အမေရိကန်သမ္မတ Donald Trump သည် ကျွမ်းကျင်သူများရဲ့ အကြံပေးချက်ကို မျက်ကွယ်ပြုကာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ရန်အတွက် နှာခေါင်းစည်းတပ်ဆင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကမူ နှာခေါင်းစည်းတပ်ဆင်ထားသည့် သူ့ရဲ့ပုံရိပ်များက မီဒီယာများရဲ့ စာမျက်နှာထက်ကို ရောက်ရှိလာခဲ့ပါတယ်။ Trump အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း မိုက်ရူးရဲဆန်သည့်စကားလုံးများကိုသာ တွင်တွင်ပြောဆိုခဲ့ပြီး ဗိုင်းရပ်စ်နဲ့ပတ်သက်၍ အရေးပါသော မည်သည့်ဆောင်ရွက်ချက်များကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိဟုဆိုကာ အမေရိကန်ပြည်သူများရဲ့ ဆန့်ကျင်မှုများနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
သို့ဖြစ်ရာ Trump အနေဖြင့် ပြီးခဲ့သည့် စနေနေ့က နှာခေါင်းစည်းတပ်ဆင်ပြီး လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ရာ ထိုကဲ့သို့ ပြုလုပ်ခဲ့သည့်တိုင် အမေရိကန်နိုင်ငံရဲ့ဒုတိယသမ္မတဟောင်း Joe Biden က Trump အနေဖြင့် ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများရဲ့ အကြံပေးမှုကိုလျစ်လျူရှုကာ အချိန်ဖြုန်းတီးခဲ့သည်ဟု ထပ်မံဝေဖန်ခဲ့ပါတယ်။ အသက် (၇၄) နှစ်အရွယ်ရှိပြီဖြစ်သူ Trump သည် Walter Reed အမျိုးသားစစ်ဘက်ဆိုင်ရာဆေးကုသရေးစင်တာသို့ သွားရောက်လည်ပတ်ခဲ့စဉ်၌ ယခုကဲ့သို့ အနက်ရောင်နှာခေါင်းစည်းကို တပ်ဆင်ထားခြင်းဖြစ်ပြီး ဒဏ်ရာရစစ်သားများ၊ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းမှတိုက်ပွဲဝင်နေသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံအားပေးခဲ့ပါတယ်။
https://www.instagram.com/p/CCgm-5olktB/?utm_source=ig_embed
ယခင်ကမူ Trump အနေဖြင့် နှာခေါင်းစည်းကို လုံးဝမတပ်ဆင်ဘဲ လူမြင်ကွင်းသို့ထွက်လာခဲ့လေ့ရှိပြီး အဆိုပါလုပ်ရပ်များနဲ့ပတ်သက်၍ Biden က “Donald Trump က အချိန်ကာလ (၄) လလောက်ကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းတွေရဲ့ အကြံပေးမှု၊ ဝေဖန်မှုတွေကို မျက်ကွယ်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့အရေးပါတဲ့အရာတွေထဲက တစ်ခုက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့တာကို ကာကွယ်ဖို့ပါပဲ။” ဟု ပြောကြားသွားခဲ့ပါတယ်။ Trump အနေဖြင့် လူမည်းအမျိုးသား George Floyd မတရားသေဆုံးမှုအပေါ် ကိုင်တွယ်ဖြေရှင်းရာ၌လည်း လိုအပ်ချက်များရှိခဲ့ပြီး နာမည်ကျော်အနုပညာရှင်များအပါအဝင် တစ်နိုင်ငံလုံးနီးပါးက Trump ရဲ့ အုပ်ချုပ်မှုအပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သည့်ကိစ္စ၌လည်း Trump က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) နဲ့ မဟာရန်ဘက် တရုတ်နိုင်ငံတို့ကိုသာ တွင်တွင်အပြစ်တင်ခဲ့ပြီး နိုင်ငံတွင်းလိုအပ်သည့်အစီအမံများကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသည့်သမ္မတတစ်ဦးလည်းဖြစ်ပါတယ်။
<Unicode Version>
Mask တပ်ပြီးနောက် ဝေဖန်မှုများနဲ့ဆက်လက်ရင်ဆိုင်နေရသည့် Donald Trump
<Zawgyi Version>
Source ~ PEOPLE
#HM(Soshwe)
#soshwenews
#soshweforyourdaillyife
#likeandshare