုင်ငံကနေ၊ ကျွန်မတို့တက္ကသိုလ်ကနေ အာကာသထဲကို ဒီလိုမျိုး ဂြိုဟ်တုလွှတ်တင်နိုင်ဖို့ဆိုတာက အားလုံးရဲ့အိပ်မက်တစ်ခုဖြစ်ပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

 

ၿဂိဳဟ္တုလႊတ္တင္ႏုိင္သည့္ အာဆီယံႏုိင္ငံမ်ားစာရင္း၌ ပါဝင္လာသည့္ ျမန္မာႏိုင္ငံ။

ျမန္မာႏိုင္ငံအေနျဖင့္ ေဘးအႏၱရာယ္ေပါင္းမ်ားစြာကို ကာကြယ္ႏိုင္ရန္အတြက္ ညႊန္႔ေပါင္းအဖြဲ႕မ်ားနဲ႔ ပူးေပါင္း၍ သမိုင္းတစ္ေလွ်ာက္ပထမဆံုးၿဂိဳဟ္တုလႊတ္တင္ႏိုင္ရန္ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ အာဆီယံႏိုင္ငံ (၉) ႏိုင္ငံသည္ မုန္တိုင္းတိုက္ခတ္ျခင္း၊ ငလ်င္ေဘးအႏၱရာယ္၊ ေရစီးဆင္းမႈမ်ားကို အေျခခံကာ ေျမယာအသံုးျပဳမႈ၊ ေကာက္ပဲသီးႏွံမ်ားရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈနဲ႔ ေရာဂါျဖစ္ပြားမႈအေျခအေနမ်ားကို ေျခရာခံႏိုင္ရန္အတြက္ ယခုကဲ့သို႔ ၿဂိဳဟ္တုလႊတ္တင္ႏိုင္ရန္ ပူူးေပါင္းစီစဥ္ေနျခင္းျဖစ္ပါတယ္။

- Advertisement -

အဆုိပါႏုိင္ငံမ်ား၌ ဖိလစ္ပိုင္၊ ဗီယက္နမ္နဲ႔ အင္ဒိုနီးရွားႏုိင္ငံတို႔လည္းပါဝင္ၿပီး စီးပြားေရးအရ ဖြံ႕ၿဖိဳးတိုးတက္မႈအနည္းဆံုးျဖစ္သည့္ ျမန္မာႏိုင္ငံက ယခုကဲ့သို႔ အာကာသစီးပြားေရးလုပ္ငန္း၌ ပူးေပါင္းပါဝင္လာျခင္းပဲ ျဖစ္ပါတယ္။ အာကာသပတ္ဝန္းက်င္ကို စူးစမ္းေလ့လာရန္အတြက္ ေဒၚလာသန္းနဲ႔ခ်ီသံုးစြဲလ်က္ရွိေၾကာင္းလည္း ျမန္မာ့ေလေၾကာင္းအင္ဂ်င္နီယာတကၠသိုလ္မွ ပါေမာကၡဦးၾကည္သြင္က ေျပာၾကားခဲ့ပါတယ္။ ျမန္မာႏိုင္ငံအေနျဖင့္ ကိုယ္ပိုင္အာကာသစခန္း တည္ေဆာက္ႏိုင္မည္ဆုိပါက ယခုထက္ကုန္က်စရိတ္ပိုမိုနည္းပါးသြားႏုိင္ေၾကာင္း ဦးၾကည္သြင္ကဆိုခဲ့ၿပီး နည္းပညာပိုင္းဆိုင္ရာအကူအညီမ်ားျဖင့္ ျမန္မာ့စီးပြားေရးကို တုိးတက္ေစမည္ဟုလည္း ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံအေနျဖင့္ အာကာသဆိုင္ရာကိစၥရပ္မ်ားအတြက္ လုံေလာက္သည့္ဘတ္ဂ်က္မရွိသည့္တိုင္ နည္းပညာပိုင္းဆိုင္ရာတိုးတက္မႈမ်ားနဲ့ ပူးေပါင္းေဆာင္ရြက္မႈစိတ္ဓာတ္မ်ားကို အေျချပဳကာ ယခုကဲ့သုိ႔ တိုးတက္လာခဲ့ျခင္းျဖစ္ၿပီး ယခုစီမံကိန္းကိုဦးေဆာင္ေနသည့္ဂ်ပန္ဌာန (၂) ခုအနက္ တစ္ခုျဖစ္ေသာ Hokkaido တကၠသိုလ္မွ Yukihiro Takahashi က ႏိုင္ဂ်ီးရီးယားႏုိင္ငံကို အတုယူကာ တန္ဖိုးနည္းပါးသည့္ ၿဂိဳဟ္တုနည္းပညာကို ထုတ္လုပ္ႏုိင္ရန္ဆိုသည့္ ရည္ရြယ္ခ်က္က ကမာၻလုံးဆိုင္ရာ အယူအဆျဖစ္လာေၾကာင္း  ေျပာၾကားခဲ့ပါတယ္။ Takahashi က “ႀကီးမားေလးလံၿပီး  ေစ်းႀကီးတဲ့အရာေတြကေန  ေသးငယ္ၿပီးေပါ့ပါးတဲ့  ေစ်းသက္သာတဲ့အရာေတြျဖစ္လာပါၿပီ။” ဟု ေျပာၾကားခဲ့ပါတယ္။

ယခုကဲ့သို႔ ၿဂိဳဟ္တုလႊတ္တင္မႈကို ႏိုင္ငံရပ္ျခား၌ျပဳလုပ္မည္ျဖစ္သည့္တိုင္ ျမန္မာ့ေျမေပၚ၌  ေျမျပင္ထိန္းခ်ဳပ္ေရးစခန္း တည္ေဆာက္ကာ ဂ်ပန္ႏိုင္ငံနဲ႔အတူတကြ လက္တြဲလုပ္ကိုင္သြားမည္လည္း ျဖစ္ပါတယ္။ ဗီယက္နမ္၊ ဖိလစ္ပိုင္၊ အင္ဒိုနီးရွားတို႔ ပါဝင္မည့္ယခုစီမံကိန္း၌ မေလးရွား၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္နဲ႔ မြန္ဂိုလီးယားႏုိင္ငံတို႔လည္း ေနာက္ပိုင္းတြင္ပါဝင္လာႏုိင္ၿပီး ယခုစီမံကိန္း၌ အသံုးျပဳသြားမည့္ ကင္မရာမ်ားသည္လည္း မုန္တိုင္းျဖစ္လာႏိုင္ေခ် သို႔မဟုတ္ မုန္တိုင္းတိုက္ခတ္ႏိုင္ေခ်ရွိသည့္ေနရာမ်ားကို 3D ပုံစံအျဖစ္ အသြင္ေျပာင္းၿပီးျပသႏိုင္မည္ျဖစ္ပါတယ္။

အာကာသလုပ္ငန္းမ်ား၌ ရင္းႏွီးျမွဳပ္ႏွံမႈသည္ ထိုက္သင့္သေလာက္ျပန္ရသည္ဟုဆိုႏိုင္ၿပီး အေမရိကန္ႏိုင္ငံအေနျဖင့္လည္း မိမိတို႔ရဲ႕ စီးပြားေရးလုပ္ငန္းမ်ားအတြက္ အာကာသအတြင္းသို႔ ၿဂိဳဟ္တုလႊတ္တင္ျခင္းမွတစ္ဆင့္ ႏွစ္စဥ္ ေဒၚလာသန္း (၄၀) ျပန္လည္ရရွိေနေၾကာင္း သိရွိရပါတယ္။ ျမန္မာႏိုင္ငံအေနျဖင့္ ယခုအစီအစဥ္ကို (၂၀၂၁) ခုႏွစ္အေစာပိုင္း၌ အေကာင္အထည္ေဖာ္ရန္ ႀကိဳးစားေနေသာ္လည္း ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေလဆိပ္မ်ားနဲ႔နယ္စပ္ေဒသမ်ား ပိတ္ဆို႔ထားရသည့္အေျခအေန၌ အနည္းငယ္ေႏွာင့္ေႏွးမႈမ်ားျဖစ္ေပၚလာႏိုင္ဖြယ္ရွိပါတယ္။

ယခုစီမံကိန္း၌ ျမန္မာႏိုင္ငံကိုယ္စားျပဳအေနျဖင့္ ပါဝင္ခြင့္ရမည့္ အသက္ (၄၀) အရြယ္ အင္ဂ်င္နီယာ သူသူေအာင္က “ကြ်န္မတို႔ႏိုင္ငံကေန၊ ကြ်န္မတို႔တကၠသိုလ္ကေန အာကာသထဲကို ဒီလိုမ်ိဳး ၿဂိဳဟ္တုလႊတ္တင္ႏိုင္ဖို႔ဆိုတာက အားလုံးရဲ႕အိပ္မက္တစ္ခုျဖစ္ပါတယ္။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Bangkok Post

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...