ဗြိတိသျှနိုင်ငံအခြေစိုက် ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Aviva အာမခံကုမ္ပဏီနဲ့ Intercontinental ဟိုတယ်အဖွဲ့အစည်း IGH တို့ဟာ လူအများအသုံးပြုတဲ့ လူမှုကွန်ရက်Facebook မှာ အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့ ကြော်ငြာတွေ ထည့်သွင်းကြော်ငြာခြင်းကို ခတ္တရပ်တန့်ထားလိုက်ပါတယ်။
ကုမ္ပဏီအကြောင်း ကြေငြာခြင်းကို ခတ္တရပ်တန့်ထားရခြင်း အကြောင်းအရင်းကတော့ လူမှုကွန်ရက်ပေါ်မှာ မမှန်ကန်တဲ့သတင်းတွေကို ဖြန့်ဝေနေတဲ့ အမည်မသိမသမာသူတွေရဲ့ လုပ်ရပ်တွေကို တတ်နိုင်သလောက် ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။
Aviva အာမခံကုမ္ပဏီ နဲ့ Intercontinental ဟိုတယ်အဖွဲ့အစည်း IGH တို့အပြင် Ford ၊ Adidas ၊ HP ၊ Coca Cola ၊ Unilever နဲ့ Starbucks ကုမ္ပဏီတို့ဟာလည်း အဆိုပါ အမုန်းစကားများပြန့်ပွါးမှုကို ရပ်တန့်ခြင်းလှုပ်ရှားမှုမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
“ကောင်းသောအနာဂါတ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အမုန်းစကားများရပ်” ဆိုတဲ့ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး Facebook ဟာ လုံလောက်တဲ့ အထောက်အကူဖြစ်စေမယ့် အကူအညီပေးခြင်းမျိုးကို မလုပ်ဆောင်ပေးခဲ့ဘူးလို့ အဆိုပါလှုပ်ရှားမှုကို စီစဉ်ဆောင်ရွက်သူတွေက ဆိုထားပါတယ်။
ဗြိတိသျှနိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာ Steve Hatch က BBC သတင်းဌာနကို “အမုန်းတရားကို လှုံ့ဆော်အားပေးထားတဲ့ အရေးအသားတွေနဲ့ ဆောင်းပါးတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိစေပါဘူး။” လို့ ဆိုထားပါတယ်။
ဒါ့အပြင် Aviva အာမခံကုမ္ပဏီကလည်း BBC သတင်းဌာနကို “ကျွန်ုပ်တို့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကြော်ငြာမှုတွေကို လူသိများစေဖို့အတွက် လူမှုကွန်ရက်ကနေတဆင့် ကြော်ငြာခြင်းကိုပြုလုပ်ခဲ့တာမို့ အခုအချိန်မှာတော့ ဘယ်နေရာတွေမှာ ဟာကွက်တွေရှိနေသလဲဆိုတာကို ပြန်လည်စစ်ဆေးဖို့အတွက် လူမှုကွန်ရက် Facebook မှာ ကြော်ငြာခြင်းကို ခတ္တရပ်ဆိုင်းထားတာပဲ ဖြစ်ပါတယ်။” လို့ ဆိုထားပါတယ်။
IGH ဟိုတယ်အဖွဲ့အစည်းကလည်း အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ ကြော်ငြာတွေကို လူမှုကွန်ရက် Facebook ကနေတဆင့် ကြော်ငြာခြင်းကို ခတ္တရပ်ဆိုင်းထားကြောင်း ပွင့်လင်းစွာဖွင့်ဟဝန်ခံခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ချောကလက်ထုတ်လုပ်ရေးကုမ္ပဏီ Mars ဟာလည်း လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ကြော်ငြာတွေကို လူမှုကွန်ရက်တွေကနေတဆင့် ကြော်ငြာခြင်းကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်တန့်ပစ်သွားမယ်လို့လည်း ကြေငြာလိုက်ပါတယ်။ Mars ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပေါ်နေတဲ့ လူသားတွေရဲ့ နှလုံးသားထဲကို အမုန်းတရားတွေ ထည့်သွင်းပေးနေတဲ့ အုပ်စုလိုက် လူမျိုးရေးခွဲခြားမှုတွေနဲ့ ကျူးကျော်တိုက်ခိုက်ခြင်းတွေကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့အတွက် ကျွန်ုပ်တို့အားလုံးကြိုးစားနေသလိုမျိုး လူမှုကွန်ရက်ကုမ္ပဏီတွေက ခေါင်းဆောင်တွေကလည်း ဦးဆောင်ဦးရွက်ပြုပြီး တတ်နိုင်သမျှ ကြိုးစားလျှော့ချပေးဖို့အတွက် မျှော်လင့်နေပါတယ်။” လို့ ဆိုထားပါတယ်။
<Unicode Version>
Facebook ကနေ လုပ်ငန်းအကြောင်း ကြော်ငြာခြင်းကို ရပ်တန့်လိုက်ပြီဖြစ်တဲ့ ကမ္ဘာကျော်ကုမ္ပဏီများ။
<Zawgyi Version>
Source ~ BBC
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare