HomeEducationဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၃) သိန်းကို ငွေကြေးထောက်ပံ့ပေးသွားမည့် မြန်မာအစိုးရ။

ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၃) သိန်းကို ငွေကြေးထောက်ပံ့ပေးသွားမည့် မြန်မာအစိုးရ။

- Advertisement -

မြန်မာနိုင်ငံ အစိုးရတာဝန်ရှိသူများအနေဖြင့် ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၃) သိန်းကို  ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာရေးဌာနမှ ဒါရိုက်တာဦးသန်းစိုးအောင်က ဆိုပါတယ်။ ယခင်က တစ်မြို့နယ်လျှင် ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄) ယောက်နှုန်းဖြင့် အရေအတွက် (၁) သောင်းအောက်သာ ထောက်ပံ့ကြေးရရှိခဲ့ပြီး ယခုနှစ်၌မူ တစ်မြို့နယ်လျှင် (၁၆)  ယောက်နှုန်းဖြင့် တိုးမြှင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် မြို့နယ် (၃၂) မြို့နယ်အတွက် ကျောင်းသား၊ ကျောင်းသူပေါင်း (၂၀,၀၀၀) မှ (၅၅,၀၀၀) အထိ  ထောက်ပံ့ကြေးရရှိမည်ဖြစ်ပြီး မြို့နယ် (၅၆) မြို့နယ်အတွက် ကျောင်းသား၊ ကျောင်းသူပေါင်း (၅၅,၀၀၀) မှ (၈၀,၀၀၀) အထိ ထောက်ပံ့ကြေးရရှိမည်ဖြစ်ပါတယ်။ ဦးသန်းစိုးအောင်က “အရင်နှစ်ကထက်စာရင် ဒီနှစ်မှာ ပိုမိုများပြားတဲ့ ကျောင်းသားအရေအတွက်ကို ထောက်ပံ့ကြေးပေးနိုင်ပါလိမ့်မယ်။ တစ်ယောက်ကို ဘယ်လောက်ရမလဲဆိုတာကတော့ ဌာနရဲ့ဘတ်ဂျက်အပေါ်မူတည်ပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ်က ယခုအစီအစဉ်ဖြင့် အခြေခံကျောင်းသားများကို ကျပ် (၅) ထောင်၊ အလယ်တန်းကျောင်းသားများကို ကျပ် (၈) ထောင်၊ အထက်တန်းကျောင်းသားများကို ကျပ် (၁) သောင်းနှှုန်းဖြင့် ထောက်ပံ့နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ မိတ်ဖက်အဖွဲ့အစည်းများရဲ့စီမံမှုဖြင့် (၂၀၁၄) ခုနှစ်မှစတင်ကာ မြန်မာအစိုးရက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးများရှိ ဆင်းရဲနွမ်းပါးသည့်  ကျောင်းသား၊  ကျောင်းသူများကို  ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါတယ်။

<Unicode Version>

- Advertisement -

 

 

- Advertisement -

 

ဆင္းရဲႏြမ္းပါးသည့္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၃) သိန္းကို ေငြေၾကးေထာက္ပံ့ေပးသြားမည့္ ျမန္မာအစုိးရ။

ျမန္မာႏိုင္ငံ အစုိးရတာဝန္ရွိသူမ်ားအေနျဖင့္ ဆင္းရဲႏြမ္းပါးသည့္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၃) သိန္းကို  ေငြေၾကးေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း အေျခခံပညာေရးဌာနမွ ဒါ႐ိုက္တာဦးသန္းစိုးေအာင္က ဆိုပါတယ္။ ယခင္က တစ္ၿမိဳ႕နယ္လွ်င္ ဆင္းရဲႏြမ္းပါးသည့္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၄) ေယာက္ႏႈန္းျဖင့္ အေရအတြက္ (၁) ေသာင္းေအာက္သာ ေထာက္ပံ့ေၾကးရရွိခဲ့ၿပီး ယခုႏွစ္၌မူ တစ္ၿမိဳ႕နယ္လွ်င္ (၁၆)  ေယာက္ႏႈန္းျဖင့္ တိုးျမႇင့္ရရွိမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ ၿမိဳ႕နယ္ (၃၂) ၿမိဳ႕နယ္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၂၀,၀၀၀) မွ (၅၅,၀၀၀) အထိ  ေထာက္ပံ့ေၾကးရရွိမည္ျဖစ္ၿပီး ၿမိဳ႕နယ္ (၅၆) ၿမိဳ႕နယ္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၅၅,၀၀၀) မွ (၈၀,၀၀၀) အထိ ေထာက္ပံ့ေၾကးရရွိမည္ျဖစ္ပါတယ္။ ဦးသန္းစိုးေအာင္က “အရင္ႏွစ္ကထက္စာရင္ ဒီႏွစ္မွာ ပိုမိုမ်ားျပားတဲ့ ေက်ာင္းသားအေရအတြက္ကို ေထာက္ပံ့ေၾကးေပးႏိုင္ပါလိမ့္မယ္။ တစ္ေယာက္ကို ဘယ္ေလာက္ရမလဲဆိုတာကေတာ့ ဌာနရဲ႕ဘတ္ဂ်က္အေပၚမူတည္ပါတယ္။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

ၿပီးခဲ့သည့္ႏွစ္က ယခုအစီအစဥ္ျဖင့္ အေျခခံေက်ာင္းသားမ်ားကို က်ပ္ (၅) ေထာင္၊ အလယ္တန္းေက်ာင္းသားမ်ားကို က်ပ္ (၈) ေထာင္၊ အထက္တန္းေက်ာင္းသားမ်ားကို က်ပ္ (၁) ေသာင္းႏွႈန္းျဖင့္ ေထာက္ပံ့ႏိုင္ခဲ့ေၾကာင္းသိရွိရပါတယ္။ ကမာၻ႕ဘဏ္နဲ႔ မိတ္ဖက္အဖြဲ႕အစည္းမ်ားရဲ႕စီမံမႈျဖင့္ (၂၀၁၄) ခုႏွစ္မွစတင္ကာ ျမန္မာအစိုးရက ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ စစ္ကိုင္း၊ တနသၤာရီ၊ ပဲခူး၊ မေကြးနဲ႔ မႏၱေလးတိုင္းေဒသၾကီးမ်ားရွိ ဆင္းရဲႏြမ္းပါးသည့္  ေက်ာင္းသား၊  ေက်ာင္းသူမ်ားကို  ေငြေၾကးေထာက္ပံ့ေပးခဲ့ျခင္းျဖစ္ပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

- Advertisement -

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

six + 6 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...