HomeEducationစာသင်ကျောင်းတစ်ချို့ ပြန်လည်ဖွင့်လှစ်ခွင့်မပေးသေးတဲ့ အကြောင်းအရင်း။

စာသင်ကျောင်းတစ်ချို့ ပြန်လည်ဖွင့်လှစ်ခွင့်မပေးသေးတဲ့ အကြောင်းအရင်း။

- Advertisement -

မြန်မာနိုင်ငံအစိုးရအဖွဲ့ဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ကို စာသင်နှစ်အစအဖြစ် သတ်မှတ်ကာ နိုင်ငံအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးဖို့ တရားဝင်ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ ပုဂ္ဂလိကပိုင် စာသင်ကျောင်းတွေနဲ့ ဘာသာရပ်အထူးပြု စာသင်ကျောင်းတွေကို ဖွင့်လှစ်ခွင့်မပေးသေးပါဘူး။

မြန်မာနိုင်ငံမှာ စုစုပေါင်း စာသင်ကျောင်း ၇၀၀၀ ကျော်ရှိတဲ့အနက် ယခုလက်ရှိမှာတော့ ကျောင်းပေါင်း ၃၉၉၉  ကျောင်းက ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးအဖွဲ့အစည်းက အဆိုပါကျောင်းတွေဆီ သွားရောက်ပြီးတော့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်ပြီးမှ ပြန်လည်ဖွင့်လှစ်ခွင့်  ပေးခဲ့တာပဲဖြစ်ပါတယ်။ ကျောင်းပေါင်း ၃၀၀၀ ကျော်ကတော့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးခံပြီးနောက်မှာတော့ လိုအပ်တဲ့ ကျန်းမာရေးကာကွယ်မှုတွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်တာကြောင့် ပြန်လည်ဖွင့်လှစ်ခွင့် မရသေးတာပဲ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနအဖွဲ့ဟာ မြို့နယ်အသီးသီးက တာဝန်ရှိသူတွေအနေနဲ့ ပြန်လည်ဖွင့်လှစ်မယ့် ပုဂ္ဂလိကပိုင် စာသင်ကျောင်းအရေအတွက်ကို စာရင်းတင်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

- Advertisement -

မြန်မာနိုင်ငံ ဆရာများအဖွဲ့ခေါင်းဆောင် ဦးနေဝင်းခိုင်က အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် စာသင်ကျောင်းတွေမှ  ကျောင်းအုပ်တွေအနေနဲ့ ကျောင်းသူ/ကျောင်းသားတွေရော၊ ဆရာ/ဆရာမတွေအတွက်ပါ စိတ်ချယုံကြည်ရတဲ့ ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေကို အပြည့်အဝပေးစွမ်းနိုင်မှသာ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ရမယ်လို့လည်း ဆိုခဲ့ဖူးပါတယ်။

- Advertisement -

ပုဂ္ဂလိကပိုင်စာသင်ကျောင်းများအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသွယ်က လွန်ခဲ့တဲ့နှစ်က  ကောက်ယူထားတဲ့ စစ်တမ်းအရ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် စာသင်ကျောင်းအရေအတွက်ဟာ ၁၀၉၄  ကျောင်းရှိပြီး အဆိုပါစာသင်ကျောင်းတွေဟာလည်း ကျောင်းသူ/ကျောင်းသားတွေနဲ့ ဆရာ/ဆရာမတွေအတွက် လိုအပ်တဲ့ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေကို ပေးနိုင်စွမ်းရှိကြောင်း ဆိုထားပါတယ်။

မြန်မာနိုင်ငံအစိုးရအဖွဲ့ကတော့ ဇူလိုင်လ ၂၁ ရက်နေ့မှာ နိုင်ငံပိုင်စာသင်ကျောင်းတွေကို အထက်တန်းကနေ စတင်ပြီးပြန်လည်ဖွင့်လှစ်မယ်လို့ ကြော်ငြာခဲ့ပါတယ်။ အထက်တန်းပညာသင်သူတွေအတွက် စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပြီး နှစ်ပတ်အကြာမှာတော့ အလယ်တန်းနဲ့ မူလတန်းတွေကို စာသင်ကျောင်းမှာ ပညာပြန်လည်သင်ယူခွင့်ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန်တဲ့ သတင်းပေးပို့ချက်အရ ရောဂါဝေဒနာကြောင့် သေဆုံးသူ ၆ ဦးရှိခဲ့ပြီး ရောဂါဝေဒနာကို ခံစားနေရသူ ၃၄၀ ဦးရှိတဲ့အပြင် ပြန်လည်ကောင်းမွန်လာသူဟာလည်း ၂၆၁ ယောက်ရှိတယ်လို့ သိထားရပါတယ်။ ဒီလိုဆိုတော့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ဖွယ်အခြေအနေမှာ ဆက်လက်တည်ရှိနေဆဲဖြစ်တယ်လို့ ယူဆလို့ရပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးအဖွဲ့အစည်းက စာသင်ကျောင်းတွေမှာ ပညာသင်ယူဖို့ ရောက်ရှိလာမယ့် အထက်တန်းကျောင်းသားတွေကို ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေကို သေချာစွာဆောင်ရွက်ဖို့ သတိပေးတာက လွယ်ကူပေမယ့် အသက်ငယ်တဲ့ ကျောင်းသူ/ကျောင်းသားလေးတွေဟာ ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေကို စနစ်တကျပြုလုပ်နိုင်ပါ့မလား? ဆိုတဲ့မေးခွန်းမျိုးကို ထုတ်နေရဆဲ ဖြစ်ပါတယ်။

<Unicode Version>

 

 

စာသင္ေက်ာင္းတစ္ခ်ိဳ႕ ျပန္လည္ဖြင့္လွစ္ခြင့္မေပးေသးတ့ဲ အေၾကာင္းအရင္း။

- Advertisement -

ျမန္မာႏိုင္ငံအစိုးရအဖြဲ႔ဟာ ၂၀၂၀ ခုႏွစ္ ဇူလိုင္လ ၂၁ ရက္ေန႔ကို စာသင္ႏွစ္အစအျဖစ္ သတ္မွတ္ကာ ႏိုင္ငံအတြင္းမွာရွိတဲ့ စာသင္ေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ေပးဖို႔ တရားဝင္ေၾကျငာခဲ့ပါတယ္။ ဒါေပမယ့္ ဇူလိုင္လ ၁၃ ရက္ေန႔မွာေတာ့ ပုဂၢလိကပိုင္ စာသင္ေက်ာင္းေတြနဲ႔ ဘာသာရပ္အထူးျပဳ စာသင္ေက်ာင္းေတြကို ဖြင့္လွစ္ခြင့္မေပးေသးပါဘူး။

ျမန္မာႏိုင္ငံမွာ စုစုေပါင္း စာသင္ေက်ာင္း ၇၀၀၀ ေက်ာ္ရွိတဲ့အနက္ ယခုလက္ရွိမွာေတာ့ ေက်ာင္းေပါင္း ၃၉၉၉  ေက်ာင္းက ဖြင့္လွစ္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ျမန္မာႏိုင္ငံက်န္းမာေရးအဖြဲ႔အစည္းက အဆိုပါေက်ာင္းေတြဆီ သြားေရာက္ၿပီးေတာ့ က်န္းမာေရးဆိုင္ရာ စစ္ေဆးမႈေတြျပဳလုပ္ၿပီးမွ ျပန္လည္ဖြင့္လွစ္ခြင့္  ေပးခဲ့တာပဲျဖစ္ပါတယ္။ ေက်ာင္းေပါင္း ၃၀၀၀ ေက်ာ္ကေတာ့ က်န္းမာေရးဆိုင္ရာ စစ္ေဆးခံၿပီးေနာက္မွာေတာ့ လိုအပ္တဲ့ က်န္းမာေရးကာကြယ္မႈေတြကို ဆက္လက္လုပ္ေဆာင္ရမွာျဖစ္တာေၾကာင့္ ျပန္လည္ဖြင့္လွစ္ခြင့္ မရေသးတာပဲ ျဖစ္ပါတယ္။

ဇူလိုင္လ ၁၆ ရက္ေန႔မွာေတာ့ ျမန္မာႏိုင္ငံပညာေရးဝန္ႀကီးဌာနအဖြဲ႔ဟာ ၿမိဳ႕နယ္အသီးသီးက တာဝန္ရွိသူေတြအေနနဲ႕ ျပန္လည္ဖြင့္လွစ္မယ့္ ပုဂၢလိကပိုင္ စာသင္ေက်ာင္းအေရအတြက္ကို စာရင္းတင္ေပးဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ဆရာမ်ားအဖြဲ႔ေခါင္းေဆာင္ ဦးေနဝင္းခိုင္က အစိုးရပိုင္နဲ႔ ပုဂၢလိကပိုင္ စာသင္ေက်ာင္းေတြမွ  ေက်ာင္းအုပ္ေတြအေနနဲ႔ ေက်ာင္းသူ/ေက်ာင္းသားေတြေရာ၊ ဆရာ/ဆရာမေတြအတြက္ပါ စိတ္ခ်ယံုၾကည္ရတဲ့ က်န္းမာေရးဆိုင္ရာ ကာကြယ္မႈေတြကို အျပည့္အဝေပးစြမ္းႏိုင္မွသာ စာသင္ေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ခြင့္ရမယ္လို႔လည္း ဆိုခဲ့ဖူးပါတယ္။

ပုဂၢလိကပိုင္စာသင္ေက်ာင္းမ်ားအဖြဲ႔အစည္းရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးသြယ္က လြန္ခဲ့တဲ့ႏွစ္က  ေကာက္ယူထားတဲ့ စစ္တမ္းအရ ျမန္မာႏိုင္ငံမွာ ပုဂၢလိကပိုင္ စာသင္ေက်ာင္းအေရအတြက္ဟာ ၁၀၉၄  ေက်ာင္းရွိၿပီး အဆိုပါစာသင္ေက်ာင္းေတြဟာလည္း ေက်ာင္းသူ/ေက်ာင္းသားေတြနဲ႔ ဆရာ/ဆရာမေတြအတြက္ လိုအပ္တဲ့က်န္းမာေရးဆိုင္ရာ ကာကြယ္မႈေတြကို ေပးႏိုင္စြမ္းရွိေၾကာင္း ဆိုထားပါတယ္။

ျမန္မာႏိုင္ငံအစိုးရအဖြဲ႔ကေတာ့ ဇူလိုင္လ ၂၁ ရက္ေန႔မွာ ႏိုင္ငံပိုင္စာသင္ေက်ာင္းေတြကို အထက္တန္းကေန စတင္ၿပီးျပန္လည္ဖြင့္လွစ္မယ္လို႔ ေၾကာ္ျငာခဲ့ပါတယ္။ အထက္တန္းပညာသင္သူေတြအတြက္ စာသင္ေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ၿပီး ႏွစ္ပတ္အၾကာမွာေတာ့ အလယ္တန္းနဲ႔ မူလတန္းေတြကို စာသင္ေက်ာင္းမွာ ပညာျပန္လည္သင္ယူခြင့္ေပးႏိုင္ဖို႔ စီစဥ္ခဲ့ပါတယ္။

ယခုလက္ရွိ ျမန္မာႏိုင္ငံမွာ ဇူလိုင္လ ၁၈ ရက္ေန႔က ထုတ္ျပန္တဲ့ သတင္းေပးပို႔ခ်က္အရ ေရာဂါေဝဒနာေၾကာင့္ ေသဆံုးသူ ၆ ဦးရွိခဲ့ၿပီး ေရာဂါေဝဒနာကို ခံစားေနရသူ ၃၄၀ ဦးရွိတဲ့အျပင္ ျပန္လည္ေကာင္းမြန္လာသူဟာလည္း ၂၆၁ ေယာက္ရွိတယ္လို႔ သိထားရပါတယ္။ ဒီလိုဆိုေတာ့ က်န္းမာေရးအေျခအေနဟာ စိုးရိမ္ဖြယ္အေျခအေနမွာ ဆက္လက္တည္ရွိေနဆဲျဖစ္တယ္လို႔ ယူဆလို႔ရပါတယ္။

ျမန္မာႏိုင္ငံက်န္းမာေရးအဖြဲ႔အစည္းက စာသင္ေက်ာင္းေတြမွာ ပညာသင္ယူဖို႔ ေရာက္ရွိလာမယ့္ အထက္တန္းေက်ာင္းသားေတြကို က်န္းမာေရးဆိုင္ရာ ကာကြယ္မႈေတြကို ေသခ်ာစြာေဆာင္ရြက္ဖို႔ သတိေပးတာက လြယ္ကူေပမယ့္ အသက္ငယ္တဲ့ ေက်ာင္းသူ/ေက်ာင္းသားေလးေတြဟာ က်န္းမာေရးဆိုင္ရာ ကာကြယ္မႈေတြကို စနစ္တက်ျပဳလုပ္ႏိုင္ပါ့မလား? ဆိုတဲ့ေမးခြန္းမ်ိဳးကို ထုတ္ေနရဆဲ ျဖစ္ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

12 + eight =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...