HomeSportယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားများကို ကြားဖြတ်ခေါ်ယူရန်ကြိုးစားလာမည့် မန်စီးတီး။

ယူနိုက်တက်ရဲ့ ပစ်မှတ်ကစားသမားများကို ကြားဖြတ်ခေါ်ယူရန်ကြိုးစားလာမည့် မန်စီးတီး။

- Advertisement -

မန်စီးတီးအသင်းသည် မြို့ခံဒါဘီပြိုင်ဘက် ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားများဖြစ်သည့် ဆန်ချိုနဲ့ဂရီလစ်ရှ်တို့ကို ကြားဖြတ်ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မန်စီးတီးအသင်းအနေဖြင့် ဥရောပဝင်ခွင့်အပိတ်ပင်မခံရရန် အဓိကထားကြိုးစားခဲ့ပြီး လက်ရှိအချိန်၌မူ မန်စီးတီးအသင်းရဲ့အယူခံကို လက်ခံလိုက်ပြီဖြစ်သောကြောင့် မန်စီးတီးအသင်းအနေဖြင့် ယခုကဲ့သို့ ကြယ်ပွင့်ကစားသမားများကိုခေါ်ယူရန် ပြန်လည်ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းအနေဖြင့် ယခင်သတ်မှတ်ခံထားရသည့် ဥရောပပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခွင့် (၂) နှစ် အပိတ်ခံထားရသည့်ပြစ်ဒဏ်သာ အတည်ဖြစ်သွားပါက အသင်းမှအဓိက ကစားသမားများကိုပါ လက်လွှတ်ရနိုင်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်၌ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်ကစားသမားများကို ခေါ်ယူရန် အဓိကခြိ်မ်းခြောက်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းသည် လာမယ့်အပြောင်းအရွှေ့ရာသီ၌ မန်စီးတီးအသင်းရဲ့အကယ်ဒမီထွက် ကစားသမားဟောင်းလည်းဖြစ်၊  ဒေါ့မွန်အသင်းအတွက်လည်း အကောင်းဆုံးခြေစွမ်းပြကစားနေသည့် ဆန်ချိုကို ဦးစားပေးခေါ်ယူရန် ပစ်မှတ်ထားနေပြီး ထို့နောက်တွင်မူ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ကိုပါ ခေါ်ယူရန် ပြင်ဆင်ထားပါတယ်။

- Advertisement -

The Express သတင်းဌာနရဲ့ဖော်ပြချက်အရ မန်စီးတီးအသင်းအနေဖြင့် အဆိုပါကစားသမား (၂) ယောက်လုံးကို ယူနိုက်တက်အသင်းနဲ့အပြိုင် ခေါ်ယူရန်ပြင်ဆင်နေခြင်းဖြစ်ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေဖြင့်လည်း လာမယ့်ဘောလုံးရာသီအတွက် အသင်းကို မွမ်းမံပြင်ဆင်မှုများပြုလုပ်ရန်အတွက်   ပြောင်းရွှေ့ကြေးပေါင်သန်း (၁၅၀) အထိ ရရှိသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

ယူႏိုက္တက္ရဲ႕ ပစ္မွတ္ကစားသမားမ်ားကို ၾကားျဖတ္ေခၚယူရန္ႀကိဳးစားလာမည့္ မန္စီးတီး။

မန္စီးတီးအသင္းသည္ ၿမိဳ႕ခံဒါဘီၿပိဳင္ဘက္ ယူႏုိက္တက္အသင္းရဲ႕ ပစ္မွတ္ကစားသမားမ်ားျဖစ္သည့္ ဆန္ခ်ိဳနဲ႔ဂရီလစ္ရွ္တို႔ကို ၾကားျဖတ္ေခၚယူရန္ စိတ္ဝင္စားလာေၾကာင္း သိရွိရပါတယ္။ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက မန္စီးတီးအသင္းအေနျဖင့္ ဥေရာပဝင္ခြင့္အပိတ္ပင္မခံရရန္ အဓိကထားႀကိဳးစားခဲ့ၿပီး လက္ရွိအခ်ိန္၌မူ မန္စီးတီးအသင္းရဲ႕အယူခံကို လက္ခံလိုက္ၿပီျဖစ္ေသာေၾကာင့္ မန္စီးတီးအသင္းအေနျဖင့္ ယခုကဲ့သို႔ ၾကယ္ပြင့္ကစားသမားမ်ားကိုေခၚယူရန္ ျပန္လည္ျပင္ဆင္လာခဲ့ျခင္း ျဖစ္ပါတယ္။

မန္စီးတီးအသင္းအေနျဖင့္ ယခင္သတ္မွတ္ခံထားရသည့္ ဥေရာပၿပိဳင္ပြဲမ်ားဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ (၂) ႏွစ္ အပိတ္ခံထားရသည့္ျပစ္ဒဏ္သာ အတည္ျဖစ္သြားပါက အသင္းမွအဓိက ကစားသမားမ်ားကိုပါ လက္လႊတ္ရႏိုင္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ေပမယ့္ လက္ရွိအခ်ိန္၌ ယူႏိုက္တက္အသင္းရဲ႕ ပစ္မွတ္ကစားသမားမ်ားကို ေခၚယူရန္ အဓိကၿခိ္မ္းေျခာက္လာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းသည္ လာမယ့္အေျပာင္းအေရႊ႕ရာသီ၌ မန္စီးတီးအသင္းရဲ႕အကယ္ဒမီထြက္ ကစားသမားေဟာင္းလည္းျဖစ္၊  ေဒါ့မြန္အသင္းအတြက္လည္း အေကာင္းဆံုးေျခစြမ္းျပကစားေနသည့္ ဆန္ခ်ိဳကို ဦးစားေပးေခၚယူရန္ ပစ္မွတ္ထားေနၿပီး ထို႔ေနာက္တြင္မူ အက္စတြန္ဗီလာအသင္းရဲ႕ အသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ကိုပါ ေခၚယူရန္ ျပင္ဆင္ထားပါတယ္။

The Express သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ မန္စီးတီးအသင္းအေနျဖင့္ အဆိုပါကစားသမား (၂) ေယာက္လံုးကို ယူႏိုက္တက္အသင္းနဲ႔အၿပိဳင္ ေခၚယူရန္ျပင္ဆင္ေနျခင္းျဖစ္ၿပီး မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနျဖင့္လည္း လာမယ့္ေဘာလံုးရာသီအတြက္ အသင္းကို မြမ္းမံျပင္ဆင္မႈမ်ားျပဳလုပ္ရန္အတြက္   ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၁၅၀) အထိ ရရွိသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdialylife

#likeandshare

- Advertisement -

Must Read