HomeOtherတရုတ်နိုင်ငံအတွင်း ဖြစ်ပေါ်နေပြီဖြစ်တဲ့ Bubonic ပလိပ်ရောဂါ။

တရုတ်နိုင်ငံအတွင်း ဖြစ်ပေါ်နေပြီဖြစ်တဲ့ Bubonic ပလိပ်ရောဂါ။

- Advertisement -

၂၀၂၀ ခုနှစ်အစမှာတင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါ COVID -19 ဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပွါးခဲ့ပြီး တန်ဖိုးရှိတဲ့လူသားတွေရဲ့ အသက်အများစုကို နှုတ်ယူသွားခဲ့ပါတယ်။ အခုအချိန်မှာလည်း နောက်ထပ်ကပ်ရောဂါတစ်ခုဖြစ်တဲ့ Bubonic ပလိပ်ရောဂါဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွါးနေပြီလို့ သိရှိရပြီး အလယ်ပိုင်းခေတ်တုန်းက ဥရောပတိုက်မှာ ဖြစ်ပွားခဲ့တဲ့ Bubonic ပလိပ်ရောဂါဟာ လူပေါင်း သန်း ၂၀ လောက်ကို သေစေခဲ့ပါတယ်။ Bubonic ပလိပ်ရောဂါကိုဖြစ်စေတဲ့ ပိုးမွှားတွေကို ရှဉ့်နဲ့ ကြွက်တို့လိုမျိုး မြေအောင်းသတ္တဝါတွေမှာ အများဆုံးတွေ့ရပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့ မြေအောင်းတိရစ္ဆာန်အသေတွေကို မချက်ပြုတ်ဘဲ အစိမ်းစားတာမျိုးနဲ့ အဆိုပါတိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ သန်းတွေက လူသားတွေကို ကိုက်လိုက်တဲ့အခါမျိုးမှာ ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ပလိပ်ရောဂါကိုဖြစ်စေတဲ့ ပိုးမွှားတွေဟာ လူတွေကိုသေစေတဲ့ အခြေအနေအထိရောက်အောင် တွန်းပို့နိုင်တာကြောင့် ဘယ်လိုမြေအောင်းသတ္တဝါမျိုးကိုမှ မစားသောက်သင့်ဘူးလို့ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက မကြာခဏ သတိပေးလေ့ရှိပါတယ်။

- Advertisement -

တရုတ်နိုင်ငံအခြေစိုက် Xinhua သတင်းဌာနက တရုတ်နိုင်ငံ ဘေကျင်းမြို့အနောက်မြောက်ဘက်မှာရှိတဲ့ Mongolia ဒေသ ၊ Bayannur မြို့မှာ Bubonic ပလိပ်ရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်နှစ်ဦးရှိနေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ Bayannur ဒေသ ၊ ကျန်းမာရေးဆိုင်ရာအရာရှိတွေက Bubonic ပလိပ်ရောဂါဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ မြေအောင်းသတ္တဝါတွေကို စားသောက်ခြင်းအပြင် လူတွေကနေတဆင့်လည်း ကူးစက်နိုင်တဲ့ ရောဂါဖြစ်တာကြောင့် အရင်ကထက်ကိုပိုပြီး ကျန်းမာရေးဆိုင်ရာ ကာကွယ်မှုတွေကို ထားရှိဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

- Advertisement -

Bubonic ပလိပ်ရောဂါ စတင်ခံစားရနေရပြီဆိုတာကို သိနိုင်တဲ့ရောဂါလက္ခဏာတွေကတော့ အရိုးအဆစ်တွေ ကိုက်ခဲလာမယ် ၊ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာမယ် ၊ ပြီးရင်တော့ ဆိုးရွားစွာချောင်းဆိုးမယ်။ ဒါပေမယ့် Bubonic ပလိပ်ရောဂါကို ကုသနိုင်တဲ့ ဆေးဝါးရှိတာကြောင့် လူတွေအနေနဲ့ သိပ်ပူပန်ပုံမရပါဘူး။

Bubonic ပလိပ်ရောဂါစတင်ဖြစ်ပွါးလာတဲ့ Mongolia က ဒေသခံတော်တော်များများဟာ မြေအောင်းသတ္တဝါဖြစ်တဲ့ ရှဉ့်တွေကို သတ်ဖြတ်စားသောက်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပလိပ်ရောဂါခံစားနေရတဲ့ Mongolia ဒေသခံ ဝေဒနာရှင်တွေရဲ့ နေထိုင်စားသောက်မှုရာဇဝင်ကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အဆိုပါဝေဒနာရှင်တွေထဲက ညီအစ်ကိုနှစ်ယောက်ဟာ မြေအောင်းသတ္တဝါတွေရဲ့အသားကို စားသောက်ဖူးပြီး နောက်ထပ်ချစ်သူစုံတွဲတစ်တွဲကတော့ မြေအောင်းသတ္တဝါရဲ့ ကျောက်ကပ်ကို အစိမ်းလိုက် စားသောက်ခဲ့တယ်လို့လည်း သိရပါတယ်။

<Uniocde Version>

 

#soshwenews

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

sixteen − 3 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...