HomeEntertainmentKanye West တစ်ယောက် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိတော့ဘူးလား?

Kanye West တစ်ယောက် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အစီအစဉ်မရှိတော့ဘူးလား?

- Advertisement -

Hollywood လောကမှာ အကောင်းတကာ့ အကောင်းဆုံးသော ဂီတပညာရှင်တစ်ဦးအဖြစ်ရော ဖက်ရှင်လောကမှာ နာမည်ကြီးတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ်ပါ လူသိများကျော်ကြားတဲ့ Kanye West ဟာ အခုချိန်မှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ဘုရားတရားအလွန်ကိုင်းရှိုင်းတဲ့ သူတစ်ဦးလည်း  ဖြစ်လာပါတယ်။

မကြာခင်မှာ အမေရိကန်ပြည်ထောင်စုနိုင်ငံသားတွေ ရွေးကောက်တင်မြောက်မယ့် သမ္မတရွေးကောက်ပွဲကြီး  ရောက်ရှိလို့လာပါတော့မယ်။ ဒါကြောင့် ဇူလိုင်လ ၁၄ ရက်နေမှာတော့ Kanye West ဟာ အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အတိအလင်း  ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

Kanye West ဟာ ဒီမိုကရေစီဝါဒီ Hillary Clinton ကို ထောက်ခံအားပေးခဲ့သူမဟုတ်ဘဲ သမ္မတစနစ်ဝါဒီ သမ္မတ Trump ကို ထောက်ခံအားပေးခဲ့သူဖြစ်ပါတယ်။ New York မဂ္ဂဇင်းရဲ့ သတင်းပေးချက်အရ Kanye West ဟာ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အားတက်သရော ဆက်လက်ကြိုးပမ်းနေခြင်း မရှိဘူးလို့ သိရပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ အကြံပေးပညာရှင် Steve Kramer က Kanye West ကို ဖလော်ရီဒါနဲ့  တောင်ဘက်ကယ်ရိုလီးနား ဒေသမှာနေထိုင်တဲ့ ပြည်သူပြည်သားတွေဆီက ထောက်ခံမဲရရှိဖို့အတွက် ကူညီပေးခဲ့ဖူးပေမယ့် အခုချိန်မှာတော့ Kanye က သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စိတ်မပါတော့သလိုဖြစ်နေကြောင်း ပွင့်လင်းစွာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ အမျိုးသားရွေးကောက်ပွဲမှာတော့ Kanye ကို သမ္မတအဖြစ်တင်မြောက်ဖို့ ထောက်ခံခဲ့တဲ့မဲအရေအတွက်က ၂% ပဲရှိခဲ့ပါတယ်။

- Advertisement -

မကြာသေးခင်က Kanye West ဟာ “အမေရိကပြည်ထောင်စုကြီးကို နံပါတ် ၁ နေရာမှာ  ပြန်လည်တွေ့မြင်လိုရင် ဘုရားသခင်အပေါ်မှာ ယုံကြည်ရမယ်။ ကျွန်တော်တို့ရဲ့  အမြော်အမြင်တွေကို  စုပေါင်းထားရမယ်။ ပြီးရင်တော့ ကျွန်တော်တို့ရဲ့ အနာဂါတ်တွေကို  ကိုယ်တိုင်တည်ဆောက်နိုင်ရမယ်။  ကျွန်တော်ကတော့ အမေရိကန်ပြည်ထောင်စုကို ကယ်တင်နိုင်မယ့် သမ္မတတစ်ဦးဖြစ်လာဖို့အတွက် ကြိုးစားနေပါတယ်။” လို့ ကြေငြာပြောဆိုခဲ့ပါတယ်။

Kanye West ရဲ့ ရွေးကောက်ပွဲဆိုင်ရာ မဲစွယ်ကြေငြာမှုနဲ့ ပတ်သက်ပြီး Rapper 50 Cent က Kanye West ဟာ ပြည်သူပြည်သားတွေရဲ့ အာရုံကိုပြောင်းဖို့အတွက် ကြိုးစားနေခြင်းဖြစ်တယ်လို့ ယူဆကြောင်း  ပြောဆိုခဲ့ပါတယ်။

- Advertisement -

Kanye West ကတော့ မဖြစ်သင့်တဲ့ အရှုပ်အထွေးတွေကို ကြုံတွေ့လာရတာမို့ သမ္မတကြီး Trump ကို ဆက်လက်ထောက်ခံနေပေမယ့် “Red Hat” ကိုတော့ မဝတ်ဆင်တော့ဘူးလို့ Forbes မဂ္ဂဇင်းက ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ ဒါ့အပြင် Kanye က COVID-19  ရောဂါမခံစားရအောင်  ကာကွယ်ဆေးထိုးနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ချယုံကြည်မှုမရှိကြောင်းကိုလည်း ဆိုထားပါသေးတယ်။

<Unicode Version>

 

 

Kanye West တစ္ေယာက္ အေမရိကန္ျပည္ေထာင္စု သမၼတေရြးေကာက္ပြဲမွာ  ပါဝင္ယွဥ္ၿပိဳင္ဖို႔ အစီအစဥ္မရွိေတာ့ဘူးလား?

Hollywood ေလာကမွာ အေကာင္းတကာ့ အေကာင္းဆံုးေသာ ဂီတပညာရွင္တစ္ဦးအျဖစ္ေရာ ဖက္ရွင္ေလာကမွာ နာမည္ႀကီးတဲ့ ဖက္ရွင္ဒီဇိုင္နာတစ္ဦးအျဖစ္ပါ လူသိမ်ားေက်ာ္ၾကားတဲ့ Kanye West ဟာ အခုခ်ိန္မွာလည္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္ရင္း ဘုရားတရားအလြန္ကိုင္း႐ႈိင္းတဲ့ သူတစ္ဦးလည္း  ျဖစ္လာပါတယ္။

မၾကာခင္မွာ အေမရိကန္ျပည္ေထာင္စုႏိုင္ငံသားေတြ ေရြးေကာက္တင္ေျမာက္မယ့္ သမၼတေရြးေကာက္ပြဲႀကီး  ေရာက္ရွိလို႔လာပါေတာ့မယ္။ ဒါေၾကာင့္ ဇူလိုင္လ ၁၄ ရက္ေနမွာေတာ့ Kanye West ဟာ အေမရိကန္ျပည္ေထာင္စု သမၼတေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း အတိအလင္း  ေၾကျငာခဲ့တာပဲျဖစ္ပါတယ္။

Kanye West ဟာ ဒီမိုကေရစီဝါဒီ Hillary Clinton ကို ေထာက္ခံအားေပးခဲ့သူမဟုတ္ဘဲ သမၼတစနစ္ဝါဒီ သမၼတ Trump ကို ေထာက္ခံအားေပးခဲ့သူျဖစ္ပါတယ္။ New York မဂၢဇင္းရဲ႕ သတင္းေပးခ်က္အရ Kanye West ဟာ သမၼတေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ အားတက္သေရာ ဆက္လက္ႀကိဳးပမ္းေနျခင္း မရွိဘူးလို႔ သိရပါတယ္။

- Advertisement -

ေရြးေကာက္ပြဲဆိုင္ရာ အၾကံေပးပညာရွင္ Steve Kramer က Kanye West ကို ဖေလာ္ရီဒါနဲ႔  ေတာင္ဘက္ကယ္႐ိုလီးနား ေဒသမွာေနထိုင္တဲ့ ျပည္သူျပည္သားေတြဆီက ေထာက္ခံမဲရရွိဖို႔အတြက္ ကူညီေပးခဲ့ဖူးေပမယ့္ အခုခ်ိန္မွာေတာ့ Kanye က သမၼတေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔အတြက္ စိတ္မပါေတာ့သလိုျဖစ္ေနေၾကာင္း ပြင့္လင္းစြာ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။ လြန္ခဲ့တဲ့ အဂၤါေန႔မွာ က်င္းပခဲ့တဲ့ အမ်ိဳးသားေရြးေကာက္ပြဲမွာေတာ့ Kanye ကို သမၼတအျဖစ္တင္ေျမာက္ဖို႔ ေထာက္ခံခဲ့တဲ့မဲအေရအတြက္က ၂% ပဲရွိခဲ့ပါတယ္။

မၾကာေသးခင္က Kanye West ဟာ “အေမရိကျပည္ေထာင္စုႀကီးကို နံပါတ္ ၁ ေနရာမွာ  ျပန္လည္ေတြ႕ျမင္လိုရင္ ဘုရားသခင္အေပၚမွာ ယံုၾကည္ရမယ္။ ကၽြန္ေတာ္တို႔ရဲ႕  အေျမာ္အျမင္ေတြကို  စုေပါင္းထားရမယ္။ ၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ရဲ႕ အနာဂါတ္ေတြကို  ကိုယ္တိုင္တည္ေဆာက္ႏိုင္ရမယ္။  ကၽြန္ေတာ္ကေတာ့ အေမရိကန္ျပည္ေထာင္စုကို ကယ္တင္ႏိုင္မယ့္ သမၼတတစ္ဦးျဖစ္လာဖို႔အတြက္ ႀကိဳးစားေနပါတယ္။” လို႔ ေၾကျငာေျပာဆိုခဲ့ပါတယ္။

Kanye West ရဲ႕ ေရြးေကာက္ပြဲဆိုင္ရာ မဲစြယ္ေၾကျငာမႈနဲ႔ ပတ္သက္ၿပီး Rapper 50 Cent က Kanye West ဟာ ျပည္သူျပည္သားေတြရဲ႕ အာ႐ံုကိုေျပာင္းဖို႔အတြက္ ႀကိဳးစားေနျခင္းျဖစ္တယ္လို႔ ယူဆေၾကာင္း  ေျပာဆိုခဲ့ပါတယ္။

Kanye West ကေတာ့ မျဖစ္သင့္တဲ့ အ႐ႈပ္အေထြးေတြကို ၾကံဳေတြ႕လာရတာမို႔ သမၼတႀကီး Trump ကို ဆက္လက္ေထာက္ခံေနေပမယ့္ “Red Hat” ကိုေတာ့ မဝတ္ဆင္ေတာ့ဘူးလို႔ Forbes မဂၢဇင္းက ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုခဲ့ပါတယ္။ ဒါ့အျပင္ Kanye က COVID-19  ေရာဂါမခံစားရေအာင္  ကာကြယ္ေဆးထိုးႏိုင္တယ္ဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း စိတ္ခ်ယံုၾကည္မႈမရွိေၾကာင္းကိုလည္း ဆိုထားပါေသးတယ္။

<Zawgyi Version>

 

Source ~ EW

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − 7 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...