HomeBanking & Financeကိုရိုနာဗိုင်းရပ်စ်နဲ့ မြန်မာ့စီးပွားရေးအပြောင်းအလဲ။

ကိုရိုနာဗိုင်းရပ်စ်နဲ့ မြန်မာ့စီးပွားရေးအပြောင်းအလဲ။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းများအပြင် မြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုှရှိခဲ့ပြီး Lockdown စည်းမျဉ်းစည်းကမ်းများကြောင့် ဝန်ထမ်းအများစုသည် နေအိမ်မှတစ်ဆင့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခဲ့ရပြီး လိုအပ်သည့်အစည်းအဝေးများကိုလည်း Video Call များမှတစ်ဆင့် ဆောင်ရွက်ခဲ့ရကြောင်း ရန်ကုန်အခြေစိုက်နည်းပညာကုမ္ပဏီတစ်ခုရဲ့ တွဲဖက်ဥက္ကဌတစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခြားသောနည်းပညာကုမ္ပဏီများသည်လည်း Work From Home ကာလ၌ နေအိမ်မှတစ်ဆင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် အခြားသောထောက်ပံ့မှုများကိုလည်းပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဦးရှိန်းသူအောင်က “ကုမ္ပဏီတော်တော်များများက လုပ်ငန်းတွင်ကျယ်ဖို့အတွက် ဗီဒီယိုနဲ့ချိတ်ဆက်တဲ့ ဆိုရှယ်မီဒီယာတွေကို အသုံးပြုခဲ့ပြီး Cloud Service တွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။ Stay Home ကာလ၌ ကုမ္ပဏီများအပါအဝင် ဝန်ထမ်းတော်တော်များများသည်လည်း အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်မှုများအပေါ် အသားကျအောင်  ဆောင်ရွက်ခဲ့ရပြီး ကောင်းမွန်သည့် အင်တာနက်လိုင်းချိတ်ဆက်မှုများကိုလိုအပ်ခဲ့ကြောင်း သိရှိရပါတယ်။ ဇွန်လနှောင်းပိုင်း၌ Frontiir ကို အသုံးပြုသူ အိမ်ထောင်စုပေါင်း (၃၆၀,၀၀၀) ရှိခဲ့ပြီး အသုံးပြုသူ (၁.၆) သန်းအထိ ရှိခဲ့ကြောင်းလည်း စစ်တမ်းများအရသိရှိရပါတယ်။

ဒစ်ဂျစ်တယ်ထုတ်ကုန်များနဲ့ ပလက်ဖောင်းများသုံးစွဲမှုကို ကိုရိုနာဗိုင်းရပ်စ်အလွန် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့ရေး မဟာဗျူဟာ၌ ထည့်သွင်းထားပြီး ကိုရိုနာဗိုင်းရပ်စ်အလွန် ရည်မှန်းချက် (၇) ရပ်ပါဝင်သည့် စီမံကိန်းများအနက် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကိုဦးစားပေးမြှင့်တင်ရန်ကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရှိရပါတယ်။ E- Commerce လုပ်ငန်းများအတွက် မိုဘိုင်းဖုန်းများမှတစ်ဆင့် ငွေပေးချေခြင်း၊ ဘဏ်မှတဆင့်  ငွေလွှဲခြင်းများနဲ့ စီးပွားရေးလုပ်ငန်းများအကြား E- Commerce ဖြင့် ချိတ်ဆက်ခြင်းများကို ပိုမိုအားပေးရေးလုပ်ငန်းစဉ်များကိုလည်း အစိုးရဘက်မှအဓိက ပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံမှဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများသည် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၌ (၄၀) ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် လာမည့် (၂၀၂၅) ခုနှစ်၌ (၅၀) ရာခိုင်နှုန်းအထိ တိုးမြင့်လာဖွယ်ရှိကြောင်း သိရှိရပါတယ်။ ဒါပေမယ့် အခြေခံအဆောက်အဦလိုအပ်ချက်များကြောင့် မြန်မာနိုင်ငံ၌ ဒစ်ဂျစ်တယ်စနစ်ကို အဆင့်မြှင့်တင်ရေးလုပ်ငန်းများအတွက် အတားအဆီးများရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ၌ အသေးစား စီးပွားရေးလုပ်ငန်းများက ဒစ်ဂျစ်တယ်လမ်းကြောင်းပေါ်တက်လှမ်းရန် ကြိုးစားနေကြသည့်တိုင် သုံးစွဲသူများရဲ့ ကိုယ်ရေးအချက်အလက်များကို အကာအကွယ်ပေးနိုင်မှုှအားနည်းချက်က ကြီးမားသည့် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေပါတယ်။

- Advertisement -

အကယ်၍သာ အဆိုပါအချက်ကို ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိပါက မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းက အခြားသောနိုင်ငံများထက် နောက်ကောက်ကျနိုင်ဖွယ်ရှိပြီး မြန်မာအစိုးရအနေဖြင့် (၂၀၁၈) ခုနှစ်မှစတင်ကာ ဆိုက်ဘာလုံခြုံရေးအတွက် အပူတပြင်းဆောင်ရွက်နေသည့်တိုင် သုံးစွဲသူများအနေဖြင့် လက်ရှိအချိန်အထိ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ဦးရှိန်းသူအောင်က ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

- Advertisement -

 

 

ကိုရိုနာဗိုင္းရပ္စ္နဲ႔ ျမန္မာ့စီးပြားေရးအေျပာင္းအလဲ။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻ႕စီးပြားေရးလုပ္ငန္းမ်ားအျပင္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးလုပ္ငန္းမ်ားအေပၚ အက်ိဳးသက္ေရာက္မႈွရွိခဲ့ၿပီး Lockdown စည္းမ်ဥ္းစည္းကမ္းမ်ားေၾကာင့္ ဝန္ထမ္းအမ်ားစုသည္ ေနအိမ္မွတစ္ဆင့္ လုပ္ငန္းေဆာင္တာမ်ားကို လုပ္ေဆာင္ခဲ့ရၿပီး လိုအပ္သည့္အစည္းအေဝးမ်ားကိုလည္း Video Call မ်ားမွတစ္ဆင့္ ေဆာင္ရြက္ခဲ့ရေၾကာင္း ရန္ကုန္အေျခစိုက္နည္းပညာကုမၸဏီတစ္ခုရဲ႕ တြဲဖက္ဥကၠဌတစ္ဦးျဖစ္သူ ဦးရွိန္းသူေအာင္ကေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ အျခားေသာနည္းပညာကုမၸဏီမ်ားသည္လည္း Work From Home ကာလ၌ ေနအိမ္မွတစ္ဆင့္ လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႔စြာေဆာင္ရြက္ႏိုင္ေရးအတြက္ အျခားေသာေထာက္ပံ့မႈမ်ားကိုလည္းျပဳလုပ္ခဲ့ပါတယ္။

ဒါ့အျပင္ ဦးရွိန္းသူေအာင္က “ကုမၸဏီေတာ္ေတာ္မ်ားမ်ားက လုပ္ငန္းတြင္က်ယ္ဖို႔အတြက္ ဗီဒီယိုနဲ႔ခ်ိတ္ဆက္တဲ့ ဆိုရွယ္မီဒီယာေတြကို အသံုးျပဳခဲ့ၿပီး Cloud Service ေတြကိုလည္း အသံုးျပဳခဲ့ၾကပါတယ္။” ဟု ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ Stay Home ကာလ၌ ကုမၸဏီမ်ားအပါအဝင္ ဝန္ထမ္းေတာ္ေတာ္မ်ားမ်ားသည္လည္း အြန္လိုင္းမွတစ္ဆင့္ ခ်ိတ္ဆက္မႈမ်ားအေပၚ အသားက်ေအာင္  ေဆာင္ရြက္ခ့ဲရၿပီး ေကာင္းမြန္သည့္ အင္တာနက္လိုင္းခ်ိတ္ဆက္မႈမ်ားကိုလိုအပ္ခဲ့ေၾကာင္း သိရွိရပါတယ္။ ဇြန္လေႏွာင္းပိုင္း၌ Frontiir ကို အသံုးျပဳသူ အိမ္ေထာင္စုေပါင္း (၃၆၀,၀၀၀) ရွိခဲ့ၿပီး အသံုးျပဳသူ (၁.၆) သန္းအထိ ရွိခဲ့ေၾကာင္းလည္း စစ္တမ္းမ်ားအရသိရွိရပါတယ္။

ဒစ္ဂ်စ္တယ္ထုတ္ကုန္မ်ားနဲ႔ ပလက္ေဖာင္းမ်ားသံုးစြဲမႈကို ကိုရိုနာဗုိင္းရပ္စ္အလြန္ ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး ျပန္လည္ဦးေမာ့ေရး မဟာဗ်ဴဟာ၌ ထည့္သြင္းထားၿပီး ကိုရိုနာဗုိင္းရပ္စ္အလြန္ ရည္မွန္းခ်က္ (၇) ရပ္ပါဝင္သည့္ စီမံကိန္းမ်ားအနက္ ဒစ္ဂ်စ္တယ္ပလက္ေဖာင္းမ်ားကိုဦးစားေပးျမွင့္တင္ရန္ကိစၥရပ္မ်ားလည္း ပါဝင္ေၾကာင္း သိရွိရပါတယ္။ E- Commerce လုပ္ငန္းမ်ားအတြက္ မုိဘိုင္းဖုန္းမ်ားမွတစ္ဆင့္ ေငြေပးေခ်ျခင္း၊ ဘဏ္မွတဆင့္  ေငြလႊဲျခင္းမ်ားနဲ့ စီးပြားေရးလုပ္ငန္းမ်ားအၾကား E- Commerce ျဖင့္ ခ်ိတ္ဆက္ျခင္းမ်ားကို ပိုမိုအားေပးေရးလုပ္ငန္းစဥ္မ်ားကိုလည္း အစိုးရဘက္မွအဓိက ပစ္မွတ္ထားေနေၾကာင္း သိရွိရပါတယ္။

ျမန္မာႏိုင္ငံမွဒစ္ဂ်စ္တယ္စီးပြားေရးလုပ္ငန္းမ်ားသည္ ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္၌ (၄၀) ရာခိုင္ႏႈန္းသာ ရွိခဲ့ေပမယ့္ လာမည့္ (၂၀၂၅) ခုႏွစ္၌ (၅၀) ရာခိုင္ႏႈန္းအထိ တုိးျမင့္လာဖြယ္ရွိေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ အေျခခံအေဆာက္အဦလုိအပ္ခ်က္မ်ားေၾကာင့္ ျမန္မာႏိုင္ငံ၌ ဒစ္ဂ်စ္တယ္စနစ္ကို အဆင့္ျမွင့္တင္ေရးလုပ္ငန္းမ်ားအတြက္ အတားအဆီးမ်ားရွိေနဆဲျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ၌ အေသးစား စီးပြားေရးလုပ္ငန္းမ်ားက ဒစ္ဂ်စ္တယ္လမ္းေၾကာင္းေပၚတက္လွမ္းရန္ ႀကိဳးစားေနၾကသည့္တိုင္ သံုးစဲြသူမ်ားရဲ႕ ကိုယ္ေရးအခ်က္အလက္မ်ားကို အကာအကြယ္ေပးႏိုင္မႈွအားနည္းခ်က္က ႀကီးမားသည့္ စိန္ေခၚမႈတစ္ခုအျဖစ္ ရွိေနပါတယ္။

အကယ္၍သာ အဆုိပါအခ်က္ကို ျပဳျပင္ထိန္းသိမ္းႏိုင္ျခင္းမရွိပါက ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးလုပ္ငန္းက အျခားေသာႏိုင္ငံမ်ားထက္ ေနာက္ေကာက္က်ႏိုင္ဖြယ္ရွိၿပီး ျမန္မာအစိုးရအေနျဖင့္ (၂၀၁၈) ခုႏွစ္မွစတင္ကာ ဆိုက္ဘာလံုၿခံဳေရးအတြက္ အပူတျပင္းေဆာင္ရြက္ေနသည့္တိုင္ သံုးစဲြသူမ်ားအေနျဖင့္ လက္ရွိအခ်ိန္အထိ လံုၿခံဳေရးဆိုင္ရာစိန္ေခၚမႈမ်ားနဲ႔ ရင္ဆိုင္ေနရဆဲျဖစ္ေၾကာင္း ဦးရွိန္းသူေအာင္က ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

- Advertisement -

<Zawgyi Version>

 

#HM(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 + 1 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...