HomeLifeStyleညီမဖြစ်သူကို အသက်နဲ့ရင်းပြီး ကယ်တင်ခဲ့တဲ့ သူရဲကောင်းလေးကို Captain America ဒိုင်း လက်ဆောင်ပေးခဲ့တဲ့ Chris Evans

ညီမဖြစ်သူကို အသက်နဲ့ရင်းပြီး ကယ်တင်ခဲ့တဲ့ သူရဲကောင်းလေးကို Captain America ဒိုင်း လက်ဆောင်ပေးခဲ့တဲ့ Chris Evans

- Advertisement -

ညီမဖြစ်သူကို ကိုက်ဖို့လုပ်နေတဲ့ ခွေးအရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ညီမလေးကိုကာကွယ်ပေးရင်း ခွေးကိုက်တာခံလိုက်ရတာတောင်မှ “ခွေးကိုက်ခံရလို့ သေမယ်ဆိုရင်တောင် သေရမယ့်သူက ညီမလေးမဟုတ်ဘဲ သားပဲဖြစ်ရမယ်” လို့ ပြောဆိုခဲ့တဲ့ကောင်လေးကို ရုပ်ရှင်ဇာတ်ကားတွေထဲမှာပဲ မြင်ရမယ်လို့ ယူဆထားသူတွေအနေနဲ့ မှားယွင်းတဲ့အတွေးဖြစ်ကြောင်း သက်သေပြလိုက်သူကတော့ အသက် ၆ နှစ်အရွယ် Bridger ဆိုတဲ့ ကောင်လေးပဲဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တုန်းက Bridger လေးဟာ ညီမဖြစ်သူကို ခွေးတစ်ကောင်က ကိုက်တော့မယ့်အချိန် ကြားကဝင်ပြီး ကယ်ဆယ်ပေးလိုက်တာကြောင့် သူ့ရဲ့မျက်နှာပေါ်မှာ ခွေးကိုက်ဒဏ်ရာကြောင့် ချုပ်ရိုးပေါင်း ၉၀ လောက် အချုပ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ Bridger လေးရဲ့ အဒေါ်ဖြစ်သူ Nicole Noel Walker က “Avengers” အဖွဲ့သားတွေကို တူလေးရဲ့ ရဲရင့်မှုအကြောင်းကို ရေးသားပို့ဆောင်ခဲ့ပြီးနောက်မှာတော့ “Avengers” အဖွဲ့ရဲ့ခေါင်းဆောင် Captain America အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Chris Evans က Bridger ဆီကို Captain America ဒိုင်း လက်ဆောင်အနေနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

https://www.instagram.com/tv/CCrmxv1gTek/?utm_source=ig_embed&utm_campaign=loading

- Advertisement -

ဒါ့အပြင် Chris Evans က Bridger လေးဆီကို ဗီဒီယိုအတိုလေး ပို့ဆောင်ခဲ့ပြီး အဆိုပါ ဗီဒီယိုထဲမှာတော့ Chris က “Bridger လေးရေ… မင်းဟာတကယ်ကို ရဲရင့်တဲ့သူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်။ မင်းကို အကိုအဖြစ် ပိုင်ဆိုင်ထားရတဲ့ ညီမလေးဟာ ကံကောင်းတဲ့ ကလေးလေးပါ။ မင်းရဲ့ မိဘတွေဟာလည်း မင်းအတွက် အရမ်းဂုဏ်ယူနေမှာပါ။ မင်းလိုသူရဲကောင်းမျိုးကို ဦးလေးတို့နေထိုင်တဲ့ကမ္ဘာမှာ အများအပြားလိုအပ်နေတာ အမှန်ပါပဲ။ ဒါကြောင့် အခုလိုမျိုး အမြဲတမ်းရဲရင့်အောင် နေထိုင်ပါ။ နာကျင်ရတဲ့ ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမယ့်လည်း မင်းလိုသူရဲကောင်းမျိုးကို ဘယ်အရာတွေကမှ ရှုံးနှိမ့်အောင် မလုပ်နိုင်ပါဘူး။” လို့ ချီးမွမ်းအားပေးစကား ဆိုထားပါတယ်။

- Advertisement -

https://www.instagram.com/p/CCjDnLngOYO/?utm_source=ig_embed

Chris Evans အပြင် Hulk အဖြစ် သရုပ်ဆောင်ထားတဲ့ Mark Ruffalo ကလည်း Bridger လေးရဲ့ ရဲရင့်မှုကို ချီးမွမ်းဂုဏ်ပြုတဲ့အနေနဲ့ Walker ရဲ့ အင်စတာဂရမ်ဓါတ်ပုံမှာ “တွေ့ဖူးသမျှ လူသားတွေထဲမှာမှ အရဲရင့်ဆုံးလူသားလေး။” လို့ ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အခြားသော Avengers ဇာတ်ကားတွေထဲမှာ သူရဲကောင်းတွေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Robbie Amell ၊ Brie Larson နဲ့ Grant Gustin တို့ကလည်း Bridger လေးရဲ့ ရဲရင့်တဲ့သတ္တိကို ချီးမွမ်းခဲ့ကြပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...