HomeBanking & Financeကိုရိုနာဗိုင်းရပ်စ်ကာလ၌ အကျိုးအမြတ်ရရှိခဲ့သည့် နာမည်ကျော်ကုမ္ပဏီများ။

ကိုရိုနာဗိုင်းရပ်စ်ကာလ၌ အကျိုးအမြတ်ရရှိခဲ့သည့် နာမည်ကျော်ကုမ္ပဏီများ။

- Advertisement -

နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီများရဲ့ ရှယ်ယာတန်ဖိုးများသည် ကိုရိုနာဗိုင်းရပ်စ်မပျံ့နှံ့ခင် အချိန်ကထက် တန်ဖိုးပိုမိုများပြားလာခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချမှတ်ထားသည့်ကာလအတွင်း၌ လူသားတို့ရဲ့ နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲသွားခြင်းက အဓိကအရေးပါသည့်နေရာ၌ရှိနေပါတယ်။ နာမည်ကျော် Nasdaq Composite ကုမ္ပဏီကလည်း ကြီးမားသည့်အောင်မြင်မှုများကိုရရှိခဲ့သည့်နောက် ရင်းနှီးမြှုပ်နှံသူများက Stay at home ကာလတွင် နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံခြင်းက  လေကြောင်းလိုင်းများ၊ ဟိုတယ်များနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံခြင်းထက် ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းသည်ကို သတိပြုမိခဲ့ကြပါတယ်။

Wedbush Securities မှ လေ့လာဆန်းစစ်သူတစ်ဦးဖြစ်သည့် Dan Ives က “အခုဆို  စျေးကွက်ထဲမှာ  အောင်နိုင်သူနဲ့အရှုံးသမားဆိုပြီး ရှင်းရှင်းလင်းလင်းသိလာလောက်ပါပြီ။  အောင်နိုင်သူတွေရဲ့ ရှုထောင့်ကကြည့်မယ်ဆိုရင် နည်းပညာကုမ္ပဏီတွေရဲ့နာမည်က ထင်ထင်ရှားရှားကြီး မီးမောင်းထိုးပြထားပါလိမ့်မယ်။” ဟု ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Nasdaq ရဲ့ ရှယ်ယာစျေးနှုန်းက ယခုနှစ်အတွင်း၌ နောက်ထပ် (၃၀) ရာခိုင်နှုန်းအထိ ထပ်မံမြင့်တက်လာဦးမည်ဟု Dan Ives က ခန့်မှန်းပေးထားပါတယ်။ နည်းပညာပိုင်းဆိုင်ရာကုမ္ပဏီများသည် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း၌  စျေးကွက်ကိုလွှမ်းမိုးနိုင်ခဲ့ပြီး စီးပွားရေးကျဆင်းမှုကို အခွင့်ကောင်းယူနိုင်ခဲ့ကြောင်း သုံးသပ်မှုများရှိနေပါတယ်။

FAANG အဖွဲ့အစည်းဟုခေါ်သည့် Facebook၊ Apple၊ Amazon၊ Netflix နဲ့ Google တို့ကလည်း S&P 500 ၌ ပုံမှန်ထက် (၂၀) ရာခိုင်နှုန်းအထိ တန်ဖိုးမြင့်တက်သွားခဲ့ပြီး လက်ရှိအချိန်၌ အဆိုပါကုမ္ပဏီများရဲ့ အဓိကစိန်ခေါ်မှုမှာ နိုင်ငံရေးကိစ္စရပ်များပင်ဖြစ်ပါတယ်။ FAANG အဖွဲ့အစည်းမှ အမှုဆောင်အရာရှိချုပ်များသည် လာမယ့်ဇူလိုင်လ (၂၇) ရက်နေ့၌ အစိုးရဘက်မှ ဆန့်ကျင်မှုဆိုင်ရာ ကိစ္စရပ်များနဲ့ပတ်သက်၍ ပါလီမန်ရဲ့ကြားနာမှုကို ခံယူသွားရမည်ဖြစ်ပါတယ်။

Dan Ives က “ဇူလိုင်လ (၂၇) ရက်နေ့က အရေးပါတဲ့နေ့ရက်တစ်ရက်ဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြားတွေဖြစ်လာမလား ဒါမှမဟုတ် ဒီကုမ္ပဏီတွေ ပြိုကွဲပျက်စီးသွားဖို့ အစပြုရာနေ့ရက်တစ်ရက်ဖြစ်လာမလား စောင့်ကြည့်ရမှာပါ။” ဟု ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်၌ အမေရိကန်နိုင်ငံရဲ့ လက်ရှိသမ္မတ Donald Trump အပေါ် လူထုထောက်ခံမှု ကျဆင်းလာခဲ့ပြီဖြစ်ပြီး လာမယ့်နိုဝင်ဘာလ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌သာ အမေရိကန်ဒုတိယသမ္မတဟောင်း Joe Biden အနိုင်ရရှိခဲ့ပါက ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲများနဲ့ ပတ်သက်၍လည်း FAANG အဖွဲ့အစည်းက သတိကြီးကြီးဖြင့် စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

 

ကိုရိုနာဗုိင္းရပ္စ္ကာလ၌ အက်ိဳးအျမတ္ရရွိခဲ့သည့္ နာမည္ေက်ာ္ကုမၸဏီမ်ား။

နည္းပညာပိုင္းဆိုင္ရာကုမၸဏီမ်ားရဲ႕ ရွယ္ယာတန္ဖိုးမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္မပ်ံ႕ႏွံ႔ခင္ အခ်ိန္ကထက္ တန္ဖိုးပိုမိုမ်ားျပားလာခဲ့ၿပီး ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ Lockdown ခ်မွတ္ထားသည့္ကာလအတြင္း၌ လူသားတို႔ရဲ႕ ေနထိုင္စားေသာက္မႈပံုစံမ်ား ေျပာင္းလဲသြားျခင္းက အဓိကအေရးပါသည့္ေနရာ၌ရွိေနပါတယ္။ နာမည္ေက်ာ္ Nasdaq Composite ကုမၸဏီကလည္း ႀကီးမားသည့္ေအာင္ျမင္မႈမ်ားကိုရရွိခဲ့သည့္ေနာက္ ရင္းႏွီးျမွဳပ္ႏွံသူမ်ားက Stay at home ကာလတြင္ နည္းပညာပိုင္းဆိုင္ရာကုမၸဏီမ်ား၌ ရင္းႏွီးျမွဳပ္ႏွံျခင္းက  ေလေၾကာင္းလိုင္းမ်ား၊ ဟိုတယ္မ်ားနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၌ ရင္းႏွီးျမွဳပ္ႏွံျခင္းထက္ ပိုမိုအက်ိဳးအျမတ္ျဖစ္ထြန္းသည္ကို သတိျပဳမိခဲ့ၾကပါတယ္။

Wedbush Securities မွ ေလ့လာဆန္းစစ္သူတစ္ဦးျဖစ္သည့္ Dan Ives က “အခုဆို  ေစ်းကြက္ထဲမွာ  ေအာင္ႏိုင္သူနဲ႔အရံႈးသမားဆိုၿပီး ရွင္းရွင္းလင္းလင္းသိလာေလာက္ပါၿပီ။  ေအာင္ႏိုင္သူေတြရဲ႕ ရႈေထာင့္ကၾကည့္မယ္ဆိုရင္ နည္းပညာကုမၸဏီေတြရဲ႕နာမည္က ထင္ထင္ရွားရွားႀကီး မီးေမာင္းထိုးျပထားပါလိမ့္မယ္။” ဟု ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ Nasdaq ရဲ႕ ရွယ္ယာေစ်းႏႈန္းက ယခုႏွစ္အတြင္း၌ ေနာက္ထပ္ (၃၀) ရာခိုင္ႏႈန္းအထိ ထပ္မံျမင့္တက္လာဦးမည္ဟု Dan Ives က ခန္႔မွန္းေပးထားပါတယ္။ နည္းပညာပိုင္းဆိုင္ရာကုမၸဏီမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း၌  ေစ်းကြက္ကိုလႊမ္းမိုးႏိုင္ခဲ့ၿပီး စီးပြားေရးက်ဆင္းမႈကို အခြင့္ေကာင္းယူႏိုင္ခဲ့ေၾကာင္း သံုးသပ္မႈမ်ားရွိေနပါတယ္။

FAANG အဖြဲ႕အစည္းဟုေခၚသည့္ Facebook၊ Apple၊ Amazon၊ Netflix နဲ႔ Google တို႔ကလည္း S&P 500 ၌ ပံုမွန္ထက္ (၂၀) ရာခိုင္ႏႈန္းအထိ တန္ဖိုးျမင့္တက္သြားခဲ့ၿပီး လက္ရွိအခ်ိန္၌ အဆုိပါကုမၸဏီမ်ားရဲ႕ အဓိကစိန္ေခၚမႈမွာ ႏုိင္ငံေရးကိစၥရပ္မ်ားပင္ျဖစ္ပါတယ္။ FAANG အဖြဲ႕အစည္းမွ အမႈေဆာင္အရာရွိခ်ဳပ္မ်ားသည္ လာမယ့္ဇူလိုင္လ (၂၇) ရက္ေန႔၌ အစိုးရဘက္မွ ဆန္႔က်င္မႈဆိုင္ရာ ကိစၥရပ္မ်ားနဲ႔ပတ္သက္၍ ပါလီမန္ရဲ႕ၾကားနာမႈကို ခံယူသြားရမည္ျဖစ္ပါတယ္။

Dan Ives က “ဇူလိုင္လ (၂၇) ရက္ေန႔က အေရးပါတဲ့ေန႔ရက္တစ္ရက္ျဖစ္ၿပီး ႏုိင္ငံေရးဆိုင္ရာ ရပ္တည္ခ်က္ေတြနဲ႔ ပတ္သက္လို႔ ထူးထူးျခားျခားေတြျဖစ္လာမလား ဒါမွမဟုတ္ ဒီကုမၸဏီေတြ ၿပိဳကြဲပ်က္စီးသြားဖို႔ အစျပဳရာေန႔ရက္တစ္ရက္ျဖစ္လာမလား ေစာင့္ၾကည့္ရမွာပါ။” ဟု ေျပာၾကားသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္၌ အေမရိကန္ႏိုင္ငံရဲ႕ လက္ရွိသမၼတ Donald Trump အေပၚ လူထုေထာက္ခံမႈ က်ဆင္းလာခဲ့ၿပီျဖစ္ၿပီး လာမယ့္ႏိုဝင္ဘာလ၌ က်င္းပျပဳလုပ္မည့္ ေရြးေကာက္ပဲြ၌သာ အေမရိကန္ဒုတိယသမၼတေဟာင္း Joe Biden အႏိုင္ရရွိခဲ့ပါက ျဖစ္ေပၚလာႏိုင္သည့္ အေျပာင္းအလဲမ်ားနဲ႔ ပတ္သက္၍လည္း FAANG အဖြဲ႕အစည္းက သတိႀကီးႀကီးျဖင့္ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

- Advertisement -

 

Source ~ Businesstimes

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 + 5 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...