မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း လိင်ဆက်ဆံခြင်းကနေတဆင့်ကူးစက်တဲ့ AIDS ရောဂါကြောင့် သေဆုံးသူ ၈,၀၀၀ နီးပါးရှိခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဖျက်ချခြင်းကနေ သေဆုံးသူအမျိုးသမီး ပမာဏဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် အာရှနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ ဒုတိယနေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားအများစုဟာ လိင်ပိုင်းဆိုင်ရာ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ မသိရှိထားတာကြောင့် အထက်မှာဖော်ပြထားတဲ့ ပြဿနာတွေကို ကြုံတွေ့ရခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ပညာရေးဝန်ကြီးဌာနဟာ သိတတ်စအရွယ် ကလေးငယ်အနေနဲ့ သိသင့်သိထိုက်တဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို ပုံနှိပ်စာအုပ်ထဲမှာ ရေးသားဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။ အဆိုပါရေးသားဖော်ပြခြင်းကို အမြင်ကျယ်တဲ့ လူအများစုကတော့ သဘောတူကြပေမယ့် သဘောမတူသူတွေလည်း ရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို ပုံနှိပ်စာအုပ်ထဲမှာ ရေးသားဖော်ပြခြင်းကို ကန့်ကွက်သူအများစုက လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ရေးသားဖော်ပြခြင်းဟာ ရှက်စရာကောင်းတယ်လို့ ယူဆထားတာကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအများစုဟာ အမျိုးသားနဲ့အမျိုးသမီးတို့ ချစ်တင်းနှောလိုရင် လက်ထပ်ထိမ်းမြားပြီးမှ ချစ်တင်းနှောလို့ရတာဖြစ်ပြီး လက်ထပ်မထိမ်းမြားရသေးဘဲနဲ့ ချစ်တင်းနှောခြင်းဟာ တရားမဝင်တဲ့ အပြစ်ထိုက်တဲ့ လုပ်ရပ်တစ်ခုလို့ ယူဆနေဆဲဖြစ်ပါတယ်။ အဆိုပါယူဆချက်ဟာ ရှေးရိုးစွဲအယူအဆတစ်ခုသာဖြစ်ပြီး ၂၁ ရာစုကို ရောက်လာတာတောင်မှ မြန်မာလူမျိုး သက်ကြီးရွယ်အိုအများစုဟာ လိင်တူချစ်ကြိုက်သူတွေနဲ့ ချစ်သူရည်းစား ထားရှိတဲ့ ဆယ်ကျော်သက်တွေကို ရှုံ့ချနေဆဲဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတော်ကို ဦးဆောင်အုပ်ချုပ်ခွင့် ရရှိလာတဲ့ အချိန်မှသာ ကျောင်းသူ/ကျောင်းသားတွေဟာ လိင်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို သင်ယူလေ့လာခွင့် ရရှိလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရှက်အကြောက်ကြီးတဲ့ ဆရာ/ဆရာမတွေက ကျောင်းသူ/ကျောင်းသာတွေကို လိင်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို ပွင့်လင်းစွာ ရှင်းပြသင်ကြားပေးခြင်း အားနည်းခဲ့တာကြောင့် ထိရောက်မှုမရှိခဲ့ပါဘူး။
၂၀၂၀ ခုနှစ် ဇူလိုင်လမှာ စတင်ထုတ်ဝေမယ့် လိင်ပိုင်းဆိုင်ရာ ဗဟုသုတတွေ ပါဝင်တဲ့ ပုံနှိပ်စာအုပ်တွေထဲမှာ ကျောင်းသူ/ကျောင်းသားတွေ နားလည်နိုင်လောက်မယ့် ဥပမာတွေကို ဖော်ပြထားပေးတယ်လို့လည်း သိရပါတယ်။
ဗုဒ္ဓဘာသာကိုးကွယ်သူအများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရှေးရိုးစွဲအယူအဆတွေ ရှိတာကြောင့် ကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ ဗဟုသုတွေကို ထိရောက်စွာသင်ကြားခွင့်မရှိဘူးလို့ သတိပေးပြောကြားခဲ့တဲ့ ဆရာဝန် ကျော်ဝင်းသန့်ဟာ ဗုဒ္ဓသာသနာတော်ကို နှုတ်အားဖြင့်စော်ကားတယ်လို့ဆိုကာ ထောင်ဒဏ် ၂၁ လ ချမှတ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
အောင်ဖိုးမင်းဆိုသူက “ပုံနှိပ်စာအုပ်လား အပြာစာအုပ်လား?” လို့ သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ အောင်ဖိုးမင်းရဲ့ ယူဆချက်ကို သဘောတူသူတွေလည်း အများအပြားရှိသလို ကန့်ကွက်သူတွေလည်း အများအပြားရှိပါတယ်။ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုနဲ့ ပတ်သက်ပြီး စကားအချေအတင်တွေဖြစ်ခဲ့တာကြောင့် အစိုးရအဖွဲ့အနေနဲ့ ကျောင်းသူ/ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာ ပညာပေးသင့်/မပေးသင့် ပြန်လည်သုံးသပ်ကောင်း သုံးသပ်နေပါလိမ့်မယ်။
ဒါပေမယ့် ပညာရေးဝန်ကြီးဌာနကတော့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေကို အဓိကထားပြီး လိင်ပိုင်းဆိုင်ရာ ပညာပေးလိုတာကြောင့် ကျွမ်းကျင်ရုပ်ပုံဆွဲပညာရှင်တွေက ကလေးငယ်တွေ မြင်ဖို့သင့်တော်တဲ့ ရုပ်ပုံတွေကိုသာ ပုံနှိပ်စာအုပ်ထဲမှာ ရေးဆွဲဖော်ပြထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဆိုပါ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုဟာ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင်ယှက်ခြင်းတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်တယ်လို့ ပညာရှင်တွေက အခိုင်အမာ ပြောဆိုထားပါသေးတယ်။
<Unicode Version>
ပံုႏွိပ္စာအုပ္ေတြမွာ လိင္ပိုင္းဆိုင္ရာပညာေပး သင္႐ိုးၫႊန္တမ္းေတြ ပါဝင္လာျခင္းအေပၚ ျမန္မာႏိုင္ငံသားေတြရဲ႕ တံု႔ျပန္မႈ။
ျမန္မာႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္အတြင္း လိင္ဆက္ဆံျခင္းကေနတဆင့္ကူးစက္တဲ့ AIDS ေရာဂါေၾကာင့္ ေသဆံုးသူ ၈,၀၀၀ နီးပါးရွိခဲ့ပါတယ္။ ဒါ့အျပင္ ကိုယ္ဝန္ဖ်က္ခ်ျခင္းကေန ေသဆံုးသူအမ်ိဳးသမီး ပမာဏဟာ အာဖဂန္နစၥတန္ႏိုင္ငံၿပီးရင္ အာရွႏိုင္ငံေတြထဲမွာ ျမန္မာႏိုင္ငံဟာ ဒုတိယေနရာမွာ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံသားအမ်ားစုဟာ လိင္ပိုင္းဆိုင္ရာ သိသင့္သိထိုက္တဲ့ အခ်က္အလက္ေတြ မသိရွိထားတာေၾကာင့္ အထက္မွာေဖာ္ျပထားတဲ့ ျပႆနာေတြကို ၾကံဳေတြ႕ရျခင္း ျဖစ္ပါတယ္။
ဒါေၾကာင့္ ပညာေရးဝန္ႀကီးဌာနဟာ သိတတ္စအရြယ္ ကေလးငယ္အေနနဲ႔ သိသင့္သိထိုက္တဲ့ လိင္ပိုင္းဆိုင္ရာ အခ်က္အလက္ေတြကို ပံုႏွိပ္စာအုပ္ထဲမွာ ေရးသားေဖာ္ျပလိုက္တာပဲ ျဖစ္ပါတယ္။ အဆိုပါေရးသားေဖာ္ျပျခင္းကို အျမင္က်ယ္တဲ့ လူအမ်ားစုကေတာ့ သေဘာတူၾကေပမယ့္ သေဘာမတူသူေတြလည္း ရွိပါတယ္။ လိင္ပိုင္းဆိုင္ရာ အခ်က္အလက္ေတြကို ပံုႏွိပ္စာအုပ္ထဲမွာ ေရးသားေဖာ္ျပျခင္းကို ကန္႔ကြက္သူအမ်ားစုက လိင္ပိုင္းဆိုင္ရာ ကိစၥေတြကို ေရးသားေဖာ္ျပျခင္းဟာ ရွက္စရာေကာင္းတယ္လို႔ ယူဆထားတာေၾကာင့္ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံသားအမ်ားစုဟာ အမ်ိဳးသားနဲ႔အမ်ိဳးသမီးတို႔ ခ်စ္တင္းေႏွာလိုရင္ လက္ထပ္ထိမ္းျမားၿပီးမွ ခ်စ္တင္းေႏွာလို႔ရတာျဖစ္ၿပီး လက္ထပ္မထိမ္းျမားရေသးဘဲနဲ႔ ခ်စ္တင္းေႏွာျခင္းဟာ တရားမဝင္တဲ့ အျပစ္ထိုက္တဲ့ လုပ္ရပ္တစ္ခုလို႔ ယူဆေနဆဲျဖစ္ပါတယ္။ အဆိုပါယူဆခ်က္ဟာ ေရွး႐ိုးစြဲအယူအဆတစ္ခုသာျဖစ္ၿပီး ၂၁ ရာစုကို ေရာက္လာတာေတာင္မွ ျမန္မာလူမ်ိဳး သက္ႀကီးရြယ္အိုအမ်ားစုဟာ လိင္တူခ်စ္ႀကိဳက္သူေတြနဲ႔ ခ်စ္သူရည္းစား ထားရွိတဲ့ ဆယ္ေက်ာ္သက္ေတြကို ႐ႈံ႕ခ်ေနဆဲျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏိုင္ငံေတာ္ကို ဦးေဆာင္အုပ္ခ်ဳပ္ခြင့္ ရရွိလာတဲ့ အခ်ိန္မွသာ ေက်ာင္းသူ/ေက်ာင္းသားေတြဟာ လိင္ပိုင္းဆိုင္ရာ ဗဟုသုတေတြကို သင္ယူေလ့လာခြင့္ ရရွိလာတာပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း အရွက္အေၾကာက္ႀကီးတဲ့ ဆရာ/ဆရာမေတြက ေက်ာင္းသူ/ေက်ာင္းသာေတြကို လိင္ပိုင္းဆိုင္ရာ ဗဟုသုတေတြကို ပြင့္လင္းစြာ ရွင္းျပသင္ၾကားေပးျခင္း အားနည္းခဲ့တာေၾကာင့္ ထိေရာက္မႈမရွိခဲ့ပါဘူး။
၂၀၂၀ ခုႏွစ္ ဇူလိုင္လမွာ စတင္ထုတ္ေဝမယ့္ လိင္ပိုင္းဆိုင္ရာ ဗဟုသုတေတြ ပါဝင္တဲ့ ပံုႏွိပ္စာအုပ္ေတြထဲမွာ ေက်ာင္းသူ/ေက်ာင္းသားေတြ နားလည္ႏိုင္ေလာက္မယ့္ ဥပမာေတြကို ေဖာ္ျပထားေပးတယ္လို႔လည္း သိရပါတယ္။
ဗုဒၶဘာသာကိုးကြယ္သူအမ်ားအျပားရွိတဲ့ ျမန္မာႏိုင္ငံမွာ လိင္ပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီး ေရွး႐ိုးစြဲအယူအဆေတြ ရွိတာေၾကာင့္ ကေလးငယ္ေတြဟာ လိင္ပိုင္းဆိုင္ရာ ဗဟုသုေတြကို ထိေရာက္စြာသင္ၾကားခြင့္မရွိဘူးလို႔ သတိေပးေျပာၾကားခဲ့တဲ့ ဆရာဝန္ ေက်ာ္ဝင္းသန္႔ဟာ ဗုဒၶသာသနာေတာ္ကို ႏႈတ္အားျဖင့္ေစာ္ကားတယ္လို႔ဆိုကာ ေထာင္ဒဏ္ ၂၁ လ ခ်မွတ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။
ေအာင္ဖိုးမင္းဆိုသူက “ပံုႏွိပ္စာအုပ္လား အျပာစာအုပ္လား?” လို႔ သူ႔ရဲ႕လူမႈကြန္ရက္အေကာင့္မွာ ေရးသားခဲ့တာပဲျဖစ္ပါတယ္။ ေအာင္ဖိုးမင္းရဲ႕ ယူဆခ်က္ကို သေဘာတူသူေတြလည္း အမ်ားအျပားရွိသလို ကန္႔ကြက္သူေတြလည္း အမ်ားအျပားရွိပါတယ္။ လိင္ပိုင္းဆိုင္ရာ ပညာေပးမႈနဲ႔ ပတ္သက္ၿပီး စကားအေခ်အတင္ေတြျဖစ္ခဲ့တာေၾကာင့္ အစိုးရအဖဲြ႕အေနနဲ႔ ေက်ာင္းသူ/ေက်ာင္းသားေတြကို လိင္ပိုင္းဆိုင္ရာ ပညာေပးသင့္/မေပးသင့္ ျပန္လည္သံုးသပ္ေကာင္း သံုးသပ္ေနပါလိမ့္မယ္။
ဒါေပမယ့္ ပညာေရးဝန္ႀကီးဌာနကေတာ့ အသက္ ၁၈ ႏွစ္မျပည့္ေသးတဲ့ ကေလးငယ္ေတြကို အဓိကထားၿပီး လိင္ပိုင္းဆိုင္ရာ ပညာေပးလိုတာေၾကာင့္ ကၽြမ္းက်င္ရုပ္ပံုဆြဲပညာရွင္ေတြက ကေလးငယ္ေတြ ျမင္ဖို႔သင့္ေတာ္တဲ့ ႐ုပ္ပံုေတြကိုသာ ပံုႏွိပ္စာအုပ္ထဲမွာ ေရးဆြဲေဖာ္ျပထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။ အဆိုပါ လိင္ပိုင္းဆိုင္ရာ ပညာေပးမႈဟာ ကေလးသူငယ္ေတြကို လိင္ပိုင္းဆိုင္ရာ ထိပါးေႏွာင္ယွက္ျခင္းေတြကို ကာကြယ္ႏိုင္မွာပဲ ျဖစ္တယ္လို႔ ပညာရွင္ေတြက အခိုင္အမာ ေျပာဆိုထားပါေသးတယ္။
<Zawgyi Version>
#SY(Soshwe)
#soshweeducation
#soshweforyourdailylife
#likeandshare