HomeBanking & Financeကိုရီးယားနိုင်ငံမှ အင်အားကြီးဘဏ်များရဲ့ အဓိကမဟာဗျူဟာချက်တစ်ခုဖြစ်လာသည့် မြန်မာနိုင်ငံ။

ကိုရီးယားနိုင်ငံမှ အင်အားကြီးဘဏ်များရဲ့ အဓိကမဟာဗျူဟာချက်တစ်ခုဖြစ်လာသည့် မြန်မာနိုင်ငံ။

- Advertisement -

ဘဏ်အများစုသည် အရှေ့တောင်အာရှဒေသတွင်းမှမြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့စိတ်ဝင်စားရခြင်းမှာလည်း မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသတွင်း၌ လျင်လျင်မြန်မြန်နဲ့ ဖွံ့ဖြိုးတိုးတက်နေခြင်းကြောင့်ဖြစ်ပြီး ပြီးခဲ့သည့် (၂၀၁၂) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပျမ်းမျှ GDP (၇) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းကလည်း အဓိကအကြောင်းရင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့အခြေစိုက်ဘဏ်တစ်ခုဖြစ်သည့် Nonghyup ဘဏ်ကလည်း ရန်ကုန်မြို့၌ ရုံးခွဲဖွင့်လှစ်ရန် ဒေသအာဏာပိုင်များရဲ့ ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ပြီး အဆိုပါဘဏ်သည် ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်တည်းက စတင်ကာ Nonghyup Finance Myanmar ဆိုသည့် နာမည်နဲ့ အသေးစားငွေချေးလုပ်ငန်းကို လုပ်ကိုင်နေခဲ့သည့်ဘဏ်တစ်ခုလည်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဘဏ်တစ်ခုဖြစ်သည့် Nonghyup ဘဏ်မှ ယခုကဲ့သို့ ရုံးခွဲဖွင့်လှစ်ခွင့်ရရှိခဲ့ခြင်းအပေါ် “ကျွနု်ပ်တို့ဘက်က ရုံးခန်းဖွင့်လှစ်ခွင့်ရရှိခြင်းဟာ ဘဏ်ခွဲတစ်ခု ဖွင့်လှစ်ခွင့်ရရှိဖို့ လမ်းသစ်တစ်ခုပေါ်လာတယ်လို့ဆိုရမှာပါ။ မြန်မာနိုင်ငံက စိုက်ပျိုးရေးကို အဓိကအခြေခံပြီး စီးပွားရေးလုပ်တဲ့တိုင်းပြည်ဖြစ်တာကြောင့် ကျွနု်ပ်တို့ဘက်က စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးနိုင်ပါလိမ့်မယ်။” ဟု တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အခြားသောနာမည်ကျော် တောင်ကိုရီးယားဘဏ်တစ်ခုဖြစ်သည့် KB Kookmin ဘဏ်ကလည်း မြန်မာနိုင်ငံ၌ Mobile banking စနစ်တစ်ခုကို မိတ်ဆက်ပေးရန် ပြင်ဆင်နေပြီး ကမ္ဘောဒီးယားနိုင်ငံ၌ မိတ်ဆက်ပေးခဲ့ပြီးနောက် လာမယ့် (၂၀၂၁) ခုနှစ်၊ ဇန်နဝါရီလ၌ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာရန် ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။ “Liiv” ဟု အမည်ရသည့် အဆိုပါ Application ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်း၌ ကမ္ဘောဒီးယားနိုင်ငံတွင်း အသုံးပြုသူပေါင်း (၁၀၀,၀၀၀) ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါ KB Kookmin ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအတွင်း၌ ပညာရေးနဲ့ပတ်သက်သည့် လိုအပ်ချက်များကိုလည်း အစိုးရနဲ့သဘောတူညီမှုရရှိသည့်အပေါ်မူတည်၍ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကုမ္ပဏီခွဲပေါင်း (၃၀၀) ခန့်ဖွင့်လှစ်ထားသည့် ကိုရီးယားစက်မှုဘဏ် (IBK) နဲ့ ကိုရီးယားဖွံ့ဖြိုးတိုးတက်မှုဘဏ် (KDB) တို့ကလည်း မြန်မာနိုင်ငံ၌ လုပ်ငန်းချဲ့ထွင်ရန်ပြင်ဆင်နေပြီး IBK ကမူ လာမယ့်နှစ် ဇန်နဝါရီလ၌ မြန်မာနိုင်ငံတွင်းရှိရုံးခွဲများကို ဘဏ်ခွဲများအဖြစ် ပြောင်းလဲသွားရန် ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးဝင်ရောက်လာခဲ့သည့် ကိုရီးယားဘဏ်မှာ ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်အတွင်းက ဝင်ရောက်လာခဲ့သည့် Shinhan ဘဏ်ဖြစ်ပြီး ရန်ကုန်မြို့၌ ရုံးခွဲဖွင့်လှစ်ထားကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

ကိုရီးယားႏုိင္ငံမွ အင္အားႀကီးဘဏ္မ်ားရဲ႕အဓိကမဟာဗ်ဴဟာခ်က္တစ္ခုျဖစ္လာသည့္ ျမန္မာႏိုင္ငံ။

ဘဏ္အမ်ားစုသည္ အေရွ႕ေတာင္အာရွေဒသတြင္းမွျမန္မာႏိုင္ငံ၌ ရင္းႏွီးျမွဳပ္နွံရန္ စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။ ထိုကဲ့သို႔စိတ္ဝင္စားရျခင္းမွာလည္း ျမန္မာႏိုင္ငံအေနျဖင့္ အေရွ႕ေတာင္အာရွေဒသတြင္း၌ လ်င္လ်င္ျမန္ျမန္နဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေနျခင္းေၾကာင့္ျဖစ္ၿပီး ၿပီးခဲ့သည့္ (၂၀၁၂) ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ပ်မ္းမွ် GDP (၇) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ျခင္းကလည္း အဓိကအေၾကာင္းရင္းတစ္ခုအျဖစ္ ပါဝင္လ်က္ရွိပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံ၊ ဆိုးလ္ၿမိဳ႕အေျခစိုက္ဘဏ္တစ္ခုျဖစ္သည့္ Nonghyup ဘဏ္ကလည္း ရန္ကုန္ၿမိဳ႕၌ ရံုးခြဲဖြင့္လွစ္ရန္ ေဒသအာဏာပိုင္မ်ားရဲ႕ ခြင့္ျပဳခ်က္ရရွိခဲ့ၿပီျဖစ္ၿပီး အဆိုပါဘဏ္သည္ ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္တည္းက စတင္ကာ Nonghyup Finance Myanmar ဆိုသည့္ နာမည္နဲ႔ အေသးစားေငြေခ်းလုပ္ငန္းကို လုပ္ကိုင္ေနခဲ့သည့္ဘဏ္တစ္ခုလည္းျဖစ္ပါတယ္။ စိုက္ပ်ိဳးေရးဘဏ္တစ္ခုျဖစ္သည့္ Nonghyup ဘဏ္မွ ယခုကဲ့သို႔ ရုံးခြဲဖြင့္လွစ္ခြင့္ရရွိခဲ့ျခင္းအေပၚ “ကြ်ႏု္ပ္တို႔ဘက္က ရုံးခန္းဖြင့္လွစ္ခြင့္ရရွိျခင္းဟာ ဘဏ္ခြဲတစ္ခု ဖြင့္လွစ္ခြင့္ရရွိဖို႔ လမ္းသစ္တစ္ခုေပၚလာတယ္လို႔ဆိုရမွာပါ။ ျမန္မာႏိုင္ငံက စိုက္ပ်ိဳးေရးကို အဓိကအေျခခံၿပီး စီးပြားေရးလုပ္တဲ့တိုင္းျပည္ျဖစ္တာေၾကာင့္ ကြ်ႏု္ပ္တို႔ဘက္က စိုက္ပ်ိဳးေရးနဲ႔ပတ္သက္တဲ့ဘ႑ာေရးဆိုင္ရာ ဝန္ေဆာင္မႈမ်ားကို ေပးႏိုင္ပါလိမ့္မယ္။” ဟု တရားဝင္ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အျခားေသာနာမည္ေက်ာ္ ေတာင္ကိုရီးယားဘဏ္တစ္ခုျဖစ္သည့္ KB Kookmin ဘဏ္ကလည္း ျမန္မာႏိုင္ငံ၌ Mobile banking စနစ္တစ္ခုကို မိတ္ဆက္ေပးရန္ ျပင္ဆင္ေနၿပီး ကေမာၻဒီးယားႏိုင္ငံ၌ မိတ္ဆက္ေပးခဲ့ၿပီးေနာက္ လာမယ့္ (၂၀၂၁) ခုႏွစ္၊ ဇန္နဝါရီလ၌ ျမန္မာႏုိင္ငံအတြင္း ဝင္ေရာက္လာရန္ ျပင္ဆင္ထားေၾကာင္း သိရွိရပါတယ္။ “Liiv” ဟု အမည္ရသည့္ အဆိုပါ Application ကို ၿပီးခဲ့သည့္ႏွစ္ကုန္ပိုင္း၌ ကေမာၻဒီးယားႏိုင္ငံတြင္း အသံုးျပဳသူေပါင္း (၁၀၀,၀၀၀) ရွိခဲ့ၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ အဆိုပါ KB Kookmin ကုမၸဏီအေနျဖင့္ ျမန္မာႏုိင္ငံအတြင္း၌ ပညာေရးနဲ႔ပတ္သက္သည့္ လိုအပ္ခ်က္မ်ားကိုလည္း အစိုးရနဲ႔သေဘာတူညီမႈရရွိသည့္အေပၚမူတည္၍ ေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း တရားဝင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ကုမၸဏီခြဲေပါင္း (၃၀၀) ခန္႔ဖြင့္လွစ္ထားသည့္ ကိုရီးယားစက္မႈဘဏ္ (IBK) နဲ႔ ကိုရီးယားဖြံ႕ၿဖိဳးတိုးတက္မႈဘဏ္ (KDB) တို႔ကလည္း ျမန္မာႏိုင္ငံ၌ လုပ္ငန္းခ်ဲ႕ထြင္ရန္ျပင္ဆင္ေနၿပီး IBK ကမူ လာမယ့္ႏွစ္ ဇန္နဝါရီလ၌ ျမန္မာႏိုင္ငံတြင္းရွိရံုးခြဲမ်ားကို ဘဏ္ခြဲမ်ားအျဖစ္ ေျပာင္းလဲသြားရန္ ျပင္ဆင္ေနၿပီလည္းျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္းသို႔ ပထမဆံုးဝင္ေရာက္လာခဲ့သည့္ ကိုရီးယားဘဏ္မွာ ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္အတြင္းက ဝင္ေရာက္လာခဲ့သည့္ Shinhan ဘဏ္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၌ ရံုးခြဲဖြင့္လွစ္ထားေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

- Advertisement -

Source ~ Koreatimes

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × two =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...