HomeTechတရုတ်နည်းပညာကုမ္ပဏီတွေရဲ့ လူမှုကွန်ရက် App တွေ အသုံးပြုခြင်းကို ပိတ်ပင်တားမြစ်ဖို့ ပြင်ဆင်နေတဲ့နိုင်ငံ။

တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ လူမှုကွန်ရက် App တွေ အသုံးပြုခြင်းကို ပိတ်ပင်တားမြစ်ဖို့ ပြင်ဆင်နေတဲ့နိုင်ငံ။

- Advertisement -

အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်၏အတွင်းရေးမှူး Mike Pompeo ဟာ Fox News သတင်းဌာနကို အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်အစိုးရအဖွဲ့အနေနဲ့ တရုတ်နည်းပညာကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ လူမှုကွန်ရက် App  တွေကို   အမေရိကန်နိုင်ငံသားတွေ ဆက်လက်အသုံးမပြုနိုင်အောင် ပိတ်ပင်တားမြစ်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

Fox News သတင်းဌာနက Laura Ingraham က အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ တရုတ်နည်းပညာကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ လူမှုကွန်ရက် App  တွေကို   အမေရိကန်နိုင်ငံသားတွေ  ဆက်လက်အသုံးမပြုနိုင်အောင် ပိတ်ပင်တားမြစ်ဖို့  အစီအစဉ်ရှိ/မရှိ  မေးမြန်းတဲ့အခါမှာတော့ Mr.Pompeo က အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ဟာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ထိရောက်စွာ  ကိုင်တွယ်ဆောင်ရွက်သွားဖို့  ပြင်ဆင်နေပြီဖြစ်ကြောင်း  ဖြေကြားခဲ့ပါတယ်။

- Advertisement -

Mr.Pompeo က “တရုတ်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတွေရဲ့  တီထွင်မှုကို  လေးစားပါတယ်။  ဒါပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးကတော့ နိုင်ငံသူ/နိုင်ငံသားတွေရဲ့  ကိုယ်ရေးအချက်အလက်တွေကို အခြားသူတွေက အလွဲသုံးစားမလုပ်နိုင်ဖို့အတွက်  စီစဉ်ဆောင်ရွက်ပေးသွားမှာပါ။ အမေရိကန်နိုင်ငံသားတွေဟာလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို တရုတ်ကွန်မြူနစ် အဖွဲ့အစည်းရဲ့ လိုသလို အသုံးပြုခြင်းခံရတာနဲ့  ပတ်သက်ပြီး အဆင်ပြေတယ်ဆိုရင်တော့ TikTok App ကို ဆက်လက်အသုံးပြုနိုင်ပါတယ်။”လို့ ပွင့်လင်းစွာဖြေကြားခဲ့ပါတယ်။

- Advertisement -

အခုလက်ရှိ နိုင်ငံတကာက လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ TikTok App ကို တီထွင်ထုတ်လုပ်ထားတဲ့ တရုတ်နိုင်ငံ ဘေကျင်းမြို့အခြေစိုက် ByteDance ကုမ္ပဏီရဲ့  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်ုပ်တို့ရဲ့အဖွဲ့အစည်းဟာ App အသုံးပြုသူတွေကို  ပျော်ရွှင်စေဖို့အတွက်ပဲ ဦးစားပေးထားပါတယ်။ App အသုံးပြုသူတွေရဲ့  ကိုယ်ရေးအချက်အလက်တွေကို တရုတ်အစိုးရအဖွဲ့က တောင်းလာတယ်ဆိုရင်တောင် လုံးဝပေးမှာမဟုတ်ပါဘူး။ ကျွန်ုပ်တို့အဖွဲ့အစည်းရဲ့ CEO ဟာလည်း အမေရိကန်နိုင်ငံသားဖြစ်ပြီး  ကုမ္ပဏီဝန်ထမ်းအများစုဟာလည်း အမေရိကန်ပြည်ထောင်စုသားတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီရဲ့ဆက်သွယ်ရေးဆိုင်ရာ ပင်မထောက်တိုင်တွေကိုလည်း အမေရိကန်ပြည်ထောင်စုမှာ  ထားရှိထားပါတယ်။” လို့ဆိုကာ သံသယဝင်ခံရမှုအတွက် ဖြောင့်ချက်ပေးထားတာပဲ ဖြစ်ပါတယ်။

- Advertisement -

ဒါ့အပြင် TikTok ဟာ အမျိုးသားလုံခြုံမှုဆိုင်ရာဥပဒေကို လိုက်နာတဲ့အနေနဲ့ App အသုံးပြုသူ ၁သိန်းခွဲလောက်ရှိတဲ့ ဟောင်ကောင်ကနေ ထွက်ခွာသွားတော့မယ်လို့  ကြေငြာလိုက်ပါတယ်။  အမေရိကန်ပြည်ထောင်စု တရားဥပဒေချမှတ်သူတွေက ByteDance ကုမ္ပဏီဟာ TikTok App အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံစွာသိမ်းဆည်းပေးနိုင်စွမ်း မရှိကြောင်းကို  ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း အခုလက်ရှိမှာ ByteDance ကုမ္ပဏီဟာ TikTok App နဲ့ ပတ်သက်ပြီး နိုင်ငံတကာက အစိုးရအဖွဲ့တွေရဲ့ ဝေဖန်မှုကို ပြင်းထန်စွာခံနေရတာပဲဖြစ်ပါတယ်။

<Unicode Version>

 

တ႐ုတ္နည္းပညာကုမၸဏီေတြရဲ႕ လူမႈကြန္ရက္ App ေတြ အသံုးျပဳျခင္းကို  ပိတ္ပင္တားျမစ္ဖို႔ ျပင္ဆင္ေနတဲ့ႏိုင္ငံ။

အေမရိကန္ျပည္ေထာင္စု အိမ္ျဖဴေတာ္၏အတြင္းေရးမွဴး Mike Pompeo ဟာ Fox News သတင္းဌာနကို အေမရိကန္ျပည္ေထာင္စု အိမ္ျဖဴေတာ္အစိုးရအဖြဲ႔အေနနဲ႔ တ႐ုတ္နည္းပညာကုမၸဏီေတြက ထုတ္လုပ္ထားတဲ့ လူမႈကြန္ရက္ App  ေတြကို   အေမရိကန္ႏိုင္ငံသားေတြ ဆက္လက္အသံုးမျပဳႏိုင္ေအာင္ ပိတ္ပင္တားျမစ္ဖို႔ ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

Fox News သတင္းဌာနက Laura Ingraham က အေမရိကန္ျပည္ေထာင္စု အစိုးရအဖြဲ႔အေနနဲ႔ တ႐ုတ္နည္းပညာကုမၸဏီေတြက ထုတ္လုပ္ထားတဲ့ လူမႈကြန္ရက္ App  ေတြကို   အေမရိကန္ႏိုင္ငံသားေတြ  ဆက္လက္အသံုးမျပဳႏိုင္ေအာင္ ပိတ္ပင္တားျမစ္ဖို႔  အစီအစဥ္ရွိ/မရွိ  ေမးျမန္းတဲ့အခါမွာေတာ့ Mr.Pompeo က အေမရိကန္ျပည္ေထာင္စု အစိုးရအဖြဲ႔ဟာ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး ထိေရာက္စြာ  ကိုင္တြယ္ေဆာင္ရြက္သြားဖို႔  ျပင္ဆင္ေနၿပီျဖစ္ေၾကာင္း  ေျဖၾကားခဲ့ပါတယ္။

Mr.Pompeo က “တ႐ုတ္ႏိုင္ငံအေျခစိုက္ နည္းပညာကုမၸဏီေတြရဲ႕  တီထြင္မႈကို  ေလးစားပါတယ္။  ဒါေပမယ့္ အေမရိကန္ျပည္ေထာင္စုရဲ႕ သမၼတႀကီးကေတာ့ ႏိုင္ငံသူ/ႏိုင္ငံသားေတြရဲ႕  ကိုယ္ေရးအခ်က္အလက္ေတြကို အျခားသူေတြက အလြဲသံုးစားမလုပ္ႏိုင္ဖို႕အတြက္  စီစဥ္ေဆာင္ရြက္ေပးသြားမွာပါ။ အေမရိကန္ႏိုင္ငံသားေတြဟာလည္း ကိုယ့္ရဲ႕ ကိုယ္ပိုင္အခ်က္အလက္ေတြကို တ႐ုတ္ကြန္ျမဴနစ္ အဖြဲ႔အစည္းရဲ႕ လိုသလို အသံုးျပဳျခင္းခံရတာနဲ႔  ပတ္သက္ၿပီး အဆင္ေျပတယ္ဆိုရင္ေတာ့ TikTok App ကို ဆက္လက္အသံုးျပဳႏိုင္ပါတယ္။”လို႔ ပြင့္လင္းစြာေျဖၾကားခဲ့ပါတယ္။

အခုလက္ရွိ ႏိုင္ငံတကာက လူမႈကြန္ရက္အသံုးျပဳသူေတြၾကားမွာ ေရပန္းအစားဆံုးျဖစ္ေနတဲ့ TikTok App ကို တီထြင္ထုတ္လုပ္ထားတဲ့ တ႐ုတ္ႏိုင္ငံ ေဘက်င္းၿမိဳ႕အေျခစိုက္ ByteDance ကုမၸဏီရဲ႕  ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ကၽြႏ္ုပ္တို႔ရဲ႕အဖြဲ႔အစည္းဟာ App အသံုးျပဳသူေတြကို  ေပ်ာ္ရႊင္ေစဖို႔အတြက္ပဲ ဦးစားေပးထားပါတယ္။ App အသံုးျပဳသူေတြရဲ႕  ကိုယ္ေရးအခ်က္အလက္ေတြကို တ႐ုတ္အစိုးရအဖြဲ႔က ေတာင္းလာတယ္ဆိုရင္ေတာင္ လံုးဝေပးမွာမဟုတ္ပါဘူး။ ကၽြႏ္ုပ္တို႔အဖြဲ႔အစည္းရဲ႕ CEO ဟာလည္း အေမရိကန္ႏိုင္ငံသားျဖစ္ၿပီး  ကုမၸဏီဝန္ထမ္းအမ်ားစုဟာလည္း အေမရိကန္ျပည္ေထာင္စုသားေတြပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ကုမၸဏီရဲ႕ဆက္သြယ္ေရးဆိုင္ရာ ပင္မေထာက္တိုင္ေတြကိုလည္း အေမရိကန္ျပည္ေထာင္စုမွာ  ထားရွိထားပါတယ္။” လို႔ဆိုကာ သံသယဝင္ခံရမႈအတြက္ ေျဖာင့္ခ်က္ေပးထားတာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ TikTok ဟာ အမ်ိဳးသားလံုျခံဳမႈဆိုင္ရာဥပေဒကို လိုက္နာတဲ့အေနနဲ႔ App အသံုးျပဳသူ ၁သိန္းခြဲေလာက္ရွိတဲ့ ေဟာင္ေကာင္ကေန ထြက္ခြာသြားေတာ့မယ္လို႔  ေၾကျငာလိုက္ပါတယ္။  အေမရိကန္ျပည္ေထာင္စု တရားဥပေဒခ်မွတ္သူေတြက ByteDance ကုမၸဏီဟာ TikTok App အသံုးျပဳသူေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို လံုျခံဳစြာသိမ္းဆည္းေပးႏိုင္စြမ္း မရွိေၾကာင္းကို  ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ဒါေၾကာင့္လည္း အခုလက္ရွိမွာ ByteDance ကုမၸဏီဟာ TikTok App နဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာက အစိုးရအဖြဲ႔ေတြရဲ႕ ေဝဖန္မႈကို ျပင္းထန္စြာခံေနရတာပဲျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ eandt

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read