HomeTechအိန္ဒိယနိုင်ငံသားတွေကို TikTok အသုံးပြုလို့မရအောင် တားမြစ်လိုက်တဲ့အကြောင်းရင်း။

အိန္ဒိယနိုင်ငံသားတွေကို TikTok အသုံးပြုလို့မရအောင် တားမြစ်လိုက်တဲ့အကြောင်းရင်း။

- Advertisement -

TikTok ဟာ လက်တလောမှာ သက်ကြီးသက်ငယ်တွေကြားမှာ အလွန်ခေတ်စားနေပြီး  ဗီဒီယိုအတိုလေးတွေကို ရိုက်ကူးလို့ရတဲ့ တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီက တီထွင်ပြုလုပ်ခဲ့တဲ့ App တစ်ခုဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့ အကပညာရှင်တွေ ၊ မိတ်ကပ်ပညာရှင်တွေနဲ့  အနုပညာရှင်တွေဟာလည်း အဆိုပါဗီဒီယိုအတိုလေးတွေကနေ သူတို့ရဲ့အရည်အချင်းတွေကို ထုတ်ဖော်ပြသလေ့ရှိပါတယ်။ ဒါ့အပြင် သာမန်အရပ်သားတွေကလည်း  ဗီဒီယိုအတိုလေးတွေကို အပျော်ရိုက်ကူးပြီး လှုမှုကွန်ရက်အကောင့်တွေမှာ တင်လေ့ရှိပါတယ်။

TikTok App ကို နိုင်ငံတကာက အသုံးပြုခွင့်ရနေတဲ့ အချိန်မျိုးမှာ ByteDance ကုမ္ပဏီက အိန္ဒိယနိုင်ငံသားတွေကို TikTok App အသုံးပြုခြင်းကနေ တားဆီးပိတ်ပင်ပစ်လိုက်ပါတယ်။ ByteDance ကုမ္ပဏီက အိန္ဒိယနိုင်ငံသားတွေကို App အသုံးပြုခွင့် တားမြစ်လိုက်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး  နိုင်ငံတော်အစိုးရအဖွဲ့ဝင်တွေကလည်း လျှောက်လဲချက်တောင်းနေသလို ByteDance ကုမ္ပဏီက ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့် အဖြေတွေကိုရှာဖွေတွေ့ရှိနိုင်ဖို့အတွက်  ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေကလည်း အဆိုပါပိတ်ပင်တားမြစ်ခြင်းနဲ့ ပတ်သက်ပြီး တရားဥပဒေအရ အရေးယူ  ဆောင်ရွက်မှုတွေကို ပြုလုပ်သွားမလား? ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့လည်း TikTok က မည်သည့်ဆောင်ရွက်မှုတွေကိုမှ ပါဝင်ဆောင်ရွက်ဖို့ အစီအစဉ်မရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနင်္လာနေ့မှာတော့ နိုင်ငံတော်အစိုးရအဖွဲ့ကလည်း တရုတ်နိုင်ငံအခြေစိုက် TikTok ၊ CamScanner ၊ UC Browser နဲ့ WeChat စတဲ့ Apps ၅၉ ခုကို ယခင်က သတ်မှတ်ပြဋ္ဌာန်းထားတဲ့  စည်းမျဉ်းစည်းကမ်းတွေထက် ပိုမိုတင်းကြပ်လိုက်ပါတော့တယ်။

- Advertisement -

အဆိုပါ App  တွေက အိန္ဒိယနိုင်ငံသားတွေရဲ့ အသုံးပြုမှုကို  တရားဝင်တားမြစ်လိုက်ပြီးနောက်မှာတော့  အိန္ဒိယနိုင်ငံရဲ့ အင်တာနက်လိုင်းဆက်သွယ်မှုနဲ့  ဖုန်းလိုင်းဆက်သွယ်မှုကို  အဓိကထားဝန်ဆောင်မှုပေးနေတဲ့  ဆက်သွယ်ရေးအဖွဲ့အစည်းတွေကလည်း အဆိုပါ App တွေရဲ့ ဝင်ရောက်ဆက်သွယ်မှုတွေကို  ဖြတ်တောက်ပစ်ခဲ့ပါတယ်။

TikTok နဲ့ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အခုလတ်တလောမှာ TikTok App ရဲ့ တာဝန်ရှိသူတွေဟာ  အိန္ဒိယနိုင်ငံအစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုအတိုင်း ဥပဒေဆိုင်ရာ တာဝန်ယူဆောင်ရွက်မှုတွေကို ပြုလုပ်သွားမယ်လို့ သတင်းမီဒီယာတွေက  တစ်ဖက်သတ်  ပြောဆိုနေပါတယ်။  သတင်းမီဒီယာတွေက ထင်ကြေးပေးထားသလိုမျိုး ဥပဒေအရတာဝန်ယူဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားဖို့ အစီအစဉ်မရှိပါဘူး။”လို့ ဆိုထားပါတယ်။

- Advertisement -

CEO Kevin Mayer ကတော့ အိန္ဒိယနိုင်ငံအတွင်းမှာရှိတဲ့ TikTok ကုမ္ပဏီခွဲမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေကို အသိပေးထားတဲ့ ပေးစာမှာတော့ အိန္ဒိယနိုင်ငံသားတွေကို TikTok အသုံးပြုခွင့်ပေးခြင်းကနေ  တားမြစ်လိုက်ခြင်းက ကံမကောင်းအကြောင်းမလှတဲ့ စိန်ခေါ်မှုတွေကြောင့်သာဖြစ်ကြောင်း  အားပေးပြောဆိုထားကြောင်း သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ TikTok ဌာနခွဲရဲ့ ခေါင်းဆောင်ဖြစ်သူ Nikhil Gandhi ကတော့ အစိုးရအဖွဲ့ကချမှတ်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်နိုင်ဖို့အတွက်  အချိန်ယူပြင်ဆင်နေခြင်းဖြစ်တယ်လို့  ဖြေရှင်းချက်ပေးထားပါတယ်။ အမှန်တကယ်တော့ အိန္ဒိယနိုင်ငံဟာ TikTok App အကျိုးအမြတ် အများအပြားရရှိနိုင်တဲ့ စျေးကွက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း TikTok App တာဝန်ခံတွေအနေနဲ့  နိုင်ငံတော်အစိုးရအဖွဲ့ကို တိကျသေချာတဲ့ ရှင်းပြချက်တွေကို တင်ပြပေးဖို့အတွက် လူမှုကွန်ရက်ဆိုင်ရာ  ပညာရှင်များက အကြံပြုထားပါတယ်။

<Unicode Version>

 

 

အိႏၵိယႏိုင္ငံသားေတြကို TikTok အသံုးျပဳလို႔မရေအာင္ တားျမစ္လိုက္တ့ဲအေၾကာင္းရင္း။

TikTok ဟာ လက္တေလာမွာ သက္ႀကီးသက္ငယ္ေတြၾကားမွာ အလြန္ေခတ္စားေနၿပီး  ဗီဒီယိုအတိုေလးေတြကို ႐ိုက္ကူးလို႔ရတဲ့ တ႐ုတ္ႏိုင္ငံအေျခစိုက္ ByteDance ကုမၸဏီက တီထြင္ျပဳလုပ္ခဲ့တဲ့ App တစ္ခုျဖစ္ပါတယ္။ အရည္အခ်င္းရွိတဲ့ အကပညာရွင္ေတြ ၊ မိတ္ကပ္ပညာရွင္ေတြနဲ႔  အႏုပညာရွင္ေတြဟာလည္း အဆိုပါဗီဒီယိုအတိုေလးေတြကေန သူတို႔ရဲ႕အရည္အခ်င္းေတြကို ထုတ္ေဖာ္ျပသေလ့ရွိပါတယ္။ ဒါ့အျပင္ သာမန္အရပ္သားေတြကလည္း  ဗီဒီယိုအတိုေလးေတြကို အေပ်ာ္႐ိုက္ကူးၿပီး လႈမႈကြန္ရက္အေကာင့္ေတြမွာ တင္ေလ့ရွိပါတယ္။

TikTok App ကို ႏိုင္ငံတကာက အသံုးျပဳခြင့္ရေနတဲ့ အခ်ိန္မ်ိဳးမွာ ByteDance ကုမၸဏီက အိႏၵိယႏိုင္ငံသားေတြကို TikTok App အသံုးျပဳျခင္းကေန တားဆီးပိတ္ပင္ပစ္လိုက္ပါတယ္။ ByteDance ကုမၸဏီက အိႏၵိယႏိုင္ငံသားေတြကို App အသံုးျပဳခြင့္ တားျမစ္လိုက္ရတဲ့ အေၾကာင္းအရင္းနဲ႔ ပတ္သက္ၿပီး  ႏိုင္ငံေတာ္အစိုးရအဖြဲ႔ဝင္ေတြကလည္း ေလွ်ာက္လဲခ်က္ေတာင္းေနသလို ByteDance ကုမၸဏီက ၾကံဳေတြ႕ေနရတဲ့ ျပႆနာေတြကိုေျဖရွင္းေပးႏိုင္မယ့္ အေျဖေတြကိုရွာေဖြေတြ႕ရွိႏိုင္ဖို႔အတြက္  ေဆြးေႏြးေနၾကတယ္လို႔ သိရပါတယ္။

- Advertisement -

ဒါ့အျပင္ သတင္းမီဒီယာေတြကလည္း အဆိုပါပိတ္ပင္တားျမစ္ျခင္းနဲ႔ ပတ္သက္ၿပီး တရားဥပေဒအရ အေရးယူ  ေဆာင္ရြက္မႈေတြကို ျပဳလုပ္သြားမလား? ဆိုတဲ့ ေမးခြန္းနဲ႔ပတ္သက္ၿပီးေတာ့လည္း TikTok က မည္သည့္ေဆာင္ရြက္မႈေတြကိုမွ ပါဝင္ေဆာင္ရြက္ဖို႔ အစီအစဥ္မရွိေၾကာင္း သတင္းထုတ္ျပန္ခ့ဲပါတယ္။

လြန္ခဲ့တဲ့ တနလၤာေန႔မွာေတာ့ ႏိုင္ငံေတာ္အစိုးရအဖြဲ႔ကလည္း တ႐ုတ္ႏိုင္ငံအေျခစိုက္ TikTok ၊ CamScanner ၊ UC Browser နဲ႔ WeChat စတဲ့ Apps ၅၉ ခုကို ယခင္က သတ္မွတ္ျပ႒ာန္းထားတဲ့  စည္းမ်ဥ္းစည္းကမ္းေတြထက္ ပိုမိုတင္းၾကပ္လိုက္ပါေတာ့တယ္။

အဆိုပါ App  ေတြက အိႏၵိယႏိုင္ငံသားေတြရဲ႕ အသံုးျပဳမႈကို  တရားဝင္တားျမစ္လိုက္ၿပီးေနာက္မွာေတာ့  အိႏၵိယႏိုင္ငံရဲ႕ အင္တာနက္လိုင္းဆက္သြယ္မႈနဲ႔  ဖုန္းလိုင္းဆက္သြယ္မႈကို  အဓိကထားဝန္ေဆာင္မႈေပးေနတဲ့  ဆက္သြယ္ေရးအဖြဲ႔အစည္းေတြကလည္း အဆိုပါ App ေတြရဲ႕ ဝင္ေရာက္ဆက္သြယ္မႈေတြကို  ျဖတ္ေတာက္ပစ္ခဲ့ပါတယ္။

TikTok နဲ႔ပတ္သက္ၿပီး ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “အခုလတ္တေလာမွာ TikTok App ရဲ႕ တာဝန္ရွိသူေတြဟာ  အိႏၵိယႏိုင္ငံအစိုးရအဖြဲ႕ရဲ႕ ၫႊန္ၾကားမႈအတိုင္း ဥပေဒဆိုင္ရာ တာဝန္ယူေဆာင္ရြက္မႈေတြကို ျပဳလုပ္သြားမယ္လို႔ သတင္းမီဒီယာေတြက  တစ္ဖက္သတ္  ေျပာဆိုေနပါတယ္။  သတင္းမီဒီယာေတြက ထင္ေၾကးေပးထားသလိုမ်ိဳး ဥပေဒအရတာဝန္ယူေဆာင္ရြက္မႈေတြကို လုပ္ေဆာင္သြားဖို႔ အစီအစဥ္မရွိပါဘူး။”လို႔ ဆိုထားပါတယ္။

CEO Kevin Mayer ကေတာ့ အိႏၵိယႏိုင္ငံအတြင္းမွာရွိတဲ့ TikTok ကုမၸဏီခြဲမွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းေတြကို အသိေပးထားတဲ့ ေပးစာမွာေတာ့ အိႏၵိယႏိုင္ငံသားေတြကို TikTok အသံုးျပဳခြင့္ေပးျခင္းကေန  တားျမစ္လိုက္ျခင္းက ကံမေကာင္းအေၾကာင္းမလွတဲ့ စိန္ေခၚမႈေတြေၾကာင့္သာျဖစ္ေၾကာင္း  အားေပးေျပာဆိုထားေၾကာင္း သိရွိရပါတယ္။

အိႏၵိယႏိုင္ငံ TikTok ဌာနခြဲရဲ႕ ေခါင္းေဆာင္ျဖစ္သူ Nikhil Gandhi ကေတာ့ အစိုးရအဖြဲ႕ကခ်မွတ္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာေဆာင္ရြက္ႏိုင္ဖို႔အတြက္  အခ်ိန္ယူျပင္ဆင္ေနျခင္းျဖစ္တယ္လို႔  ေျဖရွင္းခ်က္ေပးထားပါတယ္။ အမွန္တကယ္ေတာ့ အိႏၵိယႏိုင္ငံဟာ TikTok App အက်ိဳးအျမတ္ အမ်ားအျပားရရွိႏိုင္တဲ့ ေစ်းကြက္တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္လည္း TikTok App တာဝန္ခံေတြအေနနဲ႔  ႏိုင္ငံေတာ္အစိုးရအဖြဲ႔ကို တိက်ေသခ်ာတဲ့ ရွင္းျပခ်က္ေတြကို တင္ျပေပးဖို႔အတြက္ လူမႈကြန္ရက္ဆိုင္ရာ  ပညာရွင္မ်ားက အၾကံျပဳထားပါတယ္။

<Zawgyi Version>

 

Source ~ Gadgets

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × four =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...