HomeTechတစ်ရက်အတွင်း ချမ်းသာကြွယ်ဝမှု ဒေါ်လာ (၁၃) ဘီလီယံထိုးတက်သွားသည့် Amazon ရဲ့ CEO
တစ်ရက်အတွင်း ချမ်းသာကြွယ်ဝမှု ဒေါ်လာ (၁၃) ဘီလီယံထိုးတက်သွားသည့် Amazon ရဲ့ CEO
- Advertisement -
Amazon ရဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သူ Jeff Bezos ရဲ့ပိုင်ဆိုင်မှုသည် ပြီးခဲ့သည့် တနင်္လာနေ့တစ်ရက်အတွင်း၌ ဒေါ်လာ (၁၃) ဘီလီယံထိုးတက်သွားခဲ့ပြီး Bloomberg မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ ယခုကဲ့သို့ တစ်ရက်အတွင်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု မြင့်တက်သွားခြင်းက (၂၀၁၂) ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ Amazon ရဲ့ ရှယ်ယာစျေးကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တရိပ်ရိပ်ကျဆင်းခဲ့ပေမယ့် ပြီးခဲ့သည့် တနင်္လာနေ့ကမူ (၇) ရာခိုင်နှုန်းအထိ စျေးပြန်တက်လာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံရဲ့စီးပွားရေးက အခက်အခဲများနဲ့ ရုန်းကန်နေရသော်လည်း Bezos မှာမူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှတစ်ယောက်အဖြစ် ပါဝင်နေဆဲဖြစ်ပြီး Bezos ရဲ့ လက်ရှိပိုင်ဆိုင်မှုက ဒေါ်လာ (၁၈၉.၃) ဘီလီယံအထိရှိနေဆဲဖြစ်ကြောင်းသိရှိရပါတယ်။ ဒါ့အပြင် ခန့်မှန်းချက်များအရ Bezos ရဲ့ ပိုင်ဆိုင်မှုများက လက်ရှိအတိုင်းပုံမှန်မြင့်တက်သွားပါက (၂၀၂၆) ခုနှစ်၌ ကမ္ဘာ့ပထမဆုံး ထရီလျံနာတစ်ယောက်ဖြစ်လာမည်ဟု ဆိုထားကြပါတယ်။
ပြီးခဲ့သည့်ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ (၂၀၂၀) ခုနှစ်ရဲ့ ပထမ (၃) လပတ်တာကာလအတွင်း Amazon ရဲ့ တန်ဖိုးက (၂၆) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ဒေါ်လာ (၇၅.၅) ဘီလီယံအထိ တန်ဖိုးမြင့်တက်လာခဲ့ကြောင်း သိရှိရပါတယ်။ Amazon ရဲ့ အမှုဆောင်အရာရှိချုပ် Bezos သည် Washington Post newspaper နဲ့ Blue Origin တို့ကို ပိုင်ဆိုင်ထားသလို ပြီးခဲ့သည့် (၂၀၀၀) ပြည့်နှစ်၌လည်း Rocket and space ခရီးသွားကုမ္ပဏီကိုလည်း တည်ထောင်ထားခဲ့ပါတယ်။ ပြီးခဲ့သည့်  ဖေဖော်ဝါရီလအတွင်း၌လည်း Bezos က Warner အိမ်ခြံမြေလုပ်ငန်း၌ ဒေါ်လာ (၁၆၅) သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး အဆိုပါပမာဏက သမိုင်းတစ်လျှောက် လော့စ်အိန်ဂျယ်လိစ်ဝန်းကျင်၌ အိမ်ခြံမြေလုပ်ငန်းအတွက် အများဆုံးရင်းနှီးမြှုပ်နှံခဲ့သည့်ပမာဏလည်းဖြစ်ပါတယ်။
<Unicode Version>
- Advertisement -
- Advertisement -
<Zawgyi Version>
Source ~ Cnet
#HM(Soshwe)
- Advertisement -
#soshwetech
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
16 + 5 =
Must Read
တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။
UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...