HomeTechကမ္ဘာအနှံ့ကိုခြေဆန့်သွားမယ့် Tencent ကုမ္ပဏီရဲ့ ဂိမ်းစတူဒီယိုအသစ်။

ကမ္ဘာအနှံ့ကိုခြေဆန့်သွားမယ့် Tencent ကုမ္ပဏီရဲ့ ဂိမ်းစတူဒီယိုအသစ်။

- Advertisement -

တရုတ်နိုင်ငံအခြေစိုက် အကြီးမားဆုံးသော လူမှုကွန်ရက်ဆက်သွယ်မှုနဲ့ ဗီဒီယိုဂိမ်းတီထွင်ထုတ်လုပ်တဲ့ Tencent ကုမ္ပဏီဟာ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဂိမ်းစတူဒီယိုကြီးကို ဒီတစ်ပတ်အတွင်းမှာ  လူသိရှင်ကြား ဖော်ထုတ်ကြော်ငြာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကို ခြေဆန့်ဖြန့်ချီသွားမယ်လို့ ဆိုလာခဲ့ပါတယ်။

ဂိမ်းစတူဒီယိုအသစ်ဖြစ်တဲ့ LightSpeedLA ကို Steve Martin က ဦးဆောင်တီထွင်သွားမှာဖြစ်ပြီး  ကမ္ဘာ့အဆင့်မှီ အရည်အသွေးကောင်းတဲ့ ဂိမ်းဒီဇိုင်းမျိုးကို ထည့်သွင်းပြုလုပ်ထားတယ်လို့လည်း ဆိုထားပါတယ်။

Tencent ကုမ္ပဏီဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဂိမ်းကစားသူတွေရဲ့ အာရုံစိုက်မှုနဲ့ စိတ်ဝင်စားမှုကို အပြည့်အဝရရှိနိုင်ဖို့နဲ့ ဆော့ကစားရတဲ့အခါမှာ ခေတ်မှီဆန်းသစ်ပြီး အရည်အသွေးမြင့်တဲ့ ပုံစံအသစ်တွေကို  ပေးစွမ်းနိုင်ဖို့ ကမ္ဘာတစ်ဝှမ်းမှာ ဂိမ်းအမျိုးအစား အမျိုးမျိုးကို ဖြန့်ချီရောင်းချရာမှ ရရှိထားတဲ့ဝင်ငွေကို  အသုံးပြုသွားမယ်လို့ သိရပါတယ်။

မကြာသေးခင်က Tencent ကုမ္ပဏီဟာ “Arena of Valor” နဲ့ “Call of Duty: Mobile” ဂိမ်းတွေကို တီထွင်ခဲ့တဲ့ TiMi ဂိမ်းစတူဒီယိုရဲ့ အကူအညီကိုယူပြီး “Halo 4” ဂိမ်းရဲ့ ဒီဇိုင်းကိုရေးဆွဲတဲ့ Scott Warner ကို ဂိမ်းစတူဒီယိုအသစ်ဖန်တီးဖို့အတွက် ငှားရမ်းခဲ့ပါတယ်။ Tencent ကုမ္ပဏီဟာ League of Legends ဂိမ်းအမျိုးအစားကို တီထွင်ခဲ့တဲ့ Riot Games အဖွဲ့ရဲ့ ပိုင်ရှင်ဖြစ်ပြီး Clash of Clans ဂိမ်းကိုလည်း  ကောင်းမွန်ထိရောက်စွာ ကိုင်တွယ်ပိုင်ဆိုင်ထားနိုင်ပါတယ်။

- Advertisement -

Orange ဒေသမှာဖွင့်လှစ်ထားတဲ့ ဂိမ်းစတူဒီယိုအသစ်မှာ ပါဝင်ဆောင်ရွက်မယ့် Rockstar Games ၊ Sony VASG ၊ Respawn Entertainment ၊ 2K Games နဲ့ Insomniac အဖွဲ့အစည်းတွေကနေ တီထွင်မှုမှာ  တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့သူတွေကို စုဆောင်းထားတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ Tencent ကုမ္ပဏီဟာ ဂိမ်းကစားနည်းအသစ်တွေကို ဂိမ်းကစားသူ ပရိသတ်ရဲ့မျက်မှောက်အရှေ့ကို အရောက်ပို့နိုင်ဖို့အတွက် စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ SNK အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး တီထွင်ပြုလုပ်ထားတဲ့ Mobile Dungeon & Fighter နဲ့ Metal Slug ဂိမ်းအမျိုးအစာတွေကိုတော့ အသိပေးကြော်ငြာခဲ့ပြီး ဖြစ်ပါတယ်။

- Advertisement -

အခုလက်ရှိမှာတော့ ဂိမ်းအမျိုးအစားအသစ်တွေကို ရောင်းချသွားမယ်လို့ ကြေငြာပြီးတဲ့နောက်မှာတော့ Tencent ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးဟာ ၈% အထိတက်လာခဲ့ပါတယ်။

<Unicode Version>

 

 





- Advertisement -





<Zawgyi Version>

 

Source ~ Gaggets

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × one =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...