HomeOtherလူမည်းအမေရိကန်လူမျိုးတွေအပေါ် သဘောအကောင်းဆုံးသော သမ္မတစ်ဦးဖြစ်တယ်လို့ ဆိုလာတဲ့ Donald Trump

လူမည်းအမေရိကန်လူမျိုးတွေအပေါ် သဘောအကောင်းဆုံးသော သမ္မတစ်ဦးဖြစ်တယ်လို့ ဆိုလာတဲ့ Donald Trump

- Advertisement -

အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ဟာ ပြိုင်ဘက်ဒီမိုကရေစီဝါဒီတစ်ဦးဆီကနေ အမေရိကန်ပြည်ထောင်စုမှာ လူမျိုးရေးအခွဲခြားဆုံးသော သမ္မတတစ်ဦးဖြစ်တယ်လို့ အပြစ်တင်ပြောဆိုခြင်းကို  ခံခဲ့ရပါတယ်။ တကယ်တမ်းမှာလည်း သမ္မတကြီး Donald Trump  ဟာ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်း လိင်တူချစ်ကြိုက်သူတွေကို ရှုံ့ချခဲ့တဲ့အပြင် မကြာသေးခင်က  ဖြစ်ပွါးခဲ့တဲ့ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေက အာဏာသုံးသတ်ဖြတ်ခဲ့ခြင်းမှာလည်း အပြစ်မဲ့အသတ်ခံခဲ့ရတဲ့ လူမည်းဘက်ကနေ မရပ်တည်ပေးခဲ့ပါဘူး။

- Advertisement -

၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် သမ္မအသစ်ရွေးကောက်တင်မြောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့်  ဒီမိုကရေစီဝါဒီတစ်ဦးဖြစ်သူ Joe Biden က “အမေရိကန်ပြည်ထောင်စုကို လက်ရှိအုပ်ချုပ်နေတဲ့ သမ္မတကြီး Donald Trump ဟာ Coronavirus ကို ‘China Virus’ လို့ ခေါ်ဆိုခဲ့တာကိုကြည့်ရင် သမ္မတကြီးဟာ  ဘယ်လောက်ထိ လူမျိုးရေးခွဲခြားသလဲဆိုတာကို သိနိုင်ပါတယ်။ သမ္မတကြီးအနေနဲ့  လူတွေရဲ့အသားအရောင်ပေါ်မူတည်ပြီး  ခွဲခြားဆက်ဆံခြင်းဟာ စိတ်ပျက်စရာကောင်းလွန်းလှပါတယ်။  အမေရိကန်ပြည်ထောင်စုမှာ  အုပ်ချုပ်ဦးဆောင်ခဲ့ဖူးတဲ့ ဘယ်သမ္မတကမှ ဒီလောက်ထိ လူမျိုးရေးမခွဲခြားခဲ့ဖူးပါဘူး။” လို့ မဲဆွယ်ပွဲမှာ ဆိုခဲ့ပါတယ်။

- Advertisement -

- Advertisement -

အမေရိကန်သမ္မတကြီး Donald Trump က Joe Biden ရဲ့ ဝေဖန်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ အုပ်ချုပ်ခဲ့တဲ့ သမ္မတတွေအနက် Abraham Lincoln ပြီးရင် Donald Trump ဟာ လူမည်းအမေရိကန်တွေအပေါ် သဘောအကောင်းဆုံးသော  သမ္မတတစ်ဦးဖြစ်တယ်လို့  ခုခံပြောဆိုခဲ့ပါတယ်။  သမ္မတကြီး Donald Trump ရဲ့ မွဲဆွယ်ပွဲဆိုင်ရာအကြံပေးဖြစ်သူ Katrina Pierson က Joe Biden ဟာ အမေရိကန်လူမည်းတွေဆီကနေ အားပေးထောက်ခံမှုကို ရရှိလိုတာကြောင့် သမ္မတကြီးကို လူမျိုးရေးခွဲခြားနေတယ်လို့ အပြစ်တင်ပြောဆိုနေတာဖြစ်ပြီး သမ္မတကြီး Donald Trump ဟာ အမေရိကန်နိုင်ငံသားတိုင်းကို အကောင်းတကာ့ အကောင်းဆုံးတွေ ပေးစွမ်းနိုင်ဖို့အတွက် ကြိုးစားပေးခဲ့တဲ့  သမ္မတတစ်ဦးဖြစ်တယ်လို့ ဆိုလာပါတယ်။

Joe Biden ကတော့ မဲဆွယ်ပွဲတစ်ခုမှာ သူ့ကိုအားပေးထောက်ခံမယ့် လူထုကြီးကို သမ္မတဖြစ်လာတဲ့အခါ အမေရိကန်နိုင်ငံအတွက် သမ္မတအဖြစ် ပထမဦးဆုံးတာဝန်ထမ်းဆောင်ရမယ့် ရက် ၁၀၀ အတွင်းမှာ  လူမျိုးရေးခွဲခြားမှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ အမေရိကန်ပြည်ထောင်စုက မြို့နယ်အသီးသီးမှာ ကြုံတွေ့နေရတဲ့  ရာဇဝတ်မှုတွေကို  ထိရောက်စွာနှိမ်နင်းပေးနိုင်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ လုံခြုံရေးဆိုင်ရာ  ဆောင်ရွက်မှုတွေကို  တိုးမြှင့်ဆောင်ရွက်ပေးသွားမယ်လို့ Donald Trump က ဆိုလာပါတယ်။

ဒီမိုကရေစီဝါဒကို အထူးအားပေးတဲ့ မြို့နယ်တချို့ဟာ မကြာခဏဆိုသလို ရာဇဝတ်မှုတွေကို ကြုံတွေ့နေရတာကြောင့် သမ္မတကြီးက ကမ်းလှမ်းလာတဲ့ အကူအညီကြောင့်  အဆိုပါဒေသတွေမှာရှိတဲ့  တိုင်းသူပြည်သားတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ Donald Trump ကို ထောက်ခံမဲပေးခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုကို တစ်ဖန်ပြန်လည်အုပ်ချုပ်ခွင့် ပေးအပ်ကြမလားဆိုတာကိုတော့  စောင့်ကြည့်ရပါဦးမယ်။

<Unicode Version>

 

 

လူမည္းအေမရိကန္လူမ်ိဳးေတြအေပၚ သေဘာအေကာင္းဆံုးေသာ သမၼတစ္ဦးျဖစ္တယ္လို႔   ဆိုလာတဲ့ Donald Trump

အေမရိကန္ျပည္ေထာင္စုသမၼတ Donald Trump ဟာ ၿပိဳင္ဘက္ဒီမိုကေရစီဝါဒီတစ္ဦးဆီကေန အေမရိကန္ျပည္ေထာင္စုမွာ လူမ်ိဳးေရးအခြဲျခားဆံုးေသာ သမၼတတစ္ဦးျဖစ္တယ္လို႔ အျပစ္တင္ေျပာဆိုျခင္းကို  ခံခဲ့ရပါတယ္။ တကယ္တမ္းမွာလည္း သမၼတႀကီး Donald Trump  ဟာ အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ထမ္းေဆာင္တဲ့အခ်ိန္မွာလည္း လိင္တူခ်စ္ႀကိဳက္သူေတြကို ႐ႈံ႕ခ်ခဲ့တဲ့အျပင္ မၾကာေသးခင္က  ျဖစ္ပြါးခဲ့တဲ့ လူမည္းတစ္ဦးကို ရဲတပ္ဖြဲ႔ဝင္ေတြက အာဏာသံုးသတ္ျဖတ္ခဲ့ျခင္းမွာလည္း အျပစ္မဲ့အသတ္ခံခဲ့ရတဲ့ လူမည္းဘက္ကေန မရပ္တည္ေပးခဲ့ပါဘူး။

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလမွာ က်င္းပမယ့္ သမၼအသစ္ေရြးေကာက္တင္ေျမာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္မယ့္  ဒီမိုကေရစီဝါဒီတစ္ဦးျဖစ္သူ Joe Biden က “အေမရိကန္ျပည္ေထာင္စုကို လက္ရွိအုပ္ခ်ဳပ္ေနတဲ့ သမၼတႀကီး Donald Trump ဟာ Coronavirus ကို ‘China Virus’ လို႔ ေခၚဆိုခဲ့တာကိုၾကည့္ရင္ သမၼတႀကီးဟာ  ဘယ္ေလာက္ထိ လူမ်ိဳးေရးခြဲျခားသလဲဆိုတာကို သိႏိုင္ပါတယ္။ သမၼတႀကီးအေနနဲ႕  လူေတြရဲ႕အသားအေရာင္ေပၚမူတည္ၿပီး  ခြဲျခားဆက္ဆံျခင္းဟာ စိတ္ပ်က္စရာေကာင္းလြန္းလွပါတယ္။  အေမရိကန္ျပည္ေထာင္စုမွာ  အုပ္ခ်ဳပ္ဦးေဆာင္ခဲ့ဖူးတဲ့ ဘယ္သမၼတကမွ ဒီေလာက္ထိ လူမ်ိဳးေရးမခြဲျခားခဲ့ဖူးပါဘူး။” လို႔ မဲဆြယ္ပြဲမွာ ဆိုခဲ့ပါတယ္။

အေမရိကန္သမၼတႀကီး Donald Trump က Joe Biden ရဲ႕ ေဝဖန္မႈကို တံု႔ျပန္တဲ့အေနနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ အုပ္ခ်ဳပ္ခဲ့တဲ့ သမၼတေတြအနက္ Abraham Lincoln ၿပီးရင္ Donald Trump ဟာ လူမည္းအေမရိကန္ေတြအေပၚ သေဘာအေကာင္းဆံုးေသာ  သမၼတတစ္ဦးျဖစ္တယ္လို႔  ခုခံေျပာဆိုခဲ့ပါတယ္။  သမၼတႀကီး Donald Trump ရဲ႕ မြဲဆြယ္ပြဲဆိုင္ရာအၾကံေပးျဖစ္သူ Katrina Pierson က Joe Biden ဟာ အေမရိကန္လူမည္းေတြဆီကေန အားေပးေထာက္ခံမႈကို ရရွိလိုတာေၾကာင့္ သမၼတႀကီးကို လူမ်ိဳးေရးခြဲျခားေနတယ္လို႔ အျပစ္တင္ေျပာဆိုေနတာျဖစ္ၿပီး သမၼတႀကီး Donald Trump ဟာ အေမရိကန္ႏိုင္ငံသားတိုင္းကို အေကာင္းတကာ့ အေကာင္းဆံုးေတြ ေပးစြမ္းႏိုင္ဖို႔အတြက္ ႀကိဳးစားေပးခဲ့တဲ့  သမၼတတစ္ဦးျဖစ္တယ္လို႔ ဆိုလာပါတယ္။

Joe Biden ကေတာ့ မဲဆြယ္ပြဲတစ္ခုမွာ သူ႔ကိုအားေပးေထာက္ခံမယ့္ လူထုႀကီးကို သမၼတျဖစ္လာတဲ့အခါ အေမရိကန္ႏိုင္ငံအတြက္ သမၼတအျဖစ္ ပထမဦးဆံုးတာဝန္ထမ္းေဆာင္ရမယ့္ ရက္ ၁၀၀ အတြင္းမွာ  လူမ်ိဳးေရးခြဲျခားမႈဆိုင္ရာ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔အတြက္ ႀကိဳးပမ္းေဆာင္ရြက္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ အေမရိကန္ျပည္ေထာင္စုက ၿမိဳ႕နယ္အသီးသီးမွာ ၾကံဳေတြ႕ေနရတဲ့  ရာဇဝတ္မႈေတြကို  ထိေရာက္စြာႏွိမ္နင္းေပးႏိုင္ဖို႔အတြက္ အရည္အေသြးျပည့္ဝတဲ့ လံုျခံဳေရးဆိုင္ရာ  ေဆာင္ရြက္မႈေတြကို  တိုးျမႇင့္ေဆာင္ရြက္ေပးသြားမယ္လို႔ Donald Trump က ဆိုလာပါတယ္။

ဒီမိုကေရစီဝါဒကို အထူးအားေပးတဲ့ ၿမိဳ႕နယ္တခ်ိဳ႕ဟာ မၾကာခဏဆိုသလို ရာဇဝတ္မႈေတြကို ၾကံဳေတြ႕ေနရတာေၾကာင့္ သမၼတႀကီးက ကမ္းလွမ္းလာတဲ့ အကူအညီေၾကာင့္  အဆိုပါေဒသေတြမွာရွိတဲ့  တိုင္းသူျပည္သားေတြဟာ လာမယ့္ေရြးေကာက္ပြဲမွာ Donald Trump ကို ေထာက္ခံမဲေပးျခင္းအားျဖင့္ အေမရိကန္ျပည္ေထာင္စုကို တစ္ဖန္ျပန္လည္အုပ္ခ်ဳပ္ခြင့္ ေပးအပ္ၾကမလားဆိုတာကိုေတာ့  ေစာင့္ၾကည့္ရပါဦးမယ္။

<Zawgyi Version>

 

Source ~ Mirror

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read