HomeTechအင်္ဂါဂြိုဟ်သို့ အာကာသယာဉ်လွှတ်တင်နိုင်သည့် ပထမဆုံးအာရပ်နိုင်ငံ။

အင်္ဂါဂြိုဟ်သို့ အာကာသယာဉ်လွှတ်တင်နိုင်သည့် ပထမဆုံးအာရပ်နိုင်ငံ။

- Advertisement -

ယူအေအီးနိုင်ငံသည် အင်္ဂါဂြိုဟ်သို့ အာကာသယာဉ်လွှတ်တင်နိုင်သည့် ပထမဆုံးအာရပ်နိုင်ငံဖြစ်လာခဲ့ပြီး နိုင်ငံတကာအာကာသလမ်းကြောင်းနဲ့ပတ်သက်၍ ယခုနှစ်အတွင်း သတ်မှတ်ထားသည့် ပစ်မှတ် (၃) ခုအနက် ပထမဆုံးတစ်ခုကို အောင်မြင်အောင် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

Hope Probe ဟု အမည်ရသည့် အဆိုပါအာကာသယာဉ်သည် ဂျပန်နိုင်ငံရှိ Tanegashima အာကာသယာဉ်စခန်းမှတဆင့် အင်္ဂါဂြိုဟ်ပတ်လမ်းသို့သွားရောက်မည်ဖြစ်ပြီး လာမယ့် (၂၀၂၁) ခုနှစ်၊  ဖေဖော်ဝါရီလ၌ သတ်မှတ်ထားသည့်နေရာသို့ရောက်ရှိမည်ဟု ခန့်မှန်းထားပါတယ်။ The Al Amal ဟု အမည်ရသည့် အဆိုပါအာကာသယာဉ်အနေဖြင့် ကမ္ဘာမြေပေါ်မှ ရက်ပေါင်း (၆၈၇) ရက်နဲ့ ညီမျှသည့် အချိန်ကာလကြာအောင် အင်္ဂါဂြိုဟ်ရဲ့အနေအထားကို လေ့လာသွားမည်ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါအာကာသယာဉ်ကို မြေပြင်မှလွှတ်တင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒူဘိုင်းအခြေစိုက်စခန်းနဲ့   အောင်မြင်စွာဆက်သွယ်နိုင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ကလည်း လာမယ့်နွေရာသီကာလအတွင်း အင်္ဂါဂြိုဟ်သို့ အာကာသယာဉ်လွှတ်တင်သွားရန် ပြင်ဆင်ထားပြီး နာဆာမှ Perseverance Rover နဲ့ တရုတ်နိုင်ငံမှ Tianwen 1 တို့ကို ဇူလိုင်လအကုန် သြဂုတ်လအစောပိုင်း၌ လွှတ်တင်သွားမည်ဟု ခန့်မှန်းထားကြပါတယ်။ ယူအေအီးနိုင်ငံဘက်မှ ယခုကဲ့သို့ အာကာသယာဉ်ကို ပထမဆုံးအကြိမ်လွှတ်တင်နိုင်ခဲ့ခြင်းနဲ့ပတ်သက်၍လည်း နာဆာက ဂုဏ်ပြုစကားပြောကြားခဲ့ပြီး အင်္ဂါဂြိုဟ်နဲ့ပတ်သက်သည်များကို အတူတကွ ကြိုးစားရှာဖွေသွားမည်ဟုလည်း ဆိုခဲ့ပါတယ်။

ယူအေအီးနိုင်ငံအနေဖြင့် (၂၀၀၉) ခုနှစ်မှ (၂၀၁၃) ခုနှစ်အထိကာလအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ အကူအညီဖြင့် ဂြိုဟ်တုများလွှတ်တင်နိုင်ခဲ့ပြီး ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်ကမှ ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်ကာ (၂၁၁၇) ခုနှစ်၌ အင်္ဂါဂြိုဟ်သို့သွားရောက်ခြေချနိုင်ရေးကို အဓိကပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

အဂၤါၿဂိဳဟ္သို႔ အာကာသယာဥ္လႊတ္တင္ႏိုင္သည့္ ပထမဆံုးအာရပ္ႏုိင္ငံ။

ယူေအအီးႏုိင္ငံသည္ အဂၤါၿဂိဳဟ္သို႔ အာကာသယာဥ္လႊတ္တင္ႏုိင္သည့္ ပထမဆံုးအာရပ္ႏုိင္ငံျဖစ္လာခဲ့ၿပီး ႏုိင္ငံတကာအာကာသလမ္းေၾကာင္းနဲ႔ပတ္သက္၍ ယခုႏွစ္အတြင္း သတ္မွတ္ထားသည့္ ပစ္မွတ္ (၃) ခုအနက္ ပထမဆုံးတစ္ခုကို ေအာင္ျမင္ေအာင္ စတင္ေဆာင္ရြက္ႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။

Hope Probe ဟု အမည္ရသည့္ အဆိုပါအာကာသယာဥ္သည္ ဂ်ပန္ႏိုင္ငံရွိ Tanegashima အာကာသယာဥ္စခန္းမွတဆင့္ အဂၤါၿဂိဳဟ္ပတ္လမ္းသို႔သြားေရာက္မည္ျဖစ္ၿပီး လာမယ့္ (၂၀၂၁) ခုႏွစ္၊  ေဖေဖာ္ဝါရီလ၌ သတ္မွတ္ထားသည့္ေနရာသို႔ေရာက္ရွိမည္ဟု ခန္႔မွန္းထားပါတယ္။ The Al Amal ဟု အမည္ရသည့္ အဆိုပါအာကာသယာဥ္အေနျဖင့္ ကမာၻေျမေပၚမွ ရက္ေပါင္း (၆၈၇) ရက္နဲ႔ ညီမွ်သည့္ အခ်ိန္ကာလၾကာေအာင္ အဂၤါၿဂိဳဟ္ရဲ႕အေနအထားကို ေလ့လာသြားမည္ျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါအာကာသယာဥ္ကို ေျမျပင္မွလႊတ္တင္ၿပီးေနာက္ ပထမဆံုးအႀကိမ္အျဖစ္ ဒူဘိုင္းအေျခစိုက္စခန္းနဲ႔   ေအာင္ျမင္စြာဆက္သြယ္ႏိုင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

ဒါ့အျပင္ တရုတ္ႏုိင္ငံနဲ႔အေမရိကန္ႏုိင္ငံတို႔ကလည္း လာမယ့္ေႏြရာသီကာလအတြင္း အဂၤါၿဂိဳဟ္သို႔ အာကာသယာဥ္လႊတ္တင္သြားရန္ ျပင္ဆင္ထားၿပီး နာဆာမွ Perseverance Rover နဲ႔ တရုတ္ႏုိင္ငံမွ Tianwen 1 တို႔ကို ဇူလိုင္လအကုန္ ၾသဂုတ္လအေစာပိုင္း၌ လႊတ္တင္သြားမည္ဟု ခန္႔မွန္းထားၾကပါတယ္။ ယူေအအီးႏိုင္ငံဘက္မွ ယခုကဲ့သို႔ အာကာသယာဥ္ကို ပထမဆုံးအႀကိမ္လႊတ္တင္ႏုိင္ခဲ့ျခင္းနဲ႔ပတ္သက္၍လည္း နာဆာက ဂုဏ္ျပဳစကားေျပာၾကားခဲ့ၿပီး အဂၤါၿဂိဳဟ္နဲ႔ပတ္သက္သည္မ်ားကို အတူတကြ ႀကိဳးစားရွာေဖြသြားမည္ဟုလည္း ဆိုခဲ့ပါတယ္။

ယူေအအီးႏုိင္ငံအေနျဖင့္ (၂၀၀၉) ခုႏွစ္မွ (၂၀၁၃) ခုႏွစ္အထိကာလအတြင္း ေတာင္ကိုရီးယားႏုိင္ငံရဲ႕ အကူအညီျဖင့္ ၿဂိဳဟ္တုမ်ားလႊတ္တင္ႏိုင္ခဲ့ၿပီး ၿပီးခဲ့သည့္ (၂၀၁၄) ခုႏွစ္ကမွ ကိုယ္ပိုင္အာကာသစခန္းတည္ေဆာက္ကာ (၂၁၁၇) ခုႏွစ္၌ အဂၤါၿဂိဳဟ္သို႔သြားေရာက္ေျခခ်ႏိုင္ေရးကို အဓိကပစ္မွတ္ထားေနေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

Source ~ CNN

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × three =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...