HomeOther၁၄ ရက်ကြာ ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်စရာမလိုဘဲ သွားရောက်လည်ပတ်နိုင်မယ့်နိုင်ငံများ။

၁၄ ရက်ကြာ ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်စရာမလိုဘဲ သွားရောက်လည်ပတ်နိုင်မယ့်နိုင်ငံများ။

- Advertisement -

ကူးသန်းသွားလာရေးဆိုင်ရာ အတွင်းရေးမှူး Grant Shapps က အခုချိန်မှာ သွားရောက်လည်ပတ်ဖို့  စိတ်ချရပြီဖြစ်တဲ့ နိုင်ငံတွေကို စာရင်းပြုစုပြီး ဖော်ထုတ်ပြောပြခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ နိုင်ငံ/ဒေသတွေကို  စာရင်းပြုစုပြီး ဖော်ထုတ်ခဲ့တဲ့အပြင် ခရီးသွားတွေအနေနဲ့ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုပါ တစ်ပါးတည်း အသိပေးကြေငြာခဲ့တာပဲဖြစ်ပါတယ်။

ကျန်းမာရေးအခြေအနေတွေ တည်ငြိမ်နေပြီဖြစ်တဲ့ နိုင်ငံ/ဒေသတွေမှာနေထိုင်တဲ့  နိုင်ငံသားတွေဟာ   ဗြိတိန်နိုင်ငံကို သွားရောက်လည်ပတ်လိုတယ်ဆိုရင် Quaratine အဆောက်အအုံတွေမှာ  ၁၄ ရက်ကြာနေထိုင်ပြီး ကျန်းမာရေးဆေးစစ်ချက်တွေ ပြုလုပ်စရာမလိုတော့ပါဘူး။ ဒါပေမယ် ့ ဗြိတိန်နိုင်ငံအတွင်းကို ရောက်ရှိလာသူ ဧည့်သည်တော်တွေဟာ ဗြိတိန်နိုင်ငံ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေကို အသိပေးပြီး ကိုယ်နေလိုတဲ့နေရာမှာ ၁၄ ရက်ကြာနေထိုင်ရမှာပဲ ဖြစ်ပါတယ်။

- Advertisement -

ဒါ့အပြင် ဗြိတိန်နိုင်ငံကို  လာရောက်လည်ပတ်သူတွေအနေနဲ့  ဗြိတိန်နိုင်ငံအတွင်းသို့ မရောက်လာခင် သွားရောက်လည်ပတ်ခဲ့တဲ့ (သို့) နေထိုင်ခဲ့တဲ့ နေရာဒေသမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို  အမှန်တိုင်းတင်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဧည့်သည်တော်တစ်ဦးချင်းစီဟာ ကျန်းမာရေးရာဇဝင်တွေကို တာဝန်ရှိသူတွေကို မှန်ကန်စွာ အသိပေးဖို့လည်း လိုပါတယ်။

- Advertisement -

ကပ်ရောဂါစတင်ပျံ့နှံ့ခဲ့စဉ်က နိုင်ငံအတွင်း ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်တွေကို ပြင်းပြင်းထန်ထန်  လုပ်ခဲ့ခြင်းကြောင့် အခုအချိန်မှာ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ခြင်းမရှိတဲ့  နိုင်ငံ/ဒေသတွေရဲ့ စာရင်းကို The Joint Biosecurity Centre က စာရင်းပြုစုပြီး ကြေငြာခဲ့ပါတယ်။

- Advertisement -

အဆိုပါ စာရင်းထဲမှာတော့ Germany ၊ France ၊ Spain နဲ့ Italy နိုင်ငံတို့ ပါဝင်ကြောင်း သိရပါတယ်။ အစိုးရအဖွဲ့ကတော့ “Air Bridges”လို့ အမည်ပေးထားတဲ့ “မိမိနိုင်ငံကနေ တခြားနိုင်ငံသို့  သွားရောက်လည်ပတ်မယ့် ခရီးသွားတွေနဲ့ တခြားနိုင်ငံကနေ မိမိနိုင်ငံထဲသို့ လာရောက်လည်ပတ်မယ့်  ခရီးသွားတွေကို ကျန်းမာရေးဆိုင်ရာ ထိန်းသိမ်းမှုတွေမပြုလုပ်ဘဲ လွတ်လပ်စွာ ကူးသန်းသွားလာခွင့်” ကို ဖန်တီးပေးလိုပေမယ့်လည်း အခုချိန်ဟာ လုံးဝကိုစိတ်ချရတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။

ပြင်သစ်နိုင်ငံကလည်း ပြည်ပမှလာရောက်လည်ပတ်မယ့် ခရီးသွားတွေအတွက်  အဆင်ပြေစေမယ့်  ကျန်းမာရေးဆိုင်ရာ တားမြစ်မှုတွေကို လျှော့ချပေးလိုက်မယ်ဆိုရင် အဆိုပါနိုင်ငံတွေကရော ပြင်သစ်နိုင်ငံကနေ  လာရောက်လည်ပတ်မယ့် ခရီးသွားတွေကို ကျန်းမာရေးဆိုင်ရာ တားမြစ်ချုပ်ချယ်မှုတွေ လျှော့ချပေး/မပေး     ဆိုတာကို တိကျစွာမသိရသေးတာကြောင့် အခိုင်အမာအသိပေးကြော်ငြာခြင်းမျိုး မပြုသေးပါဘူး။

စပိန်နိုင်ငံကလည်း ဗြိတိသျှနိုင်ငံမှ စပိန်နိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသွားတွေကို တင်းကြပ်တဲ့  ကျန်းမာရေးစစ်ဆေးချက်တွေ မပြုလုပ်တော့ပါဘူး။ ဂျာမနီနိုင်ငံက ဇွန်လ ၁၅ ရက်နေ့ကတည်းက  ခရီးသွားတွေကို ပြန်လည်ကြိုဆိုနေပြီပဲ ဖြစ်ပါတယ်။ အီတလီနိုင်ငံကလည်း  ဇွန် ၃ ရက်နေ့ကတည်းက  ဥရောပတစ်ခွင်နဲ့ UKတစ်ခွင်က ခရီးသွားတွေကို ပြန်လည်ကြိုဆိုခဲ့ပါတယ်။

<Unicode Version>

 

 









<Zawgyi Version>

 

Source ~ Mirror

#SY(Soshwe)

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read