HomeSportစံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့သည့် လီယွန်နယ်မက်ဆီ။

စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့သည့် လီယွန်နယ်မက်ဆီ။

- Advertisement -

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် လာလီဂါရာသီပိတ်ပွဲစဉ်အဖြစ် အလာဗက်စ်အသင်းနဲ့ ကစားခဲ့သည့်ပွဲ၌ အသင်းအတွက် (၂) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၇) ကြိမ်မြောက် လာလီဂါဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဂန္တဝင်ကစားသမားဟောင်းကြီး တယ်လ်မိုဇာရာရဲ့ စံချိန်ကို လိုက်မှီနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် မက်ဆီအနေဖြင့် ယခုကဲ့သို့ လာလီဂါဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်မှာ နောက်ဆုံးဘောလုံးရာသီ (၄) ခုဆက်တိုက်ဖြစ်ပြီး သွင်းဂိုး (၂၅) ဂိုးဖြင့် အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်သည့် ရီးရဲယ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီမာထက် (၄) ဂိုးအသာရကာ ယခုကဲ့သို့ လာလီဂါရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါသွင်းဂိုး (၃၀) မပြည့်ဘဲ ယခုကဲ့သို့ လာလီဂါဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းက လွန်ခဲ့သည့် (၁၂) နှစ်က မာယော့ကာကစားသမား ဒန်နီယယ်ဂွီဇာနောက်ပိုင်း မက်ဆီက ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။ မက်ဆီဦးဆောင်သည့် ဘာစီလိုနာအသင်းသည် လက်ရှိဘောလုံးရာသီ၌ လာလီဂါအမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပေမယ့် မက်ဆီကမူ စံချိန်မှတ်တမ်းကောင်းများကို ပိုင်ဆိုင်ခဲ့ပြီး လက်ရှိဘောလုံးရာသီအတွင်း မက်ဆီပြုလုပ်နိုင်ခဲ့သည့် လာလီဂါဂိုးဖန်တီးမှု (၂၁) ကြိမ်က အသင်းဖော်ဟောင်းဇာဗီ တင်ရှိထားသည့် ဂိုးဖန်တီးမှုအကြိမ် (၂၀) ထက် ပိုမိုများပြားကာ စံချိန်သစ်တင်နိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 

- Advertisement -

 

စံခ်ိန္မွတ္တမ္းေကာင္းတစ္ခုကို ပိုင္ဆိုင္သြားခဲ့သည့္ လီယြန္နယ္မက္ဆီ။

ဘာစီလိုနာအသင္းေခါင္းေဆာင္ မက္ဆီသည္ လာလီဂါရာသီပိတ္ပဲြစဥ္အျဖစ္ အလာဗက္စ္အသင္းနဲ႔ ကစားခ့ဲသည့္ပဲြ၌ အသင္းအတြက္ (၂) ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ (၇) ႀကိမ္ေျမာက္ လာလီဂါဂိုးသြင္းဘုရင္ဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ဂႏၱဝင္ကစားသမားေဟာင္းႀကီး တယ္လ္မိုဇာရာရဲ႕ စံခ်ိန္ကို လိုက္မွီႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ မက္ဆီအေနျဖင့္ ယခုကဲ့သို႔ လာလီဂါဂိုးသြင္းဘုရင္ဆုကို ဆြတ္ခူးႏိုင္ခဲ့သည္မွာ ေနာက္ဆံုးေဘာလံုးရာသီ (၄) ခုဆက္တိုက္ျဖစ္ၿပီး သြင္းဂိုး (၂၅) ဂိုးျဖင့္ အနီးကပ္ဆံုး ၿပိဳင္ဘက္ျဖစ္သည့္ ရီးရဲယ္မက္ဒရစ္တိုက္စစ္မွဴးဘန္ဇီမာထက္ (၄) ဂိုးအသာရကာ ယခုကဲ့သို႔ လာလီဂါေရႊဖိနပ္ဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ဒါ့အျပင္ လာလီဂါသြင္းဂိုး (၃၀) မျပည့္ဘဲ ယခုကဲ့သို႔ လာလီဂါဂိုးသြင္းဘုရင္ဆုကို ဆြတ္ခူးႏိုင္ခဲ့ျခင္းက လြန္ခဲ့သည့္ (၁၂) ႏွစ္က မာေယာ့ကာကစားသမား ဒန္နီယယ္ဂီြဇာေနာက္ပိုင္း မက္ဆီက ပထမဆံုးအႀကိမ္ ျဖစ္ခဲ့ပါတယ္။ မက္ဆီဦးေဆာင္သည့္ ဘာစီလိုနာအသင္းသည္ လက္ရွိေဘာလံုးရာသီ၌ လာလီဂါအမွတ္ေပးခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့ရေပမယ့္ မက္ဆီကမူ စံခ်ိန္မွတ္တမ္းေကာင္းမ်ားကို ပိုင္ဆိုင္ခဲ့ၿပီး လက္ရွိေဘာလံုးရာသီအတြင္း မက္ဆီျပဳလုပ္ႏိုင္ခဲ့သည့္ လာလီဂါဂိုးဖန္တီးမႈ (၂၁) ႀကိမ္က အသင္းေဖာ္ေဟာင္းဇာဗီ တင္ရွိထားသည့္ ဂိုးဖန္တီးမႈအႀကိမ္ (၂၀) ထက္ ပိုမိုမ်ားျပားကာ စံခ်ိန္သစ္တင္ႏိုင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ CNN

#HM(Soshwe)

- Advertisement -

#soshwesport

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seven − two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...