HomeHome & Propertyဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဒေါ်လာ (၁.၃၆) ဘီလီယံကူညီထောက်ပံ့သွားမည့် စင်ကာပူ။

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဒေါ်လာ (၁.၃၆) ဘီလီယံကူညီထောက်ပံ့သွားမည့် စင်ကာပူ။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ကာလအတွင်း စင်ကာပူနိုင်ငံအတွင်းရှိ  ဆောက်လုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ပြန်လည်စတင်နိုင်ရေးအတွက် ဒေါ်လာ (၁.၃၆) ဘီလီယံ  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအစီအစဉ်ကို ပြီးခဲ့သည့်စနေနေ့က ကြေညာခဲ့ပြီး ထိုကဲ့သို့ကူညီထောက်ပံ့ပေးမှုကြောင့် လုပ်ငန်းများ  နှောင့်နှေးနေချိန်  ဆောက်လုပ်ရေးကုမ္ပဏီများရဲ့ ကုန်ကျစရိတ်ကို ထက်ဝက်ခန့်အထိ သက်သာသွားစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဥပမာပြရသော် နိုင်ငံရပ်ခြားမှရွှေ့ပြောင်းလုပ်သားများ တရားဝင်အလုပ်လုပ်ခွင့်အတွက် သြဂုတ်လမှ ဒီဇင်ဘာလအထိ တစ်လလျှင်ကုန်ကျမည့်ကုန်ကျစရိတ်မှ စင်ကာပူဒေါ်လာ (၉၀) အထိ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး အစိုးရဘက်မှလည်းကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုကို လာမယ့်မတ်လ (၃၁) ရက်နေ့အထိ အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ပါတယ်။ ယခုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းများကိုထောက်ပံ့ပေးသည့်အစီအစဉ်သည် Fortitude Budget ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးအာဏာပိုင်၊ စင်ကာပူကန်ထရိုက်တာများအသင်း၊ စင်ကာပူအထူးကုန်သွယ်ရေးမဟာမိတ်အဖွဲ့နဲ့ အခြားကုန်သွယ်ရေးအသင်းအဖွဲ့များအကြား  ဆွေးနွေးမှုများအပြီး၌ ယခုစီမံကိန်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

စင်ကာပူနိုင်ငံ၌ရွှေ့ပြောင်းလုပ်သားပေါင်း (၃၂၃,၀၀၀) ရှိသည့်အနက် (၈၀,၀၀၀) ခန့်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး လုပ်သားပေါင်း (၁၇,၀၀၀) ခန့်သာ ပုံမှန်အတိုင်း လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နေကြောင်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 

 

- Advertisement -





<Zawgyi Version>

 

Source ~ Businesstimes

#HM(Soshwe)

- Advertisement -

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × five =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...