HomeSportဘယ်နောက်ခံလူအသစ်ကိုခေါ်ယူရန် လုခ်ရှောကိုရောင်းချသွားဖွယ်ရှိသည့် ယူနိုက်တက်။

ဘယ်နောက်ခံလူအသစ်ကိုခေါ်ယူရန် လုခ်ရှောကိုရောင်းချသွားဖွယ်ရှိသည့် ယူနိုက်တက်။

- Advertisement -

ယူနိုက်တက်အသင်းသည် လာမယ့်အပြောင်းအရွှေ့ရာသီ၌ လက်စတာအသင်းရဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး အကယ်၍သာ ဘင်ချီဝဲလ်ကိုသာခေါ်ယူနိုင်ခဲ့မယ်ဆိုပါက လုခ်ရှောကို  ရောင်းချသွားဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဘင်ချီဝဲလ်ကိုခေါ်ယူရန်အတွက် ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတို့ကလည်း စိတ်ဝင်စားလျက်ရှိပြီး လက်စတာအသင်းကမူ ပြောင်းရွှေ့ကြေးပေါင်သန်း (၆၀) အနည်းဆုံးတောင်းဆိုသွားရန် ပြင်ဆင်ထားပါတယ်။ The Mirror သတင်းစာရဲ့ဖော်ပြချက်အရ ယူနိုက်တက်အသင်းသည် လုခ်ရှောရဲ့နေရာကို အစားထိုးရန်အတွက် ယခုကဲ့သို့ ဘင်ချီဝဲလ်ကို ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

လုခ်ရှောသည် နည်းပြဆိုးလ်ရှားရဲ့လက်ထက် ယူနိုက်တက်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို သိမ်းပိုက်ရရှိထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိဘောလုံးရာသီ၌ ပြိုင်ပွဲစုံ (၃၂) ပွဲကစား၊ (၁) ဂိုးသွင်း (၃) ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ပေးထားနိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အသက် (၂၅) နှစ်အရွယ် လုခ်ရှောသည် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ်ကျန်ရှိနေပြီး အဆိုပါ (၃) နှစ်အပြင်  နောက်ထပ် (၁) နှစ် စာချုပ်သက်တမ်းတိုးခွင့်ရှိနေသောကြောင့် (၂၀၂၄) ခုနှစ်၊ ဇွန်လအထိ အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသည့် ကစားသမားဖြစ်ပါတယ်။

- Advertisement -

ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူနေရာ၌လုခ်ရှောအပြင် ယခုနှစ်ဘောလုံးရာသီမှ အသင်းကြီးနဲ့အတူ ပွဲထွက်ခွင့်ရရှိလာသည့် အကယ်ဒမီထွက်ကစားသမားလေး ဘရန်ဒန်ဝီလီယံစ်လည်းရှိနေခြင်းကြောင့် နည်းပြဆိုးလ်ရှားနဲ့ယူနိုက်တက်အသင်းတို့ လာမယ့်အပြောင်းအရွှေ့၌ ဘယ်နောက်ခံလူနေရာအတွက် ကစားသမားသစ်ရှာဖွေသွားမည်မဟုတ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသော်လည်း လက်ရှိအချိန်၌မူ ဘင်ချီဝဲလ်ကိုခေါ်ယူနိုင်ခဲ့ပါက လုခ်ရှောကိုရောင်းချသွားမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

ဘယ္ေနာက္ခံလူအသစ္ကိုေခၚယူရန္ လုခ္ေရွာကိုေရာင္းခ်သြားဖြယ္ရွိသည့္ ယူႏိုက္တက္။

ယူႏိုက္တက္အသင္းသည္ လာမယ့္အေျပာင္းအေရႊ႕ရာသီ၌ လက္စတာအသင္းရဲ႕ ဘယ္ေနာက္ခံလူ ဘင္ခ်ီဝဲလ္ကို ေခၚယူရန္စိတ္ဝင္စားေနၿပီး အကယ္၍သာ ဘင္ခ်ီဝဲလ္ကိုသာေခၚယူႏိုင္ခဲ့မယ္ဆိုပါက လုခ္ေရွာကို  ေရာင္းခ်သြားဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ ဘင္ခ်ီဝဲလ္ကိုေခၚယူရန္အတြက္ ခ်ဲလ္ဆီးနဲ႔ မန္စီးတီးအသင္းတို႔ကလည္း စိတ္ဝင္စားလ်က္ရွိၿပီး လက္စတာအသင္းကမူ ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၆၀) အနည္းဆံုးေတာင္းဆိုသြားရန္ ျပင္ဆင္ထားပါတယ္။ The Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းသည္ လုခ္ေရွာရဲ႕ေနရာကို အစားထိုးရန္အတြက္ ယခုကဲ့သို႔ ဘင္ခ်ီဝဲလ္ကို ေခၚယူရန္ စိတ္ဝင္စားလာျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။

လုခ္ေရွာသည္ နည္းျပဆိုးလ္ရွားရဲ႕လက္ထက္ ယူႏိုက္တက္အသင္း၌ ပံုမွန္ပြဲထြက္ခြင့္တစ္ေနရာကို သိမ္းပိုက္ရရွိထားသည့္ ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိေဘာလံုးရာသီ၌ ၿပိဳင္ပြဲစံု (၃၂) ပဲြကစား၊ (၁) ဂိုးသြင္း (၃) ႀကိမ္ဂိုးဖန္တီးမႈျပဳလုပ္ေပးထားႏိုင္သည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ အသက္ (၂၅) ႏွစ္အရြယ္ လုခ္ေရွာသည္ ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၃) ႏွစ္က်န္ရွိေနၿပီး အဆိုပါ (၃) ႏွစ္အျပင္  ေနာက္ထပ္ (၁) ႏွစ္ စာခ်ဳပ္သက္တမ္းတိုးခြင့္ရွိေနေသာေၾကာင့္ (၂၀၂၄) ခုႏွစ္၊ ဇြန္လအထိ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက်န္ရွိေနသည့္ ကစားသမားျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူေနရာ၌လုခ္ေရွာအျပင္ ယခုႏွစ္ေဘာလံုးရာသီမွ အသင္းႀကီးနဲ႔အတူ ပြဲထြက္ခြင့္ရရွိလာသည့္ အကယ္ဒမီထြက္ကစားသမားေလး ဘရန္ဒန္ဝီလီယံစ္လည္းရွိေနျခင္းေၾကာင့္ နည္းျပဆိုးလ္ရွားနဲ႔ယူႏိုက္တက္အသင္းတို႔ လာမယ့္အေျပာင္းအေရႊ႕၌ ဘယ္ေနာက္ခံလူေနရာအတြက္ ကစားသမားသစ္ရွာေဖြသြားမည္မဟုတ္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ဖူးေသာ္လည္း လက္ရွိအခ်ိန္၌မူ ဘင္ခ်ီဝဲလ္ကိုေခၚယူႏိုင္ခဲ့ပါက လုခ္ေရွာကိုေရာင္းခ်သြားမည္ဆိုသည့္ သတင္းမ်ား ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read