HomeSportယူနိုက်တက်ကြယ်ပွင့်ကစားသမားကို ပစ်မှတ်ထားလာသည့် မန်စီးတီးအသင်း။

ယူနိုက်တက်ကြယ်ပွင့်ကစားသမားကို ပစ်မှတ်ထားလာသည့် မန်စီးတီးအသင်း။

- Advertisement -

မန်စီးတီးအသင်းသည် ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူရန် ချိတ်ဆက်လာကြောင်း သိရှိရပါတယ်။ အဆိုပါချီလီလက်ရွေးစင်ကစားသမားကို ခေါ်ယူရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယခင်တည်းက စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကအာဆင်နယ်အသင်း၌ကစားနေသည့် ဆန်းချက်ဇ်မှာမူ ယူနိုက်တက်အသင်းကိုသာ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဆန်းချက်ဇ်အနေနဲ့ ယူနိုက်တက်အသင်း၌ ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်ခဲ့ရပြီး လက်ရှိအချိန်၌မူ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်း၌ အငှားဖြင့်သွားရောက်ကစားလျက်ရှိပါတယ်။

ဆန်းချက်ဇ်အနေဖြင့် အင်တာမီလန်အသင်း၌ ပုံမှန်ခြေစွမ်းပြန်လည်ပြသလာခဲ့ပြီးနောက် အင်တာမီလန်အသင်းက အငှားစာချုပ်ကို နောက်ထပ်တစ်ရာသီ ထပ်မံသက်တမ်းတိုးရန် စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းကမူ ဆန်းချက်ဇ်ကို အပြီးသတ်ရောင်းချရန်သာ ဆန္ဒရှိနေပြီး တစ်ပတ်လုပ်ခပေါင် (၄) သိန်းကို အင်တာမီလန်အသင်းနဲ့အတူ ခွဲဝေပေးချေရန် ဆန္ဒမရှိတော့ကြောင်း သိရှိရပါတယ်။

ထိုကဲ့သို့အခြေအနေများကြောင့် ချီလီသတင်းစာတစ်စောင်က မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေဖြင့် ဘာစီလိုနာအသင်း၌ အတူတကွလက်တွဲခဲ့ဖူးသည့် အသက် (၃၁) နှစ်အရွယ် ဆန်းချက်ဇ်ကို ခေါ်ယူရန် ပြင်ဆင်လာကြောင်းသိရှိရပါတယ်။ ဆန်းချက််ဇ်သည် ကိုရိုနာဗိုင်းရပ်စ်အလွန်ကာလ၌ အကောင်းဆုံးခြေစွမ်းများ ပြသလျက်ရှိပြီး နောက်ဆုံးကစားခဲ့သည့် လိဂ်ပွဲ (၈) ပွဲ၌ ဂိုးသွင်း၊ ဂိုးဖန်တီးမှုပေါင်း (၉) ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည့်ကစားသမားလည်းဖြစ်ပါတယ်။

<Unicode Version>

- Advertisement -

 

 

- Advertisement -

 

ယူႏိုက္တက္ၾကယ္ပြင့္ကစားသမားကို ပစ္မွတ္ထားလာသည့္ မန္စီးတီးအသင္း။

မန္စီးတီးအသင္းသည္ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ကစားသမား အလက္ဆစ္ဆန္းခ်က္ဇ္ကို ေခၚယူရန္ ခ်ိတ္ဆက္လာေၾကာင္း သိရွိရပါတယ္။ အဆိုပါခ်ီလီလက္ေရြးစင္ကစားသမားကို ေခၚယူရန္ မန္စီးတီးနည္းျပ ဂြါဒီယိုလာက ယခင္တည္းက စိတ္ဝင္စားခဲ့ျခင္းျဖစ္ၿပီး ထိုစဥ္ကအာဆင္နယ္အသင္း၌ကစားေနသည့္ ဆန္းခ်က္ဇ္မွာမူ ယူႏုိက္တက္အသင္းကိုသာ ေျပာင္းေရႊ႕သြားခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ ဆန္းခ်က္ဇ္အေနနဲ႔ ယူႏိုက္တက္အသင္း၌ ပံုမွန္ေျခစြမ္းျပရန္ ရုန္းကန္ခဲ့ရၿပီး လက္ရွိအခ်ိန္၌မူ အီတလီစီးရီးေအကလပ္ အင္တာမီလန္အသင္း၌ အငွားျဖင့္သြားေရာက္ကစားလ်က္ရွိပါတယ္။

ဆန္းခ်က္ဇ္အေနျဖင့္ အင္တာမီလန္အသင္း၌ ပုံမွန္ေျခစြမ္းျပန္လည္ျပသလာခဲ့ၿပီးေနာက္ အင္တာမီလန္အသင္းက အငွားစာခ်ဳပ္ကို ေနာက္ထပ္တစ္ရာသီ ထပ္မံသက္တမ္းတိုးရန္ စိတ္ဝင္စားလာခဲ့ပါတယ္။ ဒါေပမယ့္ ယူႏိုက္တက္အသင္းကမူ ဆန္းခ်က္ဇ္ကို အၿပီးသတ္ေရာင္းခ်ရန္သာ ဆႏၵရွိေနၿပီး တစ္ပတ္လုပ္ခေပါင္ (၄) သိန္းကို အင္တာမီလန္အသင္းနဲ႔အတူ ခြဲေဝေပးေခ်ရန္ ဆႏၵမရွိေတာ့ေၾကာင္း သိရွိရပါတယ္။

ထိုကဲ့သို႔အေျခအေနမ်ားေၾကာင့္ ခ်ီလီသတင္းစာတစ္ေစာင္က မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနျဖင့္ ဘာစီလိုနာအသင္း၌ အတူတကြလက္တြဲခဲ့ဖူးသည့္ အသက္ (၃၁) ႏွစ္အရြယ္ ဆန္းခ်က္ဇ္ကို ေခၚယူရန္ ျပင္ဆင္လာေၾကာင္းသိရွိရပါတယ္။ ဆန္းခ်က္္ဇ္သည္ ကိုရိုနာဗိုင္းရပ္စ္အလြန္ကာလ၌ အေကာင္းဆံုးေျခစြမ္းမ်ား ျပသလ်က္ရွိၿပီး ေနာက္ဆံုးကစားခဲ့သည့္ လိဂ္ပြဲ (၈) ပဲြ၌ ဂိုးသြင္း၊ ဂိုးဖန္တီးမႈေပါင္း (၉) ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့သည့္ကစားသမားလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

- Advertisement -

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 − thirteen =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...