HomeEducationဆင်းရဲချို့တဲ့ပြီး မသန်စွမ်းသော ကျောင်းသူ/ကျောင်းသားတွေကို ပညာသင်စရိတ်ထောက်ပံ့ပေးမယ်လို့ ဆိုလာတဲ့ မြန်မာအစိုးရ။
ဆင်းရဲချို့တဲ့ပြီး မသန်စွမ်းသော ကျောင်းသူ/ကျောင်းသားတွေကို ပညာသင်စရိတ်ထောက်ပံ့ပေးမယ်လို့ ဆိုလာတဲ့ မြန်မာအစိုးရ။
- Advertisement -
မြန်မာနိုင်ငံအစိုးရအဖွဲ့ဟာ ဆင်းရဲချို့တဲ့ပြီး မသန်စွမ်းသော ကျောင်းသူ/ကျောင်းသားတွေကို ၂၀၂၀ ခုနှစ်မှစတင်ကာ ပညာသင်စရိတ်ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံအခြေခံပညာရေးဌာနမှ အထွေထွေဒါရိုက်တာချုပ် ဦးကိုလေးဝင်းက ဆိုလာပါတယ်။
ဒါရိုက်တာချုပ်ကြီး ဦးကိုလေးဝင်းက နိုင်ငံတကာ ပညာရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့အစည်းတွေက လှူဒါန်းထားတဲ့   ငွေကြေးတွေကို မြန်မာနိုင်ငံအစိုးရအဖွဲ့ကနေ တရားဝင်တောင်းခံပြီးတော့ ဆင်းရဲချို့တဲ့ပြီး မသန်စွမ်းတာကြောင့် ပညာရေးကိုဆက်လက်သင်ယူခွင့်မရတဲ့ ကျောင်းသူ/ကျောင်းသားတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးမယ်လို့ အခိုင်အမာပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
- Advertisement -
ဒါရိုက်တာချုပ်ကြီး ဦးကိုလေးဝင်းက “ဒီနှစ်ကနေစပြီးတော့ ဆင်းရဲချို့တဲ့ပြီး မသန်စွမ်းတဲ့  ကျောင်းသူ/ကျောင်းသားတွေကို တစ်နှစ်အတွင်းမှာ စာသင်ချိန် ၁၀ လအတွင်း ပညာရေးစရိတ်  ထောက်ပံ့ပေးသွားမှာပဲ ဖြစ်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။
- Advertisement -
လွန်ခဲ့တဲ့နှစ်အတွင်းမှာလည်း မျက်မမြင်ကျောင်းတွေနဲ့ ဆွံ့အနားမကြားကျောင်းတွေမှာ တက်ရောက်ပညာသင်ယူနေတဲ့ ကျောင်းသူ/ကျောင်းသားပေါင်း ၁၄၃၉ ဦးရှိခဲ့တယ်လို့ သိရပါတယ်။  နောက်ဆုံးရရှိထားတဲ့ စစ်တမ်းကောက်ချက်အရတော့ ယခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာ မသန်စွမ်းတဲ့  ကျောင်းသူ/ကျောင်းသားပေါင်း ၁၂,၇၇၅ ဦးရှိတယ်လို့လည်း သိရပါတယ်။
- Advertisement -
၂၀၁၄ ခုနှစ်ကနေစတင်ပြီးတော့ မြန်မာနိုင်ငံအစိုးရအဖွဲ့ဟာ ပညာသင်နှစ်တစ်နှစ်စာ ၁၀ လအတွင်းမှာ မသန်စွမ်းတဲ့ မူလတန်း ကျောင်းသူ/သားတွေကို တစ်လ ၅ဝဝဝကျပ် ၊ အလယ်တန်း  ကျောင်းသူ/ကျောင်းသားတွေကို တစ်လ ၈၀၀၀ ကျပ်နဲ့ အထက်တန်း ကျောင်းသူ/ကျောင်းသားတွေကို တစ်လ ၁၀၀၀၀ ကျပ်စီကို လှူဒါန်းပေးလေ့ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းကနေ စတင်ပြီးတော့လည်း မြန်မာအစိုးရအဖွဲ့က ယခင်ပညာသင်စရိတ်ပမာဏအတိုင်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုလာပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာရှိနေတဲ့ ကျောင်းသူ/ကျောင်းသားတွေနဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် အိုးအိမ်တွေဆုံးရှုံးခဲ့ရတဲ့ ကျောင်းသူ/ကျောင်းသားတွေကိုလည်း ပညာသင်စရိတ်ထောက်ပ့ံပေးသွားဖို့အတွက် အကူအညီတောင်းခံပေးမယ်လို့ ကတိစကားဆိုခဲ့ပါတယ်။
ကပ်ရောဂါကို အမြစ်ပြတ်အောင် မတိုက်ထုတ်နိုင်သေးပေမယ့် မြန်မာနိုင်ငံအစိုးရအဖွဲ့ဟာ ဇူလိုင်လ ၂၁ ရက်နေ့ကနေစပြီး အထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ အထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပြီး ၂ ပတ်မြောက်မှာတော့ အလယ်တန်းကျောင်းနဲ့ မူလတန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
ဆင်းရဲတဲ့မိသားစုအသိုင်းအဝိုင်းကနေ ဆင်းသက်လာတဲ့ ကျောင်းသူ/ကျောင်းသားပေါင်း ၃ သိန်းကျော်ကိုလည်း ပညာရေးဆက်လက်သင်ယူခွင့်ရအောင် ပညာသင်စရိတ်ထောက်ပံ့ပေးသွားမယ်လို့ မြန်မာနိုင်ငံအစိုးရအဖွဲ့က စီစဉ်ထားကြောင်းကိုလည်း သိရပါတယ်။
<Unicode Version>
ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာရှိနေတဲ့ ကျောင်းသူ/ကျောင်းသားတွေနဲ့ ရာသီဥတုဖောက်ပြန်မှုကြောင့် အိုးအိမ်တွေဆုံးရှုံးခဲ့ရတဲ့ ကျောင်းသူ/ကျောင်းသားတွေကိုလည်း ပညာသင်စရိတ်ထောက်ပံ့ပေးသွားဖို့အတွက် အကူအညီတောင်းခံပေးမယ်လို့ ကတိစကားဆိုခဲ့ပါတယ်။
<Zawgyi Version>
#SY(Soshwe)
#soshweeducation
#soshweforyourdailylife
#likeandshare
- Advertisement -
Must Read