HomeEntertainmentအချိန် ၄ လကြာပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ Tokyo Disney Land

အချိန် ၄ လကြာပြီးနောက် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ Tokyo Disney Land

- Advertisement -

COVID -19 ရောဂါပျံ့နှံ့မှုကြောင့် ဖေဖော်ဝါရီလကတည်းက ယာယီပိတ်သိမ်းထားခဲ့ရတဲ့ Tokyo မြို့မှာတည်ရှိတဲ့ Disney အပန်းဖြေဥယျာဉ်တွေဖြစ်တဲ့ DisneyLand နဲ့ Disney Sea တို့ကို ဇူလိုင်လ (၁) ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ဖွင့်လှစ်ထားတဲ့ Disney Land တွေထဲမှာ Shanghai  မြို့မှာရှိတဲ့ DisneyLand ကိုတော့ မေလ ၁၁ ရက်နေ့ကတည်းက ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နောက် ၁ လကြာတော့ HongKong မှာရှိတဲ့ DisneyLand ကိုပါ ပြန်လည်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။

DisneyLand ကို လာရောက်လည်ပတ်လိုသူတွေအနေနဲ ့ အင်တာနက်ကနေတဆင့် ၅  ယောက်ကနေစပြီး ဝင်ခွင့်လက်မှတ်ကို မှာယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် DisneyLand က တာဝန်ရှိသူတွေကတော့ တစ်နေ့မှာ  ဧည့်သည်ဘယ်နှစ်ယောက်  ဝင်ခွင့်ပြုမလဲဆိုတာကို  အတိအကျမပြောထားပေမယ့် အရင်ကထက် ဝင်ရောက်ခွင့်ရှိသူ  ဧည့်သည်ဦးရေကို  လျှော့ချထားမယ်ဆိုတာကိုတော့ ခန့်မှန်းလို့ရပါတယ်နော်။

- Advertisement -

အခုချိန်ထိ စိတ်ချရသေးတဲ့ အခြေအနေမရောက်သေးတာကြောင့် DisneyLand က တာဝန်ရှိသူတွေက DisneyLand ကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တော်တွေအနေနဲ ့ လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားပါတယ်။ ဥပမာ – DisneyLand ထဲမဝင်ခင် ခန္ဓာကိုယ်အပူချိန်တိုင်းတာရမယ်၊ မျက်နှာဖုံးနဲ့ လက်အိတ်ဝတ်လာတာမျိုးတွေပေါ့။ အဆိုပါ  ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှသာ DisneyLand ထဲ ဝင်ရောက်လည်ပတ်ခွင့်ရမည်ဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် DisneyLand မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအတွက်လည်း စနစ်ကျပြီး လုံခြုံစိတ်ချရတဲ့ ကျန်းမာရေးကာကွယ်မှုမျိုးတွေကို ထားရှိပေးထားကြောင်း သိရပါတယ်။ DisneyLand မှာ ထားရှိတဲ့ ကာတွန်းဇာတ်ကောင်လေးတွေဟာလည်း ယခင်တုန်းကလိုမျိုး ဧည့်သည်တွေနဲ့ နီးနီးကပ်ကပ်နေခွင့်မရဘဲ ဧည့်သည်တွေက အဆိုပါကာတွန်းဇာတ်ကောင်တွေနဲ့  ဓါတ်ပုံတွဲရိုက်ချင်တယ်ဆိုရင်တော့ မနီးမဝေးနေရာကနေသာ ဓါတ်ပုံရိုက်ခွင့်ရှိတယ်လို့လည်း  သိရပါတယ်။

- Advertisement -

DisneyLand မှာရှိတဲ့ အမိုးပါတဲ့အလုံပိတ်အခန်းတွေထဲက  လေထုကိုသန့်ရှင်းအောင်ပြုလုပ်ပေးမယ့် လေဝင်လေထွက်စနစ်ကို ထားရှိပေးထားပြီး  အစီးအနင်းတွေကိုလည်း တတ်နိုင်သမျှ ပိုးသတ်ပေးထားပါတယ်။

အစကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ DisneyLand အပန်းဖြေကစားကွင်းတွေကို  ဇူလိုင်လအလယ်လောက်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ သတ်မှတ်ထားပေမယ့်  အချို့သောနိုင်ငံတွေမှာရှိတဲ့ DisneyLand မှာ အလုပ်လုပ်တဲ့ဝန်ထမ်းတွေက စိတ်ချရပြီဖြစ်တဲ့  ကျန်းမာရေးအခြေအနေကို မရောက်သေးခင်အချိန်ထိတော့ မဖွင့်လှစ်သင့်ကြောင်း  အကြံပေးပြောဆိုထားပေမယ့် ဘယ်လိုမျိုးဆက်လက်ကိုင်တွယ်သွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

<Unicode Version>

 

 

အခ်ိန္ ၄ လၾကာၿပီးေနာက္ ျပန္လည္ဖြင့္လွစ္လိုက္ၿပီျဖစ္တဲ့ Tokyo Disney Land

COVID -19 ေရာဂါပ်ံ႕ႏွံ႔မႈေၾကာင့္ ေဖေဖာ္ဝါရီလကတည္းက ယာယီပိတ္သိမ္းထားခဲ့ရတဲ့ Tokyo ၿမိဳ႕မွာတည္ရွိတဲ့ Disney အပန္းေျဖဥယ်ာဥ္ေတြျဖစ္တဲ့ DisneyLand နဲ႔ Disney Sea တို႔ကို ဇူလိုင္လ (၁) ရက္ေန႔မွာ ျပန္လည္ဖြင့္လွစ္လိုက္ၿပီပဲျဖစ္ပါတယ္။

- Advertisement -

ကမာၻတစ္ဝွမ္းမွာ ဖြင့္လွစ္ထားတဲ့ Disney Land ေတြထဲမွာ Shanghai  ၿမိဳ႕မွာရွိတဲ့ DisneyLand ကိုေတာ့ ေမလ ၁၁ ရက္ေန႔ကတည္းက ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ေနာက္ ၁ လၾကာေတာ့ HongKong မွာရွိတဲ့ DisneyLand ကိုပါ ျပန္လည္ဖြင့္လွစ္ခဲ့တာပဲျဖစ္ပါတယ္။

DisneyLand ကို လာေရာက္လည္ပတ္လိုသူေတြအေနနဲ ႔ အင္တာနက္ကေနတဆင့္ ၅  ေယာက္ကေနစၿပီး ဝင္ခြင့္လက္မွတ္ကို မွာယူႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ DisneyLand က တာဝန္ရွိသူေတြကေတာ့ တစ္ေန႔မွာ  ဧည့္သည္ဘယ္ႏွစ္ေယာက္  ဝင္ခြင့္ျပဳမလဲဆိုတာကို  အတိအက်မေျပာထားေပမယ့္ အရင္ကထက္ ဝင္ေရာက္ခြင့္ရွိသူ  ဧည့္သည္ဦးေရကို  ေလွ်ာ့ခ်ထားမယ္ဆိုတာကိုေတာ့ ခန္႔မွန္းလို႔ရပါတယ္ေနာ္။

အခုခ်ိန္ထိ စိတ္ခ်ရေသးတဲ့ အေျခအေနမေရာက္ေသးတာေၾကာင့္ DisneyLand က တာဝန္ရွိသူေတြက DisneyLand ကို လာေရာက္လည္ပတ္တဲ့ ဧည့္သည္ေတာ္ေတြအေနနဲ ႔ လိုက္နာသင့္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ခ်မွတ္ထားပါတယ္။ ဥပမာ – DisneyLand ထဲမဝင္ခင္ ခႏၶာကိုယ္အပူခ်ိန္တိုင္းတာရမယ္၊ မ်က္ႏွာဖံုးနဲ႔ လက္အိတ္ဝတ္လာတာမ်ိဳးေတြေပါ့။ အဆိုပါ  က်န္းမာေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာမွသာ DisneyLand ထဲ ဝင္ေရာက္လည္ပတ္ခြင့္ရမည္ျဖစ္ေၾကာင္း ဆိုထားပါတယ္။

ဒါ့အျပင္ DisneyLand မွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းေတြအတြက္လည္း စနစ္က်ၿပီး လံုျခံဳစိတ္ခ်ရတဲ့ က်န္းမာေရးကာကြယ္မႈမ်ိဳးေတြကို ထားရွိေပးထားေၾကာင္း သိရပါတယ္။ DisneyLand မွာ ထားရွိတဲ့ ကာတြန္းဇာတ္ေကာင္ေလးေတြဟာလည္း ယခင္တုန္းကလိုမ်ိဳး ဧည့္သည္ေတြနဲ႔ နီးနီးကပ္ကပ္ေနခြင့္မရဘဲ ဧည့္သည္ေတြက အဆိုပါကာတြန္းဇာတ္ေကာင္ေတြနဲ႔  ဓါတ္ပံုတြဲ႐ိုက္ခ်င္တယ္ဆိုရင္ေတာ့ မနီးမေဝးေနရာကေနသာ ဓါတ္ပံု႐ိုက္ခြင့္ရွိတယ္လို႔လည္း  သိရပါတယ္။

DisneyLand မွာရွိတဲ့ အမိုးပါတဲ့အလံုပိတ္အခန္းေတြထဲက  ေလထုကိုသန္႔ရွင္းေအာင္ျပဳလုပ္ေပးမယ့္ ေလဝင္ေလထြက္စနစ္ကို ထားရွိေပးထားၿပီး  အစီးအနင္းေတြကိုလည္း တတ္ႏိုင္သမွ် ပိုးသတ္ေပးထားပါတယ္။

အစကေတာ့ ကမာၻတစ္ဝွမ္းမွာရွိတဲ့ DisneyLand အပန္းေျဖကစားကြင္းေတြကို  ဇူလိုင္လအလယ္ေလာက္မွာ ျပန္လည္ဖြင့္လွစ္ႏိုင္ဖို႔ သတ္မွတ္ထားေပမယ့္  အခ်ိဳ႕ေသာႏိုင္ငံေတြမွာရွိတဲ့ DisneyLand မွာ အလုပ္လုပ္တဲ့ဝန္ထမ္းေတြက စိတ္ခ်ရၿပီျဖစ္တဲ့  က်န္းမာေရးအေျခအေနကို မေရာက္ေသးခင္အခ်ိန္ထိေတာ့ မဖြင့္လွစ္သင့္ေၾကာင္း  အၾကံေပးေျပာဆိုထားေပမယ့္ ဘယ္လိုမ်ိဳးဆက္လက္ကိုင္တြယ္သြားမလဲဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ CNN

#SY(Soshwe)

#soshweentertainment

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

17 − ten =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...