HomeBanking & Financeကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးအကျယ်နစ်နာခဲ့ရသည့် ထိုင်းနိုင်ငံ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးအကျယ်နစ်နာခဲ့ရသည့် ထိုင်းနိုင်ငံ။

- Advertisement -

ထိုင်းနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကြီးအကျယ် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသည့် နိုင်ငံများထဲမှ တစ်နိုုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံအတွင်း၌ ရက်ပေါင်း (၄၀) ကြာအောင် ပြည်တွင်းကူးစက်မှုမရှိသည့်တိုင် ပြည်ပဧည့်သည်အဝင်မခံသည့်ကိစ္စရပ်များ၊ Lockdown စည်းမျဉ်းစည်းကမ်းများကြောင့် ပြည်တွင်းထုတ်ကုန်စုစုပေါင်း (၈.၁) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ထိုင်းဘဏ်မှ ထုတ်ပြန်သည့်အချက်အလက်များအရသိရှိရပါတယ်။

အဆိုပါပမာဏသည် အာရှတစ်လွှား၌ အဆိုးရွားဆုံးစီးပွားရေးထိခိုက်ခဲ့သည်ဟုဆိုနိုင်ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အာရှဘဏ်ရဲ့ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များအရ GDP အကြီးမားဆုံး ထိခိုက်ခဲ့သည်ဟုဆိုနိုင်ပါတယ်။ ပြည်ပမှဝင်ရောက်လာသည့် လေကြောင်းလိုင်းများကို ပိတ်ဆို့ထားခြင်းကြောင့် ထိုင်းနိုင်ငံရဲ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး အဆိုပါအချက်က တိုင်းပြည်ရဲ့ GDP ကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်းလည်း ကျွမ်းကျင်သူများက ဆိုကြပါတယ်။ Bloomberg မှ စစစ်တမ်းကောက်ယူချက်အရ ထိုင်းနိုင်ငံရဲ့စီးပွားရေးသည် လက်ရှိအချိန်၌ (၆) ရာခိုင်နှုန်းကျဆင်းလျက်ရှိပြီး လာမည့် (၂၀၂၁) ခုနှစ်၌ နောက်ထပ် (၄) ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း သိရှိရပါတယ်။

ခရီးသွားလုပ်ငန်းသည် ထိုင်းနိုင်ငံစီးပွားရေးရဲ့ (၅) ပုံ (၁) ပုံကို ထောက်ပံ့နေသောကြောင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ညမထွက်ရအမိန့်များ၊ လေဆိပ်ပိတ်ဆို့ခြင်းများကြောင့် နိုင်ငံရဲ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်လျက်ရှိပြီး ယခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့ပြည်ပခရီးသွားဝင်ရောက်မှုသည် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်ရဲ့ (၅) ပုံ (၁) ပုံခန့်သာရှိနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ ထို့အပြင်   ရွှေစျေးမြင့်တက်လာခြင်းကလည်း ဒေသခံများကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး ကမ္ဘာတစ်ဝှမ်း ဝယ်လိုအားနည်းနေခြင်းကြောင့် ပို့ကုန်တင်ပို့ရောင်းချမှုများကိုလည်း အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်းသိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အႀကီးအက်ယ္နစ္နာခဲ့ရသည့္ ထိုင္းႏိုင္ငံ။

ထိုင္းႏိုင္ငံသည္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အႀကီးအက်ယ္ ထိခိုက္နစ္နာဆံုးရံႈးခဲ့ရသည့္ ႏိုင္ငံမ်ားထဲမွ တစ္ႏုိုင္ငံအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ထုိင္းႏိုင္ငံအတြင္း၌ ရက္ေပါင္း (၄၀) ၾကာေအာင္ ျပည္တြင္းကူးစက္မႈမရွိသည့္တိုင္ ျပည္ပဧည့္သည္အဝင္မခံသည့္ကိစၥရပ္မ်ား၊ Lockdown စည္းမ်ဥ္းစည္းကမ္းမ်ားေၾကာင့္ ျပည္တြင္းထုတ္ကုန္စုစုေပါင္း (၈.၁) ရာခိုင္ႏႈန္းက်ဆင္းခဲ့ေၾကာင္း ထိုင္းဘဏ္မွ ထုတ္ျပန္သည့္အခ်က္အလက္မ်ားအရသိရွိရပါတယ္။

အဆုိပါပမာဏသည္ အာရွတစ္လႊား၌ အဆိုးရြားဆံုးစီးပြားေရးထိခိုက္ခဲ့သည္ဟုဆိုႏိုင္ၿပီး လြန္ခဲ့သည့္ဆယ္စုႏွစ္အတြင္း အာရွဘဏ္ရဲ႕ဘ႑ာေရးဆိုင္ရာအခ်က္အလက္မ်ားအရ GDP အႀကီးမားဆံုး ထိခိုက္ခဲ့သည္ဟုဆိုႏိုင္ပါတယ္။ ျပည္ပမွဝင္ေရာက္လာသည့္ ေလေၾကာင္းလိုင္းမ်ားကို ပိတ္ဆို႔ထားျခင္းေၾကာင့္ ထိုင္းႏိုင္ငံရဲ႕စီးပြားေရးကို အႀကီးအက်ယ္ထိခိုက္ေစခဲ့ၿပီး အဆိုပါအခ်က္က တိုင္းျပည္ရဲ႕ GDP ကို အႀကီးအက်ယ္ ထိခိုက္ေစခဲ့ေၾကာင္းလည္း ကြ်မ္းက်င္သူမ်ားက ဆိုၾကပါတယ္။ Bloomberg မွ စစစ္တမ္းေကာက္ယူခ်က္အရ ထိုင္းႏိုင္ငံရဲ႕စီးပြားေရးသည္ လက္ရွိအခ်ိန္၌ (၆) ရာခိုင္ႏႈန္းက်ဆင္းလ်က္ရွိၿပီး လာမည့္ (၂၀၂၁) ခုႏွစ္၌ ေနာက္ထပ္ (၄) ရာခိုင္ႏႈန္းအထိ က်ဆင္းႏိုင္ေၾကာင္း သိရွိရပါတယ္။

ခရီးသြားလုပ္ငန္းသည္ ထိုင္းႏိုင္ငံစီးပြားေရးရဲ႕ (၅) ပံု (၁) ပံုကို ေထာက္ပံ့ေနေသာေၾကာင့္ ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ ညမထြက္ရအမိန္႔မ်ား၊ ေလဆိပ္ပိတ္ဆို႔ျခင္းမ်ားေၾကာင့္ ႏုိင္ငံရဲ႕စီးပြားေရးကို အႀကီးအက်ယ္ထိခိုက္လ်က္ရွိၿပီး ယခုႏွစ္အတြင္း ထိုင္းႏိုင္ငံရဲ႕ျပည္ပခရီးသြားဝင္ေရာက္မႈသည္ ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္ရဲ႕ (၅) ပံု (၁) ပံုခန္႔သာရွိႏိုင္ေၾကာင္း ခန္႔မွန္းထားၾကပါတယ္။ ထို႕အျပင္   ေရႊေစ်းျမင့္တက္လာျခင္းကလည္း ေဒသခံမ်ားကို အႀကီးအက်ယ္ထိခိုက္ေစခဲ့ၿပီး ကမာၻတစ္ဝွမ္း ဝယ္လိုအားနည္းေနျခင္းေၾကာင့္ ပို႔ကုန္တင္ပို႔ေရာင္းခ်မႈမ်ားကိုလည္း အႀကီးအက်ယ္ ထိခိုက္ေစခဲ့ေၾကာင္းသိရွိရပါတယ္။

<Zawgyi Version>

 

Source ~ BangkokPost

- Advertisement -

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

11 + six =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...