HomeBanking & Financeစံချိန်တင်မြင့်တက်လာသည့် ကမ္ဘာ့ရွှေစျေး။
စံချိန်တင်မြင့်တက်လာသည့် ကမ္ဘာ့ရွှေစျေး။
- Advertisement -
တရုတ်နဲ့အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုမြင့်တက်လာခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တိုးပွားလာခြင်းနဲ့ ဝါရှင်တန်မှလှုံ့ဆော်မှုဆိုင်ရာဥပဒေပြဌာန်းမှုများ တိုးတက်မှုမရှိခြင်းက ကမ္ဘာ့ရွှေစျေးကို အကြီးအကျယ် ရိုက်ခတ်စေခဲ့ပြီး ပြီးခဲ့သည့်တနင်္လာနေ့၌ ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့် (၂၀၁၁) ခုနှစ်၌ ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာ (၁,၉၂၁.၁၈)  ကို  ကျော်လွန်ကာ တနင်္လာနေ့က ကမ္ဘာ့ရွှေစျေးဒေါ်လာ (၁,၉၄၄.၇၁) အထိ မြင့်တက်သွားခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်၌ ရင်းနှီးမြှုပ်နှံသူများသည် ဗဟိုဘဏ်ရဲ့မူဝါဒဆိုင်ရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို  စောင့်ကြည့်လျက်ရှိနေပြီး 2nd Quarter အတွင်း အမေရိကန်နိုင်ငံမှ ပြည်တွင်းထုတ်ကုန်အရေအတွက် ဆိုးဆိုးရွားရွားကျဆင်းသွားခြင်းကြောင့် ဒေါ်လာရောင်းအားများထပ်မံကျဆင်းနိုင်ကြောင်းလည်း ခန့်မှန်းနေကြပါတယ်။ တရုတ်နဲ့အမေရိကန်နိုင်ငံတို့အကြား တင်းမာမှု မြင့်တက်လာခြင်းများကြောင့် ဒေါ်လာစျေး သိသိသာသာ ကျဆင်းလာခဲ့ကာ  ရွှေစျေးက ယခုကဲ့သို့ မြင့်တက်လာခြင်းဖြစ်ပြီး ယူရိုတန်ဖိုးမှာမူ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးတန်ဖိုးအထိ  ရောက်ရှိခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားငွေကြေး ဝမ်နဲ့ အင်ဒိုနီးရှားငွေကြေး ရူပီးယားတို့သည်လည်း တန်ဖိုးမြင့်တက်လာခဲ့ကြောင်း သိရှိရပါတယ်။
စီးပွားရေးလုပ်ငန်းများအပေါ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ အကျိုးသက်ရောက်မှုနည်းပါးသည်ဟု ရင်းနှီးမြှုပ်နှံသူများက ယုံကြည်လျက်ရှိပြီး စတော့ရှယ်ယာစျေးကွက်၌လည်း ရှယ်ယာအများစုရဲ့တန်ဖိုးက ပြန်လည်မြင့်တက်လျက် ရှိပါတယ်။ ဆစ်ဒနီ၊ စင်ကာပူ၊ ဂျာကာတာ၊ ဆိုးလ်နဲ့ တိုင်ပေတို့ရှိ ရှယ်ယာစျေးကွက်များမှာ ကိုယ်စီမြင့်တက်လာခဲ့ကြပြီး တိုကျို၊ ဟောင်ကောင်နဲ့ မွမ်ဘိုင်းတို့မှာမူ အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ဝါရှင်တန်မှပြဌာန်းမည့်ဥပဒေအသစ်ကို သဘောတူညီမှုရရှိရန်အတွက် အချိန်ယူရမည်ဖြစ်ပြီး အဆိုပါအချက်က သန်းနဲ့ချီသောအမေရိကန်နိုင်ငံသား အလုပ်လက်မဲ့များကို အကြီးအကျယ်ရိုက်ခတ်စေနိုင်ကြောင်းလည်း စိုးရိမ်ပူပန်မှုများရှိနေပါတယ်။
- Advertisement -
<Unicode Version>
- Advertisement -
စံချိန်တင်မြင့်တက်လာသည့် ကမ္ဘာ့ရွှေဈေး။
တရုတ်နဲ့အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုမြင့်တက်လာခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တိုးပွားလာခြင်းနဲ့ ဝါရှင်တန်မှလှုံ့ဆော်မှုဆိုင်ရာဥပဒေပြဌာန်းမှုများ တိုးတက်မှုမရှိခြင်းက ကမ္ဘာ့ရွှေဈေးကို အကြီးအကျယ် ရိုက်ခတ်စေခဲ့ပြီး ပြီးခဲ့သည့်တနင်္လာနေ့၌ ကမ္ဘာ့ရွှေဈေးစံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့် (၂၀၁၁) ခုနှစ်၌ ကမ္ဘာ့ရွှေဈေးစံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာ (၁,၉၂၁.၁၈)  ကို  ကျော်လွန်ကာ တနင်္လာနေ့က ကမ္ဘာ့ရွှေဈေးဒေါ်လာ (၁,၉၄၄.၇၁) အထိ မြင့်တက်သွားခဲ့ခြင်းဖြစ်ပါတယ်။
<Zawgyi Version>
- Advertisement -
Source ~ Bangkok Post
#HM(Soshwe)
#soshwebankingandfinance
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
four × five =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...