HomeEducationကျောင်းဆရာ/ဆရာမဦးရေ လျော့ကျလာခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခံရတဲ့ အစိုးရ။

ကျောင်းဆရာ/ဆရာမဦးရေ လျော့ကျလာခြင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခံရတဲ့ အစိုးရ။

- Advertisement -

Soshwe စာဖတ်ပရိသတ်ကြီးအနေနဲ့ ခေါင်းစဉ်ကိုဖတ်ပြီးတာနဲ့ “ကျောင်းဆရာ/ဆရာမဦးရေ လျော့ကျတာနဲ့ ပတ်သက်ပြီး ဘာကြောင့်များ အစိုးရအဖွဲ့က အပြစ်တင်ခံနေရတာလဲ?”ဆိုပြီး မေးခွန်းထုတ်ကောင်း ထုတ်မိပါမယ်။ ဒါပေမယ့် ကျွန်မတို့အားလုံးက အနည်းနဲ့အများတော့ အကြောင်းအရင်းကို ရိပ်မိမှာပါ။  ကျောင်းဆရာ/ဆရာမတွေရဲ့ လုပ်ခလစာဟာ နည်းလွန်းတာကြောင့်လား? ဒါမှမဟုတ် ရာထူးတိုးဖို့ အခွင့်အရေး မရတာကြောင့်လား?

ကျောင်းဆရာ/ဆရာမ အလုပ်ကနေထွက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုကို လုပ်ပြီးနောက်ပိုင်းမှာတော့ ကျောင်းဆရာ/ဆရာမအဖြစ် ပြန်လည်အသက်မွေးဝမ်းကျောင်းလိုသူ ဆရာ/ဆရာမတွေဟာ ကျောင်းဆရာ/ဆရာမအလုပ်ကို ပြန်လည်လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။ ဒါဟာ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။

- Advertisement -

ဆရာကြီးဦးအေးမင်းထိုက်က မြန်မာနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ကျောင်းဆရာ/ဆရာမဦးရေ လျော့ကျလာရခြင်း အကြောင်းအရင်းက ကျောင်းဆရာ/ဆရာမတချို့ဟာ ပင်စင်ယူသွားပြီး  အချို့ကလည်း  နောက်ထပ်အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို ပြောင်းလုပ်သွားတာကြောင့်လို့ ဆိုထားပါတယ်။ ပညာသင်ယူဖို့ စိတ်အားထက်သန်တဲ့ ကျောင်းသူ/ကျောင်းသားလေးတွေကို ပညာသင်ပေးလိုစိတ်ဟာ ဆရာကောင်းတွေရဲ့ ရင်ထဲမှာအပြည့်အဝရှိနေတယ်ဆိုတာကိုတော့ ဘယ်သူမှငြင်းပယ်လို့မရပါဘူး။

- Advertisement -

ဒါပေမယ့်လည်း ဆရာသမားတွေဟာလည်း စားဝတ်နေရေးအဆင်ပြေဖို့အတွက် ကောင်းမွန်တဲ့ လုပ်ခလစာကို လိုအပ်ပါတယ်။ စာသင်ကျောင်းတွေမှာ ဆရာ/ဆရာမတွေဟာ ရာထူးတိုးဖို့ အခွင့်အရေးမရရှိတာကြောင့် စာသင်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းကို စွန့်လွတ်လိုက်ကြခြင်းဖြစ်ကြောင်းကို ဝမ်းနည်းစွာ သိရှိထားရပါတယ်။

- Advertisement -

မြန်မာနိုင်ငံ အခြေခံပညာရေးဌာနက အထွေထွေဒါရိုက်တာ ဦးကိုလေးဝင်းက မြန်မာနိုင်ငံအတွင်းမှာ နှစ်စဉ်နှစ်တိုင်း ကျောင်းဆရာ/ဆရာမဦးရေ ၁သောင်းကျော်လောက် ထွက်ရှိနေပေမယ့် စာသင်ကျောင်းတွေဟာ ကလေးငယ်တွေကို စာသင်ကြားပေးမယ့် ဆရာ/ဆရာမဦးရေ မလုံလောက်တဲ့   ပြဿနာကို ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

<Unicode Version>

 

 

ေက်ာင္းဆရာ/ဆရာမဦးေရ ေလ်ာ့က်လာျခင္းနဲ႔ ပတ္သက္ၿပီး ေဝဖန္ေျပာဆိုခံရတ့ဲ အစိုးရ။

Soshwe စာဖတ္ပရိသတ္ႀကီးအေနနဲ႔ ေခါင္းစဥ္ကိုဖတ္ၿပီးတာနဲ႔ “ေက်ာင္းဆရာ/ဆရာမဦးေရ ေလ်ာ့က်တာနဲ႔ ပတ္သက္ၿပီး ဘာေၾကာင့္မ်ား အစိုးရအဖြဲ႔က အျပစ္တင္ခံေနရတာလဲ?”ဆိုၿပီး ေမးခြန္းထုတ္ေကာင္း ထုတ္မိပါမယ္။ ဒါေပမယ့္ ကၽြန္မတို႔အားလံုးက အနည္းနဲ႔အမ်ားေတာ့ အေၾကာင္းအရင္းကို ရိပ္မိမွာပါ။  ေက်ာင္းဆရာ/ဆရာမေတြရဲ႕ လုပ္ခလစာဟာ နည္းလြန္းတာေၾကာင့္လား? ဒါမွမဟုတ္ ရာထူးတိုးဖို႔ အခြင့္အေရး မရတာေၾကာင့္လား?

ေက်ာင္းဆရာ/ဆရာမ အလုပ္ကေနထြက္ၿပီး အခ်ိန္အတိုင္းအတာတစ္ခုအထိ အသက္ေမြးဝမ္းေက်ာင္းအလုပ္တစ္ခုကို လုပ္ၿပီးေနာက္ပိုင္းမွာေတာ့ ေက်ာင္းဆရာ/ဆရာမအျဖစ္ ျပန္လည္အသက္ေမြးဝမ္းေက်ာင္းလိုသူ ဆရာ/ဆရာမေတြဟာ ေက်ာင္းဆရာ/ဆရာမအလုပ္ကို ျပန္လည္လုပ္ပိုင္ခြင့္ မရွိေတာ့ပါဘူး။ ဒါဟာ ျမန္မာႏိုင္ငံ ပညာေရးဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ စည္းမ်ဥ္းတစ္ခုျဖစ္ပါတယ္။

ဆရာႀကီးဦးေအးမင္းထိုက္က ျမန္မာႏိုင္ငံမွာ ႏွစ္စဥ္ႏွစ္တိုင္း ေက်ာင္းဆရာ/ဆရာမဦးေရ ေလ်ာ့က်လာရျခင္း အေၾကာင္းအရင္းက ေက်ာင္းဆရာ/ဆရာမတခ်ိဳ႕ဟာ ပင္စင္ယူသြားၿပီး  အခ်ိဳ႕ကလည္း  ေနာက္ထပ္အသက္ေမြးဝမ္းေက်ာင္း အလုပ္တစ္ခုကို ေျပာင္းလုပ္သြားတာေၾကာင့္လို႔ ဆိုထားပါတယ္။ ပညာသင္ယူဖို႔ စိတ္အားထက္သန္တဲ့ ေက်ာင္းသူ/ေက်ာင္းသားေလးေတြကို ပညာသင္ေပးလိုစိတ္ဟာ ဆရာေကာင္းေတြရဲ႕ ရင္ထဲမွာအျပည့္အဝရွိေနတယ္ဆိုတာကိုေတာ့ ဘယ္သူမွျငင္းပယ္လို႔မရပါဘူး။

ဒါေပမယ့္လည္း ဆရာသမားေတြဟာလည္း စားဝတ္ေနေရးအဆင္ေျပဖို႔အတြက္ ေကာင္းမြန္တဲ့ လုပ္ခလစာကို လိုအပ္ပါတယ္။ စာသင္ေက်ာင္းေတြမွာ ဆရာ/ဆရာမေတြဟာ ရာထူးတိုးဖို႔ အခြင့္အေရးမရရွိတာေၾကာင့္ စာသင္ေပးရတဲ့ အသက္ေမြးဝမ္းေက်ာင္းကို စြန္႔လြတ္လိုက္ၾကျခင္းျဖစ္ေၾကာင္းကို ဝမ္းနည္းစြာ သိရွိထားရပါတယ္။

ျမန္မာႏိုင္ငံ အေျခခံပညာေရးဌာနက အေထြေထြဒါ႐ိုက္တာ ဦးကိုေလးဝင္းက ျမန္မာႏိုင္ငံအတြင္းမွာ ႏွစ္စဥ္ႏွစ္တိုင္း ေက်ာင္းဆရာ/ဆရာမဦးေရ ၁ေသာင္းေက်ာ္ေလာက္ ထြက္ရွိေနေပမယ့္ စာသင္ေက်ာင္းေတြဟာ ကေလးငယ္ေတြကို စာသင္ၾကားေပးမယ့္ ဆရာ/ဆရာမဦးေရ မလံုေလာက္တဲ့   ျပႆနာကို ၾကံဳေတြ႕ေနရဆဲျဖစ္တယ္လို႔ ဆိုထားပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshweeducation

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read