HomeHome & Propertyအိမ်ခြံမြေစျေးကွက်၌ ထိပ်ဆုံးနေရာ၌ရပ်တည်နိုင်ခဲ့သည့် အရှေ့တောင်အာရှမြို့တစ်မြို့။
အိမ်ခြံမြေစျေးကွက်၌ ထိပ်ဆုံးနေရာ၌ရပ်တည်နိုင်ခဲ့သည့် အရှေ့တောင်အာရှမြို့တစ်မြို့။
- Advertisement -
ကမ္ဘာ့မြို့ကြီး (၁၅၀) အားလုံးရဲ့ နှစ်စဉ်ပျမ်းမျှတန်ဖိုးက ကမ္ဘာ့လူနေထိုင်မှုဆိုင်ရာအညွှန်းကိန်းများအရ (၄.၃) %  ရှိကြောင်း သိရှိရပါတယ်။ နိုင်ငံတကာအိမ်ခြံမြေအကြံပေး Knight Frank ရဲ့  နောက်ဆုံးထုတ်ပြန်လိုက်သည့် ကမ္ဘာ့လူနေထိုင်မှှုဆိုင်ရာအညွှန်းကိန်းများအရ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က ပြီးခဲ့တဲ့ Quarter (၂) ခုလုံး၌ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မနီလာမြို့ရဲ့ ကမ္ဘာ့လူနေထိုင်မှုဆိုင်ရာ အညွှန်းကိန်းသည် ပြီးခဲ့သည့်မတ်လမှစတင်ကာ လက်ရှိအချိန်အထိ (၂၂) ရာခိုင်နှုန်း  မြင့်တက်လာခဲ့ပြီး Budapest မြို့မှာမူ ဥရောပ၌ လူနေထိုင်မှုဆိုင်ရာအညွှန်းကိန်း (၁၆) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် Zagreb နဲ့ Warsaw မြို့တို့သည်လည်း ဥရောပရဲ့ထိပ်သီး (၁၀) နိုင်ငံများစာရင်း၌ပါဝင်ခဲ့ပြီး မနီလာမြို့၊ ဆိုးလ်မြို့နဲ့ မဲလ်ဘုန်းမြို့တို့မှာမူ နှစ်စဉ်တိုးတက်မှု (၁၃) ရာခိုင်နှုန်းဖြင့် အာရှပစိဖိတ်ဒေသရဲ့ ကမ္ဘာ့လူနေထိုင်မှုဆိုင်ရာအညွှန်းကိန်းများအရ အမြင့်ဆုံးအနေအထား၌ရှိနေပါတယ်။ ပြီးခဲ့သည့်မတ်လအထိ   နောက်ဆုံး (၁၂) လအတွင်း မြင့်တက်ခဲ့သည့် အညွှန်းကိန်း (၄.၃) ရာခိုင်နှုန်းသည် (၂၀၁၇) ခုနှစ်ရဲ့  3rd Quarter နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့သည့် အညွှန်းကိန်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။
- Advertisement -
တရုတ်၊ အမေရိကန်တို့ပါဝင်သော GDP အများဆုံးမြို့ကြီး (၁၅) မြို့ကို ကြည့်လိုက်မည်ဆိုပါကလည်း ယခု (၂၀၂၀) ခုနှစ်ရဲ့ ပထမ Quarter အတွင်း တရုတ်နိုင်ငံရဲ့ ကမ္ဘာ့လူနေထိုင်မှုဆိုင်ရာအညွန်းကိန်းက (၀.၄) ရာခိုင်နှုန်းသာတိုးတက်ခဲ့ပြီး (၂၀၀၈) ခုနှစ်ရဲ့ ပထမ Quarter နောက်ပိုင်း GDP အများဆုံး မြို့ကြီး (၁၅) မြို့စာရင်း၌ အနည်းဆုံးအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
- Advertisement -
<Unicode Version>
- Advertisement -
အိမ်ခြံမြေဈေးကွက်၌ ထိပ်ဆုံးနေရာ၌ရပ်တည်နိုင်ခဲ့သည့် အရှေ့တောင်အာရှမြို့တစ်မြို့။
<Zawgyi Version>
Source ~ Worldproperty
#HM(Soshwe)
#soshwehomeandproperty
#soshwefprypurdailylife
#likeandshare
- Advertisement -
Must Read