Alibaba ရဲ့ တွဲဖက်တည်ထောင်သူူ Jack Ma တစ်ယောက် သူပိုင်ဆိုင်ထားသည့် ဒေါ်လာ (၉.၆) ဘီလျံတန်ဖိုးရှိ ရှယ်ယာများကို ရောင်းချခဲ့ကြောင်း သိရှိရပါတယ်။ Jack Ma သည် ပြီးခဲ့သည့်တစ်နှစ်အတွင်း ပိုင်ဆိုင်ထားသည့်ရှယ်ယာများကို (၄.၈) ရာခိုင်နှုန်းမှ (၆.၄) ရာခိုင်နှုန်းအထိ ရောင်းချခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းမှာလည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌ အဆိုပါတရုတ်နည်းပညာကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဌနေရာမှနှုတ်ထွက်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံငွေများကိုပြန်ထုတ်ကာ ပရဟိတလုပ်ငန်းများ၌သာ အသုံးပြုသွားရန်ပြင်ဆင်ထားခြင်းကြောင့်ဖြစ်သည်ဟုလည်းဆိုပါတယ်။
Jack Ma ရောင်းချခဲ့သည့် ရှယ်ယာတန်ဖိုးများကို Alibaba ဘက်က တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသည့်တိုင် ပြီးခဲ့သည့်နှစ်အတွင်း၌ Jack Ma က အဆိုပါကုမ္ပဏီရဲ့ ရှယ်ယာ (၆.၄) ရာခိုင်နှုန်းကို လက်ဝယ်ပိုင်ဆိုင်ထားကြောင်း သတင်းများထွက်ပေါ်လာသည့်နောက် Alibaba ရဲ့ ရှယ်ယာစျေးနှုန်းများက (၄၀) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် Alibaba ရဲ့ ဒုတိယအမှုဆောင်အရာရှိချုပ် Joseph Tsai ကိုယ်တိုင်က သူပိုင်ဆိုင်ထားသည့် ရှယ်ယာကို (၂.၃) ရာခိုင်နှုန်းမှ (၁.၆) ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး Joseph Tsai ယခုကဲ့သို့လျှော့ချလိုက်သည့် ရှယ်ယာတန်ဖိုးက ဒေါ်လာ (၄.၁) ဘီလျံရှိကြောင်းသိရှိရပါတယ်။
ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ၌ Alibaba ရဲ့ ဥက္ကဌအဖြစ် Daniel Zhang မှ စတင်တာဝန်ယူခဲ့သည့် နောက်ပိုင်းမှစတင်ကာ Jack Ma နဲ့ Joseph Tsai တို့ရဲ့ ကုုမ္ပဏီတွင်း ပါဝင်ပတ်သက်မှု၌ သိသိသာသာလျော့နည်းလာခဲ့ကာ ပရဟိတလုပ်ငန်းများ၌သာ အားစိုက်ခဲ့ကြပြီး အဆိုပါပုဂ္ဂိုလ်နှစ်ယောက်သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း၌လည်း PPE ဝတ်စုံများအတွက် ဒေါ်လာသန်းနဲ့ချီ လှူဒါန်းခဲ့ကြကြောင်း သိရှိရပါတယ်။
<Unicode Version>
ရှယ်ယာများဆက်တိုက်ရောင်းချခဲ့သည့် Jack Ma
ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၊ စက်တင်ဘာလ၌ Alibaba ရဲ့ ဥက္ကဌအဖြစ် Daniel Zhang မှ စတင်တာဝန်ယူခဲ့သည့် နောက်ပိုင်းမှစတင်ကာ Jack Ma နဲ့ Joseph Tsai တို့ရဲ့ ကုမ္ပဏီတွင်း ပါဝင်ပတ်သက်မှု၌ သိသိသာသာလျော့နည်းလာခဲ့ကာ ပရဟိတလုပ်ငန်းများ၌သာ အားစိုက်ခဲ့ကြပြီး အဆိုပါပုဂ္ဂိုလ်နှစ်ယောက်သည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း၌လည်း PPE ဝတ်စုံများအတွက် ဒေါ်လာသန်းနဲ့ချီ လှူဒါန်းခဲ့ကြကြောင်း သိရှိရပါတယ်။
<Zawgyi Version>
Source ~ Gadgets
#HM(Soshwe)
#soshwetech
#soshweforyourdialylife
#likeandshare