HomeHome & Propertyမြန်မာနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ကို ပြန်လည်အသက်သွင်းနိုင်မလား ? ? ?
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ကို ပြန်လည်အသက်သွင်းနိုင်မလား ? ? ?
- Advertisement -
COVID-19 ကပ်ရောဂါဆိုးကြီးကို ခုခံတိုက်ထုတ်နေရတဲ့ ကာလအတွင်းမှာတော့ အိမ်ခြံမြေရောင်းအားတွေ ကျဆင်းသွားတယ်ဆိုပေမယ့် အိမ်ခြံမြေရောင်းဝယ်ရေးစျေးကွက်ကတော့ လုံးဝငြိမ်ကျသွားခြင်းမရှိဘဲ အနေအထားတစ်ခုနဲ့ ရွေ့လျားဆဲဖြစ်နေတာဟာ အဆိုးထဲက အကောင်းလို့ပဲပြောရပါမယ်။ မတ်လနဲ့ ဧပြီလအတွင်းမှာ အိမ်ခြံမြေရောင်းဝယ်နှုန်းတွေက ထိုင်းမှိုင်းသွားပေမယ့် မေလအလယ်လောက်ရောက်တဲ့ အချိန်မှာတော့ အိမ်ခြံမြေရောင်းဝယ်အားက ပြန်တက်လာခဲ့ပါတယ်။
အိမ်ခြံမြေရောင်းဝယ်ရေးစျေးကွက် လုံးဝငြိမ်ကျသွားခြင်းမရှိအောင် ထိန်းသိမ်းထားနိုင်တဲ့အချက်ကတော့ အိမ်ခြံမြေဝယ်ယူလိုသူတွေအနေနဲ့ ဝယ်ယူလို ငှားရမ်းလိုတဲ့ အိမ်ခြံမြေတွေကို ရှာဖွေနိုင်ဖို့အတွက် အွန်လိုင်းကနေတဆင့် ကြော်ငြာပေးခြင်းနဲ့ ဆွေးနွေးတိုင်ပင်ခြင်းတွေပဲ ဖြစ်ပါတယ်။
iMyanmarHouse.com ကုမ္ပဏီရဲ့ စီမံအုပ်ချုပ်ရေးမှူးဒါရိုက်တာ ဦးနေမင်းသူရဲ့ ပြောပြချက်အရ ၂၀၂၀ ခုနှစ် အစပိုင်းမှာ COVID-19 ကြောင့် ကူးသန်းသွားလာခွင့်တွေကို ပိတ်ပင်တားမြစ်ခဲ့တာကြောင့် အိမ်ခြံမြေဝယ်လိုအားဟာ ၆၀ % အထိကျဆင်းသွားတယ်လို့ သိရပါတယ်။
ဒါရိုက်တာ ဦးနေမင်းသူက ” COVID-19 မတိုင်ခင်က ကျွန်တော်တို့ဟာ တစ်လအတွင်းမှာ အိမ်ခြံမြေအရောင်းပြပွဲ ၁၅ ပွဲလောက်ကို ကျင်းပဖြစ်ပါတယ်။ အခုချိန်မှာတော့ ရောဂါကူးစက်ပျံ့ပွါးမှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံအစိုးရအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ လူစုလူဝေးမပြုလုပ်ရဘူးဆိုတော့ အိမ်ခြံမြေအရောင်းပြပွဲကို အွန်လိုင်းကနေပဲ ကျင်းပရတော့တာပေါ့။ ဒါကြောင့် မေလအတွင်းမှာတော့ အွန်လိုင်းကနေ အိမ်ခြံမြေအရောင်းပြပွဲ ၆ ပွဲလောက်ကို စီစဉ်ကျင်းပနိုင်ခဲ့တယ်။ ရှေ့လျှောက်မှာလည်း ကျွန်တော်တို့အနေနဲ့ နောက်ထပ် အိမ်ခြံမြေအရောင်းပြပွဲ ၅ ပွဲ (သို့) ၆ ပွဲလောက်ကို အွန်လိုင်းကနေ ကျင်းပပေးဖို့ စီစဉ်ထားပါတယ်။”လို့ ဆိုထားပါတယ်။
- Advertisement -
အိမ်ခြံမြေရောင်းအားကျဆင်းသွားပေမယ့် အိမ်ခြံမြေစျေးနှုန်းတွေကတော့ သိသိသာသာ  လျှော့ကျသွားခြင်း မရှိပါဘူး။ အွန်လိုင်းကနေတဆင့် အိမ်ခြံမြေအရောင်းပြပွဲတွေကို ဆက်လက်ကျင်းပနိုင်ခဲ့ခြင်းက နိုင်ငံအတွင်း ပြိုကျလုနီးပါးဖြစ်နေခဲ့တဲ့ အိမ်ခြံမြေစျေးကွက်ကို ကယ်တင်ရာရောက်ခဲ့တယ်လို့လည်း ဒါရိုက်တာ ဦးနေမင်းသူက ပွင့်လင်းစွာဖွင့်ဟဝန်ခံခဲ့ပါတယ်။
ဒါရိုက်တာဦးနေမင်းသူက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ကို အရင်လိုမျိုး ပြန်လည်စည်ကားစေဖို့အတွက် အချိန် ၆ လလောက် ယူရဦးမယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် iMyanmarHouse.com ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ်အစပိုင်း ၃ လအတွင်းမှာတော့ အိမ်ခြံမြေတွေကို ရောင်းချနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
- Advertisement -
ShweProperty.com က ဦးကောင်းသူဝင်းက နိုင်ငံရပ်ခြားမှာနေထိုင်နေတဲ့ မြန်မာလူမျိုးအများစုဟာ အွန်လိုင်းကနေတဆင့် ကျင်းပပေးတဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေကို ပိုစိတ်ဝင်စားကြတယ်လို့ ဆိုလာပါတယ်။ ဒါ့အပြင် ဦးကောင်းသူဝင်းက အွန်လိုင်းကနေတဆင့် အိမ်ခြံမြေအရောင်းပြပွဲတွေ ကျင်းပပေးခြင်းအားဖြင့် အိမ်ခြံမြေအကျိုးဆောင်တွေကိုလည်း ဝယ်ယူလိုသူတွေနဲ့ ချိတ်ဆက်ပေးရာရောက်တာမို့ နှစ်ဦးနှစ်ဖက် အဆင်ပြေစေတယ်လို့လည်း ဆိုခဲ့ပါတယ်။
<Unicode Version>
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ကို ပြန်လည်အသက်သွင်းနိုင်မလား ? ? ?
အိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက် လုံးဝငြိမ်ကျသွားခြင်းမရှိအောင် ထိန်းသိမ်းထားနိုင်တဲ့အချက်ကတော့ အိမ်ခြံမြေဝယ်ယူလိုသူတွေအနေနဲ့ ဝယ်ယူလို ငှားရမ်းလိုတဲ့ အိမ်ခြံမြေတွေကို ရှာဖွေနိုင်ဖို့အတွက် အွန်လိုင်းကနေတဆင့် ကြော်ငြာပေးခြင်းနဲ့ ဆွေးနွေးတိုင်ပင်ခြင်းတွေပဲ ဖြစ်ပါတယ်။
- Advertisement -
အိမ်ခြံမြေရောင်းအားကျဆင်းသွားပေမယ့် အိမ်ခြံမြေဈေးနှုန်းတွေကတော့ သိသိသာသာ  လျှော့ကျသွားခြင်း မရှိပါဘူး။ အွန်လိုင်းကနေတဆင့် အိမ်ခြံမြေအရောင်းပြပွဲတွေကို ဆက်လက်ကျင်းပနိုင်ခဲ့ခြင်းက နိုင်ငံအတွင်း ပြိုကျလုနီးပါးဖြစ်နေခဲ့တဲ့ အိမ်ခြံမြေဈေးကွက်ကို ကယ်တင်ရာရောက်ခဲ့တယ်လို့လည်း ဒါရိုက်တာ ဦးနေမင်းသူက ပွင့်လင်းစွာဖွင့်ဟဝန်ခံခဲ့ပါတယ်။
<Zawgyi Version>
#SY(Soshwe)
#soshwehomeandproperty
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
20 − 4 =
Must Read
လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။
၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...