HomeSportလီဗာပူးအသင်းရဲ့ပစ်မှတ်ကစားသမားကို ကြားဖြတ်ခေါ်ယူရန် ကြိုးပမ်းလာသည့် ယူနိုက်တက်။
လီဗာပူးအသင်းရဲ့ပစ်မှတ်ကစားသမားကို ကြားဖြတ်ခေါ်ယူရန် ကြိုးပမ်းလာသည့် ယူနိုက်တက်။
- Advertisement -
လီဗာပူးအသင်းကခေါ်ယူရန်သတင်းများကျယ်လောင်စွာ ထွက်ပေါ်နေသည့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာကို ယူနိုက်တက်အသင်းက ကြားဖြတ်ခေါ်ယူရန် ကြိုးစားလာကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ စပိန်လူမျိုးကွင်းလယ်ကစားသမား သီယာဂိုကို လီဗာပူးအသင်းက လာမယ့်အပြောင်းအရွှေ့၌ ခေါ်ယူရန် သေချာသလောက်ရှိနေပြီဆိုသည့် သတင်းများထွက်ပေါ်နေပြီး လက်ရှိအချိန်၌မူ အဆိုပါအပြောင်းအရွှေ့ကိစ္စ၌ ယူနိုက်တက်အသင်းလည်း ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။
သီယာဂိုသည် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် ကစားသမားဖြစ်ပြီး လီဗာပူးအသင်းသို့ ပြောင်းရွှေ့ရန် တံခါးဖွင့်ထားကြောင်း သတင်းများထွက်ပေါ်နေပေမယ့် Bild သတင်းဌာနရဲ့  ဖော်ပြချက်အရ ယူနိုက်တက်အသင်းကလည်း အသက် (၂၉) နှစ်အရွယ် အဆိုပါကွင်းလယ်ကစားသမားကို ကြားဖြတ်ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း သိရှိရပါတယ်။ ယူနိုက်တက်အသင်းသည် သီယာဂိုကို ဘာစီလိုနာအသင်းမှာကစားနေစဉ်တည်းက ခေါ်ယူရန်စိတ်ဝင်စားခဲ့ပြီး လက်ရှိအချိန်၌မူ သီယာဂိုအတွက် ပြန်လည်စိတ်ဝင်စားလာခဲ့ခြင်းလည်းဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်၌ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်တို့ကဲ့သို့ ကစားသမားများရှိနေပေမယ့် နည်းပြဆိုးလ်ရှားက သူ့အသင်းရဲ့ကွင်းလယ်အတွက် ဖန်တီးနိုင်စွမ်းမြင့်မားသည့်  နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူနိုင်ရန် စိတ်ဝင်စားနေကြောင်းလည်း   ကောလာဟလသတင်းများထွက်ပေါ်လျက်ရှိပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကမူ စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့်တိုင် သူတို့အသင်းရဲ့ ကွင်းလယ်ကစားသမားကို စျေးပေါပေါနဲ့ လက်လွှတ်ခံသွားမည်မဟုတ်ဘဲ ပေါင်သန်း (၃၀) ဝန်းကျင် တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
- Advertisement -
<Unicode Version>
- Advertisement -
<Zawgyi Version>
- Advertisement -
Source ~ Sportsmole
#HM(Soshwe)
#soshwesport
#soshweforyourdialylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
seventeen − eleven =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...