HomeTechတစ်ကမ္ဘာလုံးရဲ့ အကြီးမားဆုံးနည်းပညာရပ်ဆိုင်ရာကိစ္စရပ်များကို ဖုံးလွှမ်းရန်ပြင်ဆင်ထားသည့် တရုတ်နိုင်ငံ။

တစ်ကမ္ဘာလုံးရဲ့ အကြီးမားဆုံးနည်းပညာရပ်ဆိုင်ရာကိစ္စရပ်များကို ဖုံးလွှမ်းရန်ပြင်ဆင်ထားသည့် တရုတ်နိုင်ငံ။

- Advertisement -

တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့အကြား အားပြိုင်မှုကြီးထွားလာခြင်းက နိုင်ငံရေးကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအပြင် ကမ္ဘာ့နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များ၌ လက်ဝါးကြီးအုပ်ခြယ်လှယ်ရန်ကြိုးပမ်းလာသည့် တရုတ်နိုင်ငံရဲ့မူဝါဒကြောင့်လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေဖြင့် Huawei ကုမ္ပဏီရဲ့အင်အားနဲ့ 5G ကွန်ရက်ကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့ပြီး တရုတ်ကုမ္ပဏီမှ တီထွင်ထားသည့် TikTok ကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ကျနေသည့်ကာလအတွင်း တစ်ကမ္ဘာလုံးမှ နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲခဲ့ရသည့် ဆိုရှယ်မီဒီယာတစ်ခုဖြစ်ခဲ့ပါတယ်။

သို့ဖြစ်ရာ အမေရိကန်သမ္မတ Donald Trump က Huawei ကုမ္ပဏီကို စီးပွားရေးအရ ပိတ်ပင်မှုများပြုလုပ်ကာ ကမ္ဘာအနောက်ဘက်ခြမ်းရဲ့ နည်းပညာကို ထိန်းချုပ်ရန်ကြိုးပမ်းလာသည့် တရုတ်နိုင်ငံရဲ့ခြေလှမ်းများကို ဟန့်တားခဲ့သလို လက်ရှိအချိန်၌ TikTok ကိုပါ အမေရိကန်နိုင်ငံအတွင်း ပိတ်ပင်ရန် စတင် စဉ်းစားနေပြီဖြစ်ပါတယ်။ မကြာသေးခင်ကမှ တရုတ်နိုင်ငံနဲ့စစ်ရေးအရ ထိတွေ့မှုများဖြစ်ပေါ်ခဲ့သည့် အိန္ဒိယနိုင်ငံကလည်း TikTok ကို နိုင်ငံတွင်း၌ လုံးဝကိုပိတ်ပင်ပစ်ခဲ့သလို TikTok နဲ့ ပုံစံတူ Application တစ်ခုကို ရေးဆွဲခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ခြေလှမ်းများသည် သူတို့ရဲ့မဟာပြိုင်ဘက် အမေရိကန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်ရုံတင်မကဘဲ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးလုပ်ငန်းများကိုပါ လက်ဝါးကြီးအုပ် ခြယ်လှယ်ရန် ရည်ရွယ်ထားကြောင်း ကျွမ်းကျင်သူများက ဆိုကြပါတယ်။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်၌လည်း တရုတ်နိုင်ငံအတွင်း သတင်းထိမ်ချန်မှုများရှိခဲ့ပြီး ဝူဟန်မြို့မှ ဗိုင်းရပ်စ်ကူးစက်ခံထားရသောနိုင်ငံသားအများအပြား ပြည်ပသို့ခရီးထွက်ခွာသွားမှ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း ကြေညာကာ အနောက်နိုင်ငံများကို အဓိကထိုးနှက်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများလည်း ထွက်ပေါ်လျက်ရှိပါတယ်။ ပို၍သံသယဝင်စရာကောင်းသည့်အချက်က တရုတ်နိုင်ငံရဲ့ မဟာပြိုင်ဘက် အမေရိကန်နိုင်ငံအပါအဝင် ဗြိတိန်၊ အီတလီနဲ့ စပိန်တို့ကဲ့သို့ အခြားသော အင်အားကြီးအနောက်နိုင်ငံများမှ အဆိုပါဗိုင်းရပ်စ်ဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ရခြင်းက ကိုရိုနာဗိုင်းရပ်စ်သည် လူမှဖန်တီးသောဗိုင်းရပ်စ်ဖြစ်နိုင်သည်ဆိုသော ယူဆချက်များကို ပိုမိုသေချာလာစေခဲ့ပါတယ်။

- Advertisement -

လူလုပ်နည်းပညာ (AI) နဲ့ 5G ကွန်ရက်တို့အကြား ပြိုင်ဆိုင်မှုများရှိနေသည်မှာ သေချာသော်လည်း အချို့သောနေရာများ၌ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများကဆိုပါတယ်။ ဒါ့အပြင်တရုတ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အင်တာနက်စနစ်ကို တည်ဆောက်လာနိုင်ဖွယ်ရှိပြီး အဆိုပါအချက်က တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်မှုများရှိလာနိုင်ပြီး Huawei ရဲ့နောက်၌လည်း တရုတ်ပြည်အခြေစိုက် အခြားသော စမတ်ဖုန်းကုမ္ပဏီများရဲ့လှုပ်ရှားမှုများကို ထပ်မံစောင့်ကြည့်ရဦးမည်ဖြစ်ပြီး “Made in China- ၂၀၂၅” ဆိုသည့်စကားအတိုင်း တစ်ကမ္ဘာလုံးရဲ့ အကြီးမားဆုံးနည်းပညာရပ်ပိုင်းကို တရုတ်နိုင်ငံက လက်ဝါးကြီးအုပ်သွားနိုင်မည်လားဆိုခြင်းကိုမူ စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်ရတော့မည်လည်း ဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

 

တစ္ကမာၻလံုးရဲ႕ အႀကီးမားဆံုးနည္းပညာရပ္ဆိုင္ရာကိစၥရပ္မ်ားကို ဖုံးလႊမ္းရန္ျပင္ဆင္ထားသည့္ တရုတ္ႏိုင္ငံ။

တရုတ္ႏိုင္ငံနဲ႔အေမရိကန္ႏိုင္ငံတို႔အၾကား အားၿပိဳင္မႈႀကီးထြားလာျခင္းက ႏိုင္ငံေရးကိစၥရပ္မ်ား၊ စီးပြားေရးဆိုင္ရာ ကိစၥရပ္မ်ားအျပင္ ကမာၻ႕နည္းပညာပိုင္းဆိုင္ရာကိစၥရပ္မ်ား၌ လက္ဝါးႀကီးအုပ္ျခယ္လွယ္ရန္ႀကိဳးပမ္းလာသည့္ တရုတ္ႏုိင္ငံရဲ႕မူဝါဒေၾကာင့္လည္းျဖစ္ပါတယ္။ တရုတ္ႏိုင္ငံအေနျဖင့္ Huawei ကုမၸဏီရဲ႕အင္အားနဲ့ 5G ကြန္ရက္ကို ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းခဲ့ၿပီး တရုတ္ကုမၸဏီမွ တီထြင္ထားသည့္ TikTok ကလည္း ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ Lockdown က်ေနသည့္ကာလအတြင္း တစ္ကမာၻလံုးမွ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္သံုးစြဲခဲ့ရသည့္ ဆိုရွယ္မီဒီယာတစ္ခုျဖစ္ခဲ့ပါတယ္။

သို႔ျဖစ္ရာ အေမရိကန္သမၼတ Donald Trump က Huawei ကုမၸဏီကို စီးပြားေရးအရ ပိတ္ပင္မႈမ်ားျပဳလုပ္ကာ ကမာၻအေနာက္ဘက္ျခမ္းရဲ႕ နည္းပညာကို ထိန္းခ်ဳပ္ရန္ႀကိဳးပမ္းလာသည့္ တရုတ္ႏိုင္ငံရဲ႕ေျခလွမ္းမ်ားကို ဟန္႔တားခဲ့သလို လက္ရွိအခ်ိန္၌ TikTok ကိုပါ အေမရိကန္ႏိုင္ငံအတြင္း ပိတ္ပင္ရန္ စတင္ စဥ္းစားေနၿပီျဖစ္ပါတယ္။ မၾကာေသးခင္ကမွ တရုတ္ႏုိင္ငံနဲ႔စစ္ေရးအရ ထိေတြ႕မႈမ်ားျဖစ္ေပၚခဲ့သည့္ အိႏၵိယႏုိင္ငံကလည္း TikTok ကို ႏုိင္ငံတြင္း၌ လုံးဝကိုပိတ္ပင္ပစ္ခဲ့သလို TikTok နဲ႔ ပံုစံတူ Application တစ္ခုကို ေရးဆြဲခဲ့ပါတယ္။ တရုတ္ႏုိင္ငံရဲ႕ေျခလွမ္းမ်ားသည္ သူတို႔ရဲ႕မဟာၿပိဳင္ဘက္ အေမရိကန္ႏိုင္ငံရဲ႕ စီးပြားေရးလုပ္ငန္းမ်ားကို တိုက္ခိုက္ရံုတင္မကဘဲ တစ္ကမာၻလံုးရဲ႕ စီးပြားေရးလုပ္ငန္းမ်ားကိုပါ လက္ဝါးႀကီးအုပ္ ျခယ္လွယ္ရန္ ရည္ရြယ္ထားေၾကာင္း ကြ်မ္းက်င္သူမ်ားက ဆိုၾကပါတယ္။

ကိုရိုနာဗုိင္းရပ္စ္စတင္ျဖစ္ပြားခ်ိန္၌လည္း တရုတ္ႏုိင္ငံအတြင္း သတင္းထိမ္ခ်န္မႈမ်ားရွိခဲ့ၿပီး ဝူဟန္ၿမိဳ႕မွ ဗိုင္းရပ္စ္ကူးစက္ခံထားရေသာႏိုင္ငံသားအမ်ားအျပား ျပည္ပသို႔ခရီးထြက္ခြာသြားမွ ဗိုင္းရပ္စ္ကူးစက္ခံေနရေၾကာင္း ေၾကညာကာ အေနာက္ႏိုင္ငံမ်ားကို အဓိကထိုးႏွက္ခဲ့ျခင္းျဖစ္ေၾကာင္း စြပ္စြဲမႈမ်ားလည္း ထြက္ေပၚလ်က္ရွိပါတယ္။ ပို၍သံသယဝင္စရာေကာင္းသည့္အခ်က္က တရုတ္ႏုိင္ငံရဲ႕ မဟာၿပိဳင္ဘက္ အေမရိကန္ႏိုင္ငံအပါအဝင္ ၿဗိတိန္၊ အီတလီနဲ႔ စပိန္တို႔ကဲ့သို႔ အျခားေသာ အင္အားႀကီးအေနာက္ႏိုင္ငံမ်ားမွ အဆုိပါဗုိင္းရပ္စ္ဒဏ္ကို ဆိုးဆိုးရြားရြားခံစားခဲ့ရျခင္းက ကိုရိုနာဗိုင္းရပ္စ္သည္ လူမွဖန္တီးေသာဗိုင္းရပ္စ္ျဖစ္ႏိုင္သည္ဆိုေသာ ယူဆခ်က္မ်ားကို ပိုမိုေသခ်ာလာေစခဲ့ပါတယ္။

လူလုပ္နည္းပညာ (AI) နဲ႔ 5G ကြန္ရက္တို႔အၾကား ၿပိဳင္ဆိုင္မႈမ်ားရွိေနသည္မွာ ေသခ်ာေသာ္လည္း အခ်ိဳ႕ေသာေနရာမ်ား၌ ပူးေပါင္းေဆာင္ရြက္ရမည္ျဖစ္ေၾကာင္းလည္း ကြ်မ္းက်င္သူမ်ားကဆုိပါတယ္။ ဒါ့အျပင္တရုတ္ႏုိင္ငံအေနျဖင့္ ကိုယ္ပိုင္အင္တာနက္စနစ္ကို တည္ေဆာက္လာႏုိင္ဖြယ္ရွိၿပီး အဆိုပါအခ်က္က တစ္ကမာၻလံုးကို အက်ိဳးသက္ေရာက္မႈမ်ားရွိလာႏိုင္ၿပီး Huawei ရဲ႕ေနာက္၌လည္း တရုတ္ျပည္အေျခစိုက္ အျခားေသာ စမတ္ဖုန္းကုမၸဏီမ်ားရဲ႕လႈပ္ရွားမႈမ်ားကို ထပ္မံေစာင့္ၾကည့္ရဦးမည္ျဖစ္ၿပီး “Made in China- ၂၀၂၅” ဆိုသည့္စကားအတိုင္း တစ္ကမာၻလံုးရဲ႕ အႀကီးမားဆံုးနည္းပညာရပ္ပိုင္းကို တရုတ္ႏုိင္ငံက လက္ဝါးႀကီးအုပ္သြားႏုိင္မည္လားဆိုျခင္းကိုမူ စိတ္ဝင္တစား ဆက္လက္ေစာင့္ၾကည့္ရေတာ့မည္လည္း ျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Cnet

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read