HomeBanking & Financeဒေဝါလီခံရဖို့ရှိနေတဲ့ ကမ္ဘာကျော်စားသောက်ဆိုင်ကြီးများ။

ဒေဝါလီခံရဖို့ရှိနေတဲ့ ကမ္ဘာကျော်စားသောက်ဆိုင်ကြီးများ။

- Advertisement -

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်နိုင်ငံဝူဟန်မြို့ကနေ စတင်ပေါ်ပေါက်ခဲ့တဲ့ COVID-19 ရောဂါဟာ အချိန်ခဏတာအတွင်းမှာပဲ ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့သွားတာကြောင့်  ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ လျှော့ချနိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းမှ  ခေါင်းဆောင်တွေဟာ  လူတွေကို မလိုအပ်ဘဲ  အိမ်အတွင်းကနေ အိမ်အပြင်မထွက်ဖို့ တားဆီးပိတ်ပင်ခဲ့ပါတယ်။

ရောဂါပျံ့နှံ့မှုကို လျှော့ချနိုင်ဖို့အတွက် ကူးသန်းသွားလာခွင့်တွေကို  ကန့်သတ်တားဆီးလိုက်တဲ့အခါမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ စီးပွါးရေးလှုပ်ရှားမှုနဲ ့ ကုန်စည်စီးဆင်းမှုတွေဟာ သိသာစွာလျော့ကျသွားတာမို့ အလုပ်လက်မဲ့တွေများလာပြီး လူတွေရဲ့ဝင်ငွေတွေကို လျော့ကျစေခဲ့ပါတယ်။ ဒါကြောင့်လည်း လူတွေဟာ အစားအသောက် ဝယ်ယူတဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွတ်ပြီးစျေးသက်သာတဲ့ အစားအသောက်တွေကိုပဲ  ရွေးချယ်စားသောက်လာတာကြောင့် စားသောက်ဆိုင်တွေရဲ့ ရောင်းအားတွေကလည်း ကျဆင်းလို့လာခဲ့ပါတယ်။

- Advertisement -

စားသောက်ဆိုင်တွေမှာ သွားရောက်စားသောက်ဖို့အတွက် စိတ်မချတဲ့အခါမျိုးမှာ အိမ်အရောက်ဝန်ဆောင်မှုကို အသုံးပြုပြီး အစားအသောက်တွေကို ဝယ်ယူလို့ရပေမယ့်  လူအများဟာ  ရောဂါပိုးရဲ့တိုက်ခိုက်မှုကို မခံရနိုင်ဖို့အတွက် ကိုယ်ခံအားတိုးတက်စေပြီး  ပိုမိုကျန်းမာလာစေမယ့်  အစားအသောက်တွေကိုသာ ရွေးချယ်စားသောက်လာကြတာကြောင့် “ကယ်လိုရီများတဲ့အစားအစာ” လို့ လူအများကသတ်မှတ်ထားတဲ့ အစားအသောက်တွေဖြစ်တဲ့ ပီဇာနဲ့ ဘာဂါတို့ကိုသာ  အဓိကထားရောင်းချတဲ့ စားသောက်ဆိုင်တွေရဲ့ အကျိုးအမြတ်ဟာ တဖြည်းဖြည်းချင်း နည်းပါးလို့လာပါတယ်။

- Advertisement -

ကပ်ရောဂါဆိုးကြောင့် အိမ်တွင်းအောင်းနေရတဲ့ အချိန်ကာလဟာ ၅ လကျော်ခဲ့ပြီဖြစ်တာကြောင့်  ဝယ်လိုအားကျဆင်းမှုနဲ့ ရောင်းအားကျဆင်းမှုကို ကြုံတွေ့နေရတဲ့ စားသောက်ဆိုင်တွေဟာ  နေ့စဉ်ဝင်ငွေ နည်းသထက်နည်းလာပြီး အကျိုးအမြတ်မရှိတဲ့ လုပ်ငန်းကို ပုံမှန်လည်ပတ်စေဖို့  ကြိုးစားရင်း ဒေဝါလီခံရတော့မယ့် အဖြစ်မျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။

- Advertisement -

အမေရိကန်ပြည်ထောင်စုမှာတည်ရှိတဲ့ Pizza Hut စားသောက်ဆိုင်ရဲ့ အကြီးမားဆုံးသောလုပ်ငန်းခွဲ NPC International လုပ်ငန်းကြီးဟာလည်း လုပ်ငန်းကြီးတစ်ခုလုံး ဆက်လက်လည်ပတ်ဖို့အတွက် အကျိုးအမြတ်တွေပေးစွမ်းနိုင်တဲ့ စားသောက်ဆိုင်တွေမှာ  ရောင်းအားကျလာခြင်းကြောင့်  ဒေဝါလီခံရဖို့နီးလာပြီလို့ ဝမ်းနည်းစွာသိရှိရပါတယ်။

NPC International ကုမ္ပဏီဟာ Pizza Hut စားသောက်ဆိုင်ကို ၁၉၆၂ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး  အခုအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ Pizza Hut စားသောက်ဆိုင်ပေါင်း ၁၂၂၅ ဆိုင်နဲ့ Wendy’s စားသောက်ဆိုင် ၃၈၅ ဆိုင်ကို ဖွင့်လှစ်ထားနိုင်ပြီပဲဖြစ်ပါတယ်။

NPC International ကုမ္ပဏီဟာ ရောဂါပျံ့နှံ့ချိန်မှာ စားသုံးသူနဲ့ရောင်းချသူ နှစ်ဦးနှစ်ဖက်  အဆင်ပြေစေမယ့် အိမ်အရောက်ဝန်ဆောင်မှုမျိုးပေးစွမ်းပြီး ရောင်းအားကိုထိန်းထားဖို့  ကြိုးစားခဲ့ပေမယ့်လည်း  ပြိုင်ဖက်များစွာနဲ့ ယှဉ်ပြိုင်ရတဲ့အခါမှာတော့ ထင်ထားတာထက်ကို ပိုပြီးခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရပါတယ်။

လက်တလောအခြေအနေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်တော့ စားသောက်ဆိုင်လုပ်ငန်းကနေ Pizza Hut နဲ့ Wendy က လုံးဝပျောက်ကွယ်သွားမှာမျိုး မဟုတ်ပါဘူး။ NPC International က ဦးဆောင်နေတဲ့ Pizza Hut နဲ့ Wendy စားသောက်ဆိုင်တွေကို မတွေ့ရတော့ဘဲ အခြားသောကုမ္ပဏီတွေက  ဦးဆောင်နေတဲ့ စားသောက်ဆိုင်တွေကတော့ စျေးကွက်ထဲမှာ ရှိနေဆဲ  ရှိနေမြဲမယ့် သဘောမျိုးဖြစ်ပါတယ်။

<Unicode Version>

 

 

 

ေဒဝါလီခံရဖို႔ရွိေနတဲ့ ကမာၻေက်ာ္စားေသာက္ဆိုင္ႀကီးမ်ား။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ တ႐ုတ္ႏိုင္ငံဝူဟန္ၿမိဳ႕ကေန စတင္ေပၚေပါက္ခဲ့တဲ့ COVID-19 ေရာဂါဟာ အခ်ိန္ခဏတာအတြင္းမွာပဲ ကမာၻအႏွံ႕ ကူးစက္ပ်ံ႕ႏွံ႕သြားတာေၾကာင့္  ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ႔မႈကို ထိေရာက္စြာ ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ကမာၻတစ္ဝွမ္းမွ  ေခါင္းေဆာင္ေတြဟာ  လူေတြကို မလိုအပ္ဘဲ  အိမ္အတြင္းကေန အိမ္အျပင္မထြက္ဖို႔ တားဆီးပိတ္ပင္ခဲ့ပါတယ္။

ေရာဂါပ်ံ႕ႏွံ႔မႈကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ကူးသန္းသြားလာခြင့္ေတြကို  ကန္႔သတ္တားဆီးလိုက္တဲ့အခါမွာေတာ့ ကမာၻ႔ႏိုင္ငံအသီးသီးမွာ စီးပြါးေရးလႈပ္ရွားမႈနဲ ႔ ကုန္စည္စီးဆင္းမႈေတြဟာ သိသာစြာေလ်ာ့က်သြားတာမို႔ အလုပ္လက္မဲ့ေတြမ်ားလာၿပီး လူေတြရဲ႕ဝင္ေငြေတြကို ေလ်ာ့က်ေစခဲ့ပါတယ္။ ဒါေၾကာင့္လည္း လူေတြဟာ အစားအေသာက္ ဝယ္ယူတဲ့အခါမွာ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီးေစ်းသက္သာတ့ဲ အစားအေသာက္ေတြကိုပဲ  ေရြးခ်ယ္စားေသာက္လာတာေၾကာင့္ စားေသာက္ဆိုင္ေတြရဲ႕ ေရာင္းအားေတြကလည္း က်ဆင္းလို႔လာခဲ့ပါတယ္။

စားေသာက္ဆိုင္ေတြမွာ သြားေရာက္စားေသာက္ဖို႔အတြက္ စိတ္မခ်တဲ့အခါမ်ိဳးမွာ အိမ္အေရာက္ဝန္ေဆာင္မႈကို အသံုးျပဳၿပီး အစားအေသာက္ေတြကို ဝယ္ယူလို႔ရေပမယ့္  လူအမ်ားဟာ  ေရာဂါပိုးရဲ႕တိုက္ခိုက္မႈကို မခံရႏိုင္ဖို႔အတြက္ ကိုယ္ခံအားတိုးတက္ေစၿပီး  ပိုမိုက်န္းမာလာေစမယ့္  အစားအေသာက္ေတြကိုသာ ေရြးခ်ယ္စားေသာက္လာၾကတာေၾကာင့္ “ကယ္လိုရီမ်ားတဲ့အစားအစာ” လို႔ လူအမ်ားကသတ္မွတ္ထားတဲ့ အစားအေသာက္ေတြျဖစ္တဲ့ ပီဇာနဲ႔ ဘာဂါတို႔ကိုသာ  အဓိကထားေရာင္းခ်တဲ့ စားေသာက္ဆိုင္ေတြရဲ႕ အက်ိဳးအျမတ္ဟာ တျဖည္းျဖည္းခ်င္း နည္းပါးလို႔လာပါတယ္။

ကပ္ေရာဂါဆိုးေၾကာင့္ အိမ္တြင္းေအာင္းေနရတဲ့ အခ်ိန္ကာလဟာ ၅ လေက်ာ္ခဲ့ၿပီျဖစ္တာေၾကာင့္  ဝယ္လိုအားက်ဆင္းမႈနဲ႔ ေရာင္းအားက်ဆင္းမႈကို ၾကံဳေတြ႕ေနရတဲ့ စားေသာက္ဆိုင္ေတြဟာ  ေန႔စဥ္ဝင္ေငြ နည္းသထက္နည္းလာၿပီး အက်ိဳးအျမတ္မရွိတဲ့ လုပ္ငန္းကို ပံုမွန္လည္ပတ္ေစဖို႔  ႀကိဳးစားရင္း ေဒဝါလီခံရေတာ့မယ့္ အျဖစ္မ်ိဳးကို ၾကံဳေတြ႕ေနရၿပီျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာတည္ရွိတဲ့ Pizza Hut စားေသာက္ဆိုင္ရဲ႕ အႀကီးမားဆံုးေသာလုပ္ငန္းခြဲ NPC International လုပ္ငန္းႀကီးဟာလည္း လုပ္ငန္းႀကီးတစ္ခုလံုး ဆက္လက္လည္ပတ္ဖို႔အတြက္ အက်ိဳးအျမတ္ေတြေပးစြမ္းႏိုင္တဲ့ စားေသာက္ဆိုင္ေတြမွာ  ေရာင္းအားက်လာျခင္းေၾကာင့္  ေဒဝါလီခံရဖို႔နီးလာၿပီလို႔ ဝမ္းနည္းစြာသိရွိရပါတယ္။

NPC International ကုမၸဏီဟာ Pizza Hut စားေသာက္ဆိုင္ကို ၁၉၆၂ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ၿပီး  အခုအခ်ိန္မွာေတာ့ ကမာၻတစ္ဝွမ္းမွာ Pizza Hut စားေသာက္ဆိုင္ေပါင္း ၁၂၂၅ ဆိုင္နဲ႔ Wendy’s စားေသာက္ဆိုင္ ၃၈၅ ဆိုင္ကို ဖြင့္လွစ္ထားႏိုင္ၿပီပဲျဖစ္ပါတယ္။

NPC International ကုမၸဏီဟာ ေရာဂါပ်ံ႕ႏွံ႔ခ်ိန္မွာ စားသံုးသူနဲ႔ေရာင္းခ်သူ ႏွစ္ဦးႏွစ္ဖက္  အဆင္ေျပေစမယ့္ အိမ္အေရာက္ဝန္ေဆာင္မႈမ်ိဳးေပးစြမ္းၿပီး ေရာင္းအားကိုထိန္းထားဖို႔  ႀကိဳးစားခဲ့ေပမယ့္လည္း  ၿပိဳင္ဖက္မ်ားစြာနဲ႔ ယွဥ္ၿပိဳင္ရတဲ့အခါမွာေတာ့ ထင္ထားတာထက္ကို ပိုၿပီးခက္ခဲတဲ့ အေျခအေနမ်ိဳးနဲ႔ ရင္ဆိုင္လာရပါတယ္။

လက္တေလာအေျခအေနကို ျပန္လည္သံုးသပ္ၾကည့္မယ္ဆိုရင္ေတာ့ စားေသာက္ဆိုင္လုပ္ငန္းကေန Pizza Hut နဲ႔ Wendy က လံုးဝေပ်ာက္ကြယ္သြားမွာမ်ိဳး မဟုတ္ပါဘူး။ NPC International က ဦးေဆာင္ေနတဲ့ Pizza Hut နဲ႔ Wendy စားေသာက္ဆိုင္ေတြကို မေတြ႕ရေတာ့ဘဲ အျခားေသာကုမၸဏီေတြက  ဦးေဆာင္ေနတဲ့ စားေသာက္ဆိုင္ေတြကေတာ့ ေစ်းကြက္ထဲမွာ ရွိေနဆဲ  ရွိေနၿမဲမယ့္ သေဘာမ်ိဳးျဖစ္ပါတယ္။

<Zawgyi Version>

 

Source ~ Businesstimes

#SY(Soshwe)

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read