HomeEntertainmentKanye West သာ သမ္မတဖြစ်လာခဲ့ရင် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ အသင့်ပဲလို့ဆိုလာတဲ့ Caitlyn Jenner

Kanye West သာ သမ္မတဖြစ်လာခဲ့ရင် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ဖို့ အသင့်ပဲလို့ဆိုလာတဲ့ Caitlyn Jenner

- Advertisement -

Kanye West က ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတအသစ်  ရွေးကောက်ပွဲမှာတော့ ဒီမိုကရေစီဝါဒီ Hillary Clinton ကို မဲမပေးခဲ့ဘဲ အစိုးရစနစ်ဝါဒီ Donald Trump ကို မဲပေးရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ Donald Trump က အမေရိကန်ပြည်ထောင်စုသမ္မတ  ဖြစ်လာချိန်မှာတော့ Kanye West ဟာ ရွေးကောက်ပွဲပြီးသွားတာတောင်မှ သမ္မတကြီး Donald Trump ကို အပီအပြင် ထောက်ခံဆဲဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးခင်ကမှ Kanye West ဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်ပြည်ထောင်စု သမ္မတအသစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ဒီလိုဆိုရင်တော့ Donald Trump နဲ့ Kanye West တို့ဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ဘက်တွေဖြစ်လာတော့မယ်ပေါ့။

Kanye West က သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဘာတွေပြင်ဆင်နေခဲ့လည်းဆိုတာကို ဆက်ပြီးဖတ်ကြည့်ရအောင်ပါ။ Kanye West ဟာ ယခုလက်ရှိ အမေရိကန်ပြည်ထောင်စုသားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လိုနည်းလမ်းတွေသုံးပြီး  ကူညီဖြေရှင်းပေးသွားမလဲဆိုတာကို ရှင်းပြရင်း မဲစွယ်ပွဲတွေလုပ်ခဲ့ပါသေးတယ်။ သမ္မတကြီး Donald Trump အနေနဲ့ တိုင်းသူပြည်သားတွေကို  မဖြည့်ဆည်းပေးနိုင်တဲ့ ကွက်လပ်တွေကို ကြိုးစားပြီး ဖြည့်ဆည်းပေးသွားမယ်ပေါ့။

- Advertisement -

Kanye ရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို သိရှိပြီးတဲ့နောက်မှာတော့ Mr.West ဟာ အမှန်တကယ်ပဲ အမေရိကန်နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့  လူတော်တော်များများက ယူဆလာကြပါတယ်။

- Advertisement -

ဇူလိုင်လ ၁၆ ရက်နေ့တုန်းက Caitlyn Jenner ဟာ TMZ သတင်းဌာနကို သမက်ဖြစ်သူ Kanye West သာ သမ္မတဖြစ်လာမယ်ဆိုရင် Kanye West ကို ကူညီပေးလို့ရမယ့် ဒုသမ္မတလောင်း  ဖြစ်ချင်ပါတယ်လို့ ဆိုခဲ့ပါတယ်။ Caitlyn Jenner ဟာ အရင်တုန်းကတော့ Bruce Jenner ပါ။ Kris Jenner နဲ့ လက်ထပ်ပြီးတဲ့နောက်မှာတော့ Kendall Jenner နဲ့ Kylie Jenner  ဆိုတဲ့ သမီးချောလေး  ၂ ယောက်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ Bruce တစ်ယောက် Kris နဲ့ နှစ်အတော်ကြာ  ပေါင်းသင်းပြီးနောက်မှာတော့ လိင်ပိုင်းဆိုင်ရာညွှတ်တိမ်းစိတ် ပြောင်းလဲသွားကာ Caitlyn Jenner ဆိုပြီး ဖြစ်လာပါတော့တယ်။

ဒါပေမယ့်လည်း Kanye West က တကယ်ရော သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပါ့မလား? အကယ်၍ Kanye West သာ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင် Kanye ကို  သမ္မတလောင်းအဖြစ် တင်မြောက်လိုတဲ့ နိုင်ငံသားဦးရေက  ဘယ်လောက်ရှိမလဲ? ဆိုတာကို ဆက်လက်စောင့်ကြည့်ရအောင်ပါနော်။

<Unicode Version>

 

 




- Advertisement -





<Zawgyi Version>

 

Source ~ Unilad

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 + 1 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...