HomeHome & PropertyProperty Guru ဆုပေးပွဲကြီးဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကိုရရှိနိုင်မှာလား?

Property Guru ဆုပေးပွဲကြီးဟာ ပြည်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုကိုရရှိနိုင်မှာလား?

- Advertisement -

အာရှတစ်ခွင် Property Guru ဆုပေးပွဲနဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေကို တာဝန်ယူစီစဉ်ပေးတဲ့ စီမံအုပ်ချုပ်ရေး ဒါရိုက်တာ Jules Kay က နိုင်ငံအတွင်း အိမ်ခြံမြေရောင်းဝယ်ရေး ကုမ္ပဏီတွေရဲ့ အိမ်ခြံမြေတွေကို နိုင်ငံတကာက အိမ်ခြံမြေဝယ်လိုသူတွေ ဝယ်ယူနိုင်ဖို့အတွက် ကြေငြာပေးခြင်းအားဖြင့် COVID-19 အလွန် ကာလတစ်လျှောက်မှာ နိုင်ငံအတွင်း အိမ်ခြံမြေရောင်းအားကို မြှင့်တင်ပေးနိုင်ပါတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် Jules Kay က “ကျွန်မတို့ရဲ့ အိမ်ခြံမြေရောင်းဝယ်ပေးဆိုင်ရာ ဆုပေးပွဲတွေကို ကျင်းပခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိမ်ခြံမြေတွေကို နိုင်ငံတကာက ဝယ်ယူလိုသူတွေ စိတ်ဝင်စားမှုရရှိလာအောင်  ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။” လို့ ဆိုထားပါတယ်။

ဒါ့အပြင် အဆိုပါဆုပေးပွဲမှာ ဆုရရှိသူတွေဟာ Emerson Real Estate ကုမ္ပဏီပိုင်ရှင် Richard Emerson ရဲ့ အသိအမှတ်ပြုတံဆိပ်ကို ရရှိမှာဖြစ်တဲ့အပြင် ရောင်းမထွက်သေးတဲ့ အိမ်ခြံမြေတွေကို ပြည်ပဝယ်ယူသူတွေ စိတ်ဝင်စားလာအောင် ကြော်ငြာပေးမယ်လို့ သိရပါတယ်။

- Advertisement -

အဆိုပါ Property Guru ဆုပေးပွဲကြီးကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ Sule Shangri-La ဟိုတယ်မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။ ဆုပေးပွဲကြီးကို ခမ်းနားကြီးကျယ်စွာကျင်းပနိုင်ဖို့အတွက် မြန်မာနိုင်ငံက Shwe Property ကုမ္ပဏီကလည်း အားသွန်ခွန်စိုက် ကူညီပေးသွားမယ်လို့ သိရပါတယ်။

- Advertisement -

Shwe Property ကုမ္ပဏီ ဒါရိုက်တာ ဦးကောင်းသူဝင်းက အဆိုပါဆုပေးပွဲကျင်းပခြင်းအားဖြင့် နိုင်ငံတကာက အိမ်ခြံမြေစျေးကွက်တွေအထိ ခရီးရောက်နိုင်တယ်လို့ ဆိုလာပါတယ်။ အဆိုပါ ဆုပေးပွဲမှာ ထိုက်သင့်တဲ့ဆုကိုရရှိမယ့် ကုမ္ပဏီတွေကို စစ်ဆေးဆုံးဖြတ်ပေးမယ့်သူတွေကတော့ မြန်မာနိုင်ငံ BOD အဖွဲ့အစည်းက ထိပ်တန်းစီမံအုပ်ချုပ်သူတွေဖြစ်တဲ့ Joe Yew Chin Jee ၊ Ma Nang Hnin Thet Htwe နဲ့ Hong Shi Yin တို့ပဲ ဖြစ်ပါတယ်။

ဆုတံဆိပ်တွေကတော့ အကောင်းဆုံးဇိမ်ခံကွန်ဒိုဆု ၊ အသက်သာဆုံး စျေးနှုန်းဖြင့်ရောင်းချတဲ့ ကွန်ဒိုဆုနဲ့ အကောင်းဆုံး အိမ်အတွင်းဒီဇိုင်းဆုတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုလိုနီခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို မျက်မှောက်ခေတ်ထိ ထိန်းသိမ်းထားနိုင်တဲ့ ပိုင်ရှင်တွေကိုလည်း  ရှေးဟောင်းဗိသုကာကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ထားနိုင်တဲ့ ဆုတွေကိုလည်း ချီးမြင့်သွားမယ်လို့ သိရပါတယ်။ အဆိုပါဆုပေးပွဲမှာ ပါဝင်ရှင်ပြိုင်လိုသူတွေအနေနဲ့ သြဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရမှာပဲ ဖြစ်ပါတယ်။

<Unicode Version>

 

 

Property Guru ဆုေပးပြဲႀကီးဟာ ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ စိတ္ဝင္စားမႈကိုရရွိႏိုင္မွာလား?

အာရွတစ္ခြင္ Property Guru ဆုေပးပြဲနဲ႔ အိမ္ျခံေျမအေရာင္းျပပြဲေတြကို တာဝန္ယူစီစဥ္ေပးတဲ့ စီမံအုပ္ခ်ဳပ္ေရး ဒါ႐ိုက္တာ Jules Kay က ႏိုင္ငံအတြင္း အိမ္ျခံေျမေရာင္းဝယ္ေရး ကုမၸဏီေတြရဲ႕ အိမ္ျခံေျမေတြကို ႏိုင္ငံတကာက အိမ္ျခံေျမဝယ္လိုသူေတြ ဝယ္ယူႏိုင္ဖို႔အတြက္ ေၾကျငာေပးျခင္းအားျဖင့္ COVID-19 အလြန္ ကာလတစ္ေလွ်ာက္မွာ ႏိုင္ငံအတြင္း အိမ္ျခံေျမေရာင္းအားကို ျမႇင့္တင္ေပးႏိုင္ပါတယ္လို႔ ဆိုထားပါတယ္။

ဒါ့အျပင္ Jules Kay က “ကၽြန္မတို႔ရဲ႕ အိမ္ျခံေျမေရာင္းဝယ္ေပးဆိုင္ရာ ဆုေပးပြဲေတြကို က်င္းပျခင္းအားျဖင့္ ျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ အိမ္ျခံေျမေတြကို ႏိုင္ငံတကာက ဝယ္ယူလိုသူေတြ စိတ္ဝင္စားမႈရရွိလာေအာင္  ျပဳလုပ္ႏိုင္မွာပဲျဖစ္ပါတယ္။” လို႔ ဆိုထားပါတယ္။

- Advertisement -

ဒါ့အျပင္ အဆိုပါဆုေပးပြဲမွာ ဆုရရွိသူေတြဟာ Emerson Real Estate ကုမၸဏီပိုင္ရွင္ Richard Emerson ရဲ႕ အသိအမွတ္ျပဳတံဆိပ္ကို ရရွိမွာျဖစ္တဲ့အျပင္ ေရာင္းမထြက္ေသးတဲ့ အိမ္ျခံေျမေတြကို ျပည္ပဝယ္ယူသူေတြ စိတ္ဝင္စားလာေအာင္ ေၾကာ္ျငာေပးမယ္လို႔ သိရပါတယ္။

အဆိုပါ Property Guru ဆုေပးပြဲႀကီးကို ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာ Sule Shangri-La ဟိုတယ္မွာ က်င္းပသြားမွာပဲျဖစ္ပါတယ္။ ဆုေပးပြဲႀကီးကို ခမ္းနားႀကီးက်ယ္စြာက်င္းပႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံက Shwe Property ကုမၸဏီကလည္း အားသြန္ခြန္စိုက္ ကူညီေပးသြားမယ္လို႔ သိရပါတယ္။

Shwe Property ကုမၸဏီ ဒါ႐ိုက္တာ ဦးေကာင္းသူဝင္းက အဆိုပါဆုေပးပြဲက်င္းပျခင္းအားျဖင့္ ႏိုင္ငံတကာက အိမ္ျခံေျမေစ်းကြက္ေတြအထိ ခရီးေရာက္ႏိုင္တယ္လို႔ ဆိုလာပါတယ္။ အဆိုပါ ဆုေပးပြဲမွာ ထိုက္သင့္တဲ့ဆုကိုရရွိမယ့္ ကုမၸဏီေတြကို စစ္ေဆးဆံုးျဖတ္ေပးမယ့္သူေတြကေတာ့ ျမန္မာႏိုင္ငံ BOD အဖြဲ႔အစည္းက ထိပ္တန္းစီမံအုပ္ခ်ဳပ္သူေတြျဖစ္တဲ့ Joe Yew Chin Jee ၊ Ma Nang Hnin Thet Htwe နဲ႔ Hong Shi Yin တို႔ပဲ ျဖစ္ပါတယ္။

ဆုတံဆိပ္ေတြကေတာ့ အေကာင္းဆံုးဇိမ္ခံကြန္ဒိုဆု ၊ အသက္သာဆံုး ေစ်းႏႈန္းျဖင့္ေရာင္းခ်တဲ့ ကြန္ဒိုဆုနဲ႔ အေကာင္းဆံုး အိမ္အတြင္းဒီဇိုင္းဆုတို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ကိုလိုနီေခတ္ကတည္းက ေဆာက္လုပ္ထားတဲ့ အေဆာက္အအံုေတြကို မ်က္ေမွာက္ေခတ္ထိ ထိန္းသိမ္းထားႏိုင္တဲ့ ပိုင္ရွင္ေတြကိုလည္း  ေရွးေဟာင္းဗိသုကာကို အေကာင္းဆံုးထိန္းသိမ္းေစာင့္ေရွာက္ထားႏိုင္တဲ့ ဆုေတြကိုလည္း ခ်ီးျမင့္သြားမယ္လို႔ သိရပါတယ္။ အဆိုပါဆုေပးပြဲမွာ ပါဝင္ရွင္ၿပိဳင္လိုသူေတြအေနနဲ႔ ၾသဂုတ္လ ၂၈ ရက္ေန႔ ေနာက္ဆံုးထားၿပီး စာရင္းေပးသြင္းရမွာပဲ ျဖစ္ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdialylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 − eighteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...