HomeEducationအိန္ဒိယနိုင်ငံရဲ့ ပညာရေးအခက်အခဲများ။
အိန္ဒိယနိုင်ငံရဲ့ ပညာရေးအခက်အခဲများ။
- Advertisement -
ဒီဆောင်းပါးထဲမှာတော့ အိန္ဒိယနိုင်ငံက ဝေးလံခေါင်သီပြီး ကောင်းမွန်တဲ့ အင်တာနက်ဆက်သွယ်မှု မရရှိတဲ့ ဒေသတွေမှာ နေထိုင်နေရတဲ့ ကျောင်းသူ/ကျောင်းသားအချို့ဟာ ဘယ်လိုမျိုး ပညာရေးအခက်အခဲတွေကို ကြုံတွေ့နေရသလဲဆိုတာကို ဖော်ပြသွားမှာပဲဖြစ်ပါတယ်။
- Advertisement -
အိန္ဒိယနိုင်ငံမှာရှိတဲ့ ဒေသအချို့မှာ ကောင်းမွန်တဲ့ အင်တာနက်ဆက်သွယ်မှုမရှိဘဲ ဘာကြောင့်များ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အင်တာနက်အသုံးပြုသူ ဒုတိယအများဆုံး နိုင်ငံဖြစ်နေရတာလဲ? လို့ မေးခွန်းထုတ်လိုတဲ့ Soshwe စာဖတ်ပရိသတ်ကြီးကိုတော့ “အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ ဒုတိယလူဦးရေအများဆုံး နိုင်ငံဖြစ်တယ်။” လို့ အဖြေပေးရပါမယ်။
- Advertisement -
အခြားသောနိုင်ငံများနည်းတူ အိန္ဒိယနိုင်ငံဟာလည်း ကျောင်းသူ/ကျောင်းသားတွေရဲ့ ပညာသင်ယူမှုခရီးကို မရပ်တန့်စေလိုတာကြောင့် ပညာသင်ယူလိုတဲ့ ကျောင်းသူ/ကျောင်းသားတွေကို အင်တာနက်ကနေတဆင့် စာသင်ကျောင်းတွေနဲ့ချိတ်ဆက်ပြီး ဆက်လက်ပညာသင်ယူနိုင်ဖို့အတွက် စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။
- Advertisement -
မြို့ပြမှာနေထိုင်တဲ့ ကျောင်းသူ/ကျောင်းသားတွေအနေနဲ့ ပညာရေးကို ဆက်လက်သင်ယူဖို့အတွက် ကောင်းမွန်တဲ့ အင်တာနက်ဆက်သွယ်မှုကို ရရှိထားပေမယ့်လည်း ကောင်းမွန်တဲ့ အင်တာနက်ဆက်သွယ်မှု မရရှိတဲ့အပြင် လျှပ်စစ်မီးတောင် အပြည့်အဝမရရှိတဲ့ ဝေလံခေါင်သီဒေသတွေမှာနေထိုင်တဲ့ ကျောင်းသူ/ကျောင်းသားတွေဟာ စာသင်ကျောင်းတွေက ပို့ချနေတဲ့ သင်ခန်းစာတွေကို သင်ယူနိုင်ဖို့အတွက် နေ့စဉ်နဲ့အမျှ အခက်အခဲတွေကို ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံမှာ တစ်အိမ်လုံးမှာမှ ဖုန်းတစ်လုံးသာရှိတဲ့ ဆင်းရဲချို့တဲ့သောမိသားစုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဆိုပါ မိသားစုဝင်တွေထဲမှာ ပညာသင်ယူနေဆဲဖြစ်တဲ့ ကျောင်းသူ/ကျောင်းသားတွေဟာ တစ်အိမ်လုံးမှာ တစ်လုံးသာရှိတဲ့ ဖုန်းတွေကိုအသုံးပြုပြီး အင်တာနက်ကနေတဆင့် ပညာသင်ယူဖို့အတွက် အခက်တွေ့နေရပါတယ်။
ပညာသင်ယူတဲ့အခါမှာတော့ မျက်နှာပြင်ကျယ်တဲ့ ဥပမာ – ကွန်ပြူတာကို အသုံးပြုပြီး ပညာသင်ယူတာက ပိုပြီးထိရောက်မှုရှိပေမယ့် အိန္ဒိယနိုင်ငံက ကျောင်းသူ/ကျောင်းသားအများစုဟာ စျေးပေါပြီး မျက်နှာပြင်သေးတဲ့ ဖုန်းတွေကိုသာအသုံးပြုနေရဆဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့ နဲ့ ပညာရေးဝန်ကြီးဌာနအဖွဲ့တို့ ပူးပေါင်းပြီး အဆိုပါ ပညာရေးဆိုင်ရာ ပြဿနာတွေကို ဘယ်လိုမျိုး ကူညီဖြေရှင်းပေးသွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။
<Unicode Version>
ပညာသင်ယူတဲ့အခါမှာတော့ မျက်နှာပြင်ကျယ်တဲ့ ဥပမာ – ကွန်ပြူတာကို အသုံးပြုပြီး ပညာသင်ယူတာက ပိုပြီးထိရောက်မှုရှိပေမယ့် အိန္ဒိယနိုင်ငံက ကျောင်းသူ/ကျောင်းသားအများစုဟာ ဈေးပေါပြီး မျက်နှာပြင်သေးတဲ့ ဖုန်းတွေကိုသာ အသုံးပြုနေရဆဲ ဖြစ်ပါတယ်။
<Zawgyi Version>
#SY(Soshwe)
#soshweeducation
#soshweforyourdailylife
#likeandshare
- Advertisement -
Must Read