HomeTech၂၀၂၀ ခုနှစ်မှာ ဒေါ်လာ၃ဘီလျံပိုင်ဆိုင်လာပြီဖြစ်တဲ့ Mobile Game ကုမ္ပဏီကြီးတစ်ခု။

၂၀၂၀ ခုနှစ်မှာ ဒေါ်လာ၃ဘီလျံပိုင်ဆိုင်လာပြီဖြစ်တဲ့ Mobile Game ကုမ္ပဏီကြီးတစ်ခု။

- Advertisement -

စစ်မြေပြင်တိုက်ခိုက်ရေးဂိမ်းတွေဖြစ်တဲ့ Garena Free Fire နဲ့ Call of Duty: Mobile တို့ရဲ့ ကျော်ကြားမှုကို PUBG Mobile က ကျော်တက်သွားပြီပဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရောက်တဲ့အခါမှာတော့ PUBG Mobile ဂိမ်းကို  တီထွင်ပြုလုပ်ခဲ့တဲ့ Tencent ဂိမ်းကုမ္ပဏီဟာ ဒေါ်လာ ၃ ဘီလျံလောက်ကို ပိုင်ဆိုင်လာပြီပဲဖြစ်ပါတယ်။

COVID-19 ကြောင့် အိမ်တွင်းအောင်းနေရတဲ့သူတော်တော်များများဟာ  စိတ်လှုပ်ရှားဖွယ်ဂိမ်းတွေကို  အပျင်းပြေ  ဆော့ကစားလာတာကြောင့် PUBG Mobile  ဂိမ်းတီထွင်တဲ့ ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ် မတ်လအတွင်းမှာတင် ဒေါ်လာသန်း ၂၇၀ လောက်ကို ပိုင်ဆိုင်လာခဲ့ပါတယ်။

- Advertisement -

San Francisco မှာရှိတဲ့ Sensor Tower (အာရုံခံကိရိယာတပ်ဆင်ထားတဲ့ မျှော်စင်) ရဲ့ ခန့်မှန်းချက်အရ PUBG Mobile ဂိမ်းဟာ Garena Free Fire ဂိမ်းထက်ကို ပိုပြီးတော့ ဂိမ်းကစားသူတွေကို  စိတ်လှုပ်ရှားပျော်ရွှင်မှု  ပေးစွမ်းနိုင်မှုက ၄ ဆသာတယ်လို့ သိရပါတယ်။

- Advertisement -

၂၀၂၀ ခုနှစ်မှာတော့ Garena ဂိမ်းကို တီထွင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ ဒေါ်လာသန်း ၃၀၀ ၊ Knives Out ဂိမ်းကို တီထွင်ခဲ့တဲ့ NetEase ကုမ္ပဏီက ဒေါ်လာသန်း ၂၆၀ နဲ့ Call of Duty : Mobile ဂိမ်းကို  တီထွင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ ဒေါ်လာသန်း ၂၂၀ ပိုင်ဆိုင်လာပြီပဲဖြစ်ပါတယ်။

- Advertisement -

အခုလက်ရှိအချိန်မှာ PUBG Mobile ဂိမ်းကို ကမ္ဘာတစ်ဝှမ်းမှာ ကစားသူဦးရေ ၇၃၄ သန်းရှိပြီး အဆိုပါ ၇၃၄ သန်းထဲမှာ ၁၇၅သန်းကတော့ အိန္ဒိယနိုင်ငံသားတွေပဲ ဖြစ်ပါတယ်။ PUBG Mobile ဂိမ်းကို ကစားသူဦးရေ ဒုတိယအများဆုံးကတော့ တရုတ်နိုင်ငံသားတွေဖြစ်ပြီး တတိယအများဆုံးကတော့ အမေရိကန်နိုင်ငံသားတွေပဲ   ဖြစ်ပါတယ်။

တရုတ်နိုင်ငံအခြေစိုက် App Store ကနေ PUBG Mobile ဂိမ်းကို Download ဆွဲပြီးကစားတဲ့ ဂိမ်းကစားသူဦးရေ အများအပြားရှိတာကြောင့် PUBG Mobile ဂိမ်းကုမ္ပဏီဟာ တရုတ်နိုင်ငံသား ဂိမ်းကစားသူတွေကြောင့် ဒေါ်လာ ၁.၆ ဘီလျံ ရရှိနေပြီပဲဖြစ်ပါတယ်။ အဆိုပါ ဝင်ငွေပမာဏကို ကမ္ဘာတစ်ဝှမ်း  ဂိမ်းကစားသူဦးရေအပေါ်မူတည်ပြီး ရာခိုင်နှုန်းနဲ့  ပြန်တွက်ချက်ကြည့်မယ်ဆိုရင်တော့ တရုတ်နိုင်ငံသား   ဂိမ်းကစားသူဦးရေက ၅၂% ရှိပါတယ်။ အမေရိကန်နိုင်ငံသား ဂိမ်းကစားသူဦးရေကတော့  ကမ္ဘာတစ်ဝှမ်း  ဂိမ်းကစားသူဦးရေ ရာခိုင်နှုန်းအရ ၁၄% ရှိပြီး ဂျပန်နိုင်ငံသား ဂိမ်းကစားသူဦးရေကတော့ ၅.၆% ရှိပါတယ်။

PUBG Mobile ဂိမ်းကို App Store ကနေ Download ဆွဲ ထည့်သွင်းအသုံးပြုသူ ၇၉% ရှိပြီး Google Play ရဲ့ တွက်ချက်မှုအရတော့ PUBG Mobile ဂိမ်းကို Download ဆွဲ ထည့်သွင်းအသုံးပြုသူ ၆၅% ရှိတယ်လို့ သိရပါတယ်။

PUBG Mobile က ဂိမ်းကစားသူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့  ပိုမိုအဆင့်မြင့်တဲ့  ပုံစံအသစ်သစ်တွေကို ထပ်မံထည့်သွင်းထားပေးပါတယ်။ ဒါ့အပြင် ဂိမ်းထဲကမြေပုံနဲ့သက်ဆိုင်တဲ့ ပုံစံအသစ်တွေကိုလည်း ထည့်သွင်းထားပေးတယ်လို့ သိရပါတယ်။  ၂၀၂ဝခုနှစ် ဇူလိုင်လအစပိုင်းမှာ မိတ်ဆက်ပေးခဲ့တဲ့ “Spark the Frame” လို့အမည်ရတဲ့ Season 14 မှာတော့  ဂိမ်းကစားသူအဖွဲ့ဝင်တွေရဲ့  ဝတ်စုံအသစ် မော်ဒယ်အသစ်နဲ့ မောင်းတော်ယာဉ်ပုံစံအသစ်တွေကိုလည်း မြင်ရမယ်လို့ ဆိုထားပါတယ်။

<Unicode Version>

 

 










<Zawgyi Version>

 

Source ~ Gadgets

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

 

 

- Advertisement -

Must Read