HomeEntertainment၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိလာတဲ့ ဟာသဇာတ်ကားကောင်းများ။
၂၀၂၀ ခုနှစ်အတွင်း ထွက်ရှိလာတဲ့ ဟာသဇာတ်ကားကောင်းများ။
- Advertisement -
၂၀၂၀ ခုနှစ်အစပိုင်းကတည်းကနေ နှစ်အလယ်လောက်ထိ  မြင်တွေ့နေရတဲ့ ဒုက္ခမျိုးစုံကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေတဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် စိတ်ပင်ပန်းမှုကိုကုစားနိုင်ဖို့ အောက်မှာ ဟာသဇာတ်ကားကောင်းလေးတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။
၁။ Palm Springs – Cristin Milioti နဲ့ Andy Samberg တို့ ယှဉ်တွဲသရုပ်ဆောင်ထားတဲ့ ကြည်နူးဖွယ် ဟာသဇာတ်ကား။
- Advertisement -
၂။ Eurovision Song Contest: The Story of Fire Saga – ဒီဇာတ်ကားထဲမှာတော့ မြင်နေကြမဟုတ်တဲ့ Rachel McAdams ရဲ့ ဇာတ်ကောင်စရိုက်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
- Advertisement -
၃။ The Personal History Of David Copperfield – Charles Dickens ရဲ့ ပရိသတ်တွေအနေနဲ့  ဒီဇာတ်ကားကို ကြည့်သင့်တယ်လို့ အကြံပေးပါရစေ။
၄။ Like a Boss – Rose Byrne နဲ့ Tiffany Haddish တို့နှစ်ဦး ပူးပေါင်းတည်ထောင်ထားတဲ့ အလှအပရေးရာကုမ္ပဏီကို ပြိုင်ဘက်တွေထက် ပိုသာအောင် ကြိုးစားပုံကိုက သဘောကျစရာ အလွန်ကောင်းပါတယ်။
- Advertisement -
၅။ The Gentlemen – လူကြီးလူကောင်းတွေ ရာဇဝတ်မှုကျူးလွန်ပုံများ သဘောကျ အားရစရာကောင်းပြီး  ဆက်တိုက်ကို ရယ်နေရတာ။
၆။ Birds of Prey – Harley Quinn တစ်ယောက်  သူ့ရဲ့လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ ဘယ်လိုဘယ်ပုံ ရမ်းကားမှုအပေါင်း သရဖူဆောင်းဦးမလဲဆိုတာကို သိချင်ရင်တော့ မြန်မြန်သာကြည့်လိုက်ပါတော့။
၇။ Emma – Jane Austen ရဲ့ အနှစ်သက်ဆုံး ဇာတ်ကောင်လို့ ယူဆလို့ရတဲ့ Emma ဟာ လူချမ်းသာနဲ့ လက်မထပ်ဘဲနဲ့လည်း အချစ်စစ်အချစ်မှန်ကို ရှာဖွေနိုင်ဖို့အတွက် စွန့်စားခန်းဖွင့်ပုံတွေကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ မြင်တွေ့ရမယ်လို့ အာမခံပါတယ်။
၈။ The Lovebirds – အဖြေမရှိ တရားခံမသိတဲ့ ထူးခြားဆန်းပြားတဲ့ လူသတ်စက်ကွင်းထဲကို  ရောက်မှန်းမသိရောက်သွားတဲ့ Issa Rae နဲ့ Kumail Nanjiani တို့ရဲ့ အဖြေရှာပုံကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုလိုက်ပါဦး။
https://www.instagram.com/p/Bu2MAaEH2Cu/?utm_source=ig_embed
၉။ Irresistible – အမျိုးသားဒီမိုကရေစီအဖွဲ့အစည်းမှာ ထိပ်သီးမဟာဗျူဟာချမှတ်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Steve Carell ရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ဘယ်လိုမျိုးကိုင်တွယ်  ဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်စားရင်တော့ ဒီဇာတ်ကားကို ကြည့်လိုက်ပါ။
၁၀။ Free Guy – Jodie Comer နဲ့ Ryan Reynold တို့ရဲ့ စိတ်ကူးနဲ့လက်တွေ့ကြားက  ကွာခြားပုံတွေကို  စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
၁၁။ The French Dispatch – ဒါရိုက်တာကြီး Wes Anderson မှ သတင်းစာထုတ်လုပ်ရေးဌာနမှာ  အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့  လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ထူးခြားဆန်းပြားတဲ့ သတင်းဆောင်းပါးတွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ ကြုံတွေ့လာရမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ပါဦး။
၁၂။ Coming 2 America – ၁၉၈၈ မှာထွက်ရှိခဲ့တဲ့ “Coming to America” ဇာတ်ကားရဲ့ ဇာတ်လမ်းကို  ဒါရိုက်တာ Craig Brewer က ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။
https://www.instagram.com/p/BwAXEk4lBGV/?utm_source=ig_embed
၁၃။ Bill & Ted Face the Music – အနာဂါတ်ကမ္ဘာကနေ ပို့လိုက်တဲ့ ထူးဆန်းတဲ့ သတိပေးစာကို  လက်ခံရရှိပြီးတဲ့နောက် Bill နဲ့ Ted တို့နှစ်ဦးသား ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲ?
၁၄။ Happiest Season – လိင်တူချင်းစိတ်ဝင်စားတဲ့ အမျိုးသမီးနှစ်ဦးရဲ့ ချစ်ဇာတ်လမ်းလေးဟာ  ဘယ်လိုမျိုးအဆုံးသတ်မလဲဆိုတာကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။
https://www.instagram.com/p/CB53vFlhxOS/?utm_source=ig_embed
<Unicode Version>
<Zawgyi Version>
Source ~ Cosmopolitan
#SY(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
6 + 17 =
Must Read
ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။
မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...