HomeSportအဓိကပစ်မှတ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ရန်နီးစပ်နေသည့် ယူနိုက်တက်။

အဓိကပစ်မှတ်ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ရန်နီးစပ်နေသည့် ယူနိုက်တက်။

- Advertisement -

ယူနိုက်တက်အသင်းသည် အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါကစားသမားသည် တန်းမဆင်းရရေးတိုက်ပွဲဝင်နေသည့် အက်စတွန်ဗီလာအသင်းကို အကောင်းဆုံးဦးဆောင်မောင်းနှင်နေသည့် ကစားသမားဖြစ်ပေမယ့် ယူရိုပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ကစားသမားစာရင်း၌ ပါဝင်ခွင့်ရရှိရန်ပစ်မှတ်ထားနေခြင်းကြောင့် အက်စတွန်ဗီလာအသင်းကို စွန့်ခွာရန်သတင်းများထွက်ပေါ်နေပါတယ်။

ဂရီလစ်ရှ်အနေဖြင့် လက်ရှိဘောလုံးရာသီအကုန်၌ အက်စတွန်ဗီလာအသင်းတန်းမဆင်းရရေးအတွက် အစွမ်းကုန်ကြိုးစားပေးသွားမည်ဖြစ်ပြီး ထို့နောက်တွင်မူ အနာဂတ်အတွက် နာမည်ကြီးအသင်းတစ်သင်းကို  ပြောင်းရွှေ့ရန်ရည်ရွယ်ထားကြောင်း သတင်းများကဖော်ပြခဲ့ပါတယ်။ ကိုရိုနာဗို်င်းရပ်စ်ရဲ့အကျိုးဆက်ကြောင့် ကလပ်အသင်းများရဲ့ဘဏ္ဍာရေးအခြေအနေများထိခိုက်လျက်ရှိပေမယ့် ယူနိုက်တက်အသင်းကမူ ဂရီလစ်ရှ်ကိုခေါ်ယူနိုင်ရန်အတွက် လုံလောက်သည့်ငွေကြေးအင်အားကို ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

The Express သတင်းဌာနရဲ့ဖော်ပြချက်အရ ယူနိုက်တက်နည်းပြဆိုးလ်ရှားသည် ဂရီလစ်ရှ်ကိုခေါ်ယူနိုင်ရန် ယုံကြည်ချက်အပြည့်ရှိနေပြီး အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် အိန်ဂျယ်လ်ဂိုးမက်စ်ကို လက်လွှတ်ခဲ့ရသည့်နောက် ဂရီလစ်ရှ်ကိုအရခေါ်ယူရန် ပြင်ဆင်ထားကြောင်းသိရှိရပါတယ်။ ဂရီလစ်ရှ်အနေဖြင့် မန်ချက်စတာမြို့၌နေထိုင်ရန်အတွက် အိမ်ရှာဖွေနေပြီဖြစ်ပြီး အက်စတွန်ဗီလာအသင်းကလည်း ဂရီလစ်ရှ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၈၀) ဝန်းကျင်တောင်းဆိုသွားရန် ပြင်ဆင်ထားပါတယ်။

အက်စတွန်ဗီလာအသင်းနဲ့စာချုပ်သက်တမ်း (၃) နှစ်ကျန်ရှိနေဆဲဖြစ်သည့် ဂရီလစ်ရှ်သည် အသင်းအတွက် မရှိမဖြစ်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိဘောလုံးရာသီ၌လည်း အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၉) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ပေးထားသည့် ကစားသမားလည်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

- Advertisement -

 

အဓိကပစ္မွတ္ကစားသမားတစ္ဦးကို ေခၚယူႏုိင္ရန္နီးစပ္ေနသည့္ ယူႏုိက္တက္။

ယူႏုိက္တက္အသင္းသည္ အက္စတြန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီလစ္ရွ္ကို ေခၚယူႏုိင္ရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆုိပါကစားသမားသည္ တန္းမဆင္းရေရးတိုက္ပဲြဝင္ေနသည့္ အက္စတြန္ဗီလာအသင္းကို အေကာင္းဆံုးဦးေဆာင္ေမာင္းႏွင္ေနသည့္ ကစားသမားျဖစ္ေပမယ့္ ယူရိုၿပိဳင္ပဲြဝင္ အဂၤလန္လက္ေရြးစင္အသင္းရဲ႕ကစားသမားစာရင္း၌ ပါဝင္ခြင့္ရရွိရန္ပစ္မွတ္ထားေနျခင္းေၾကာင့္ အက္စတြန္ဗီလာအသင္းကို စြန္႔ခြာရန္သတင္းမ်ားထြက္ေပၚေနပါတယ္။

ဂရီလစ္ရွ္အေနျဖင့္ လက္ရွိေဘာလံုးရာသီအကုန္၌ အက္စတြန္ဗီလာအသင္းတန္းမဆင္းရေရးအတြက္ အစြမ္းကုန္ႀကိဳးစားေပးသြားမည္ျဖစ္ၿပီး ထို႔ေနာက္တြင္မူ အနာဂတ္အတြက္ နာမည္ႀကီးအသင္းတစ္သင္းကို  ေျပာင္းေရႊ႕ရန္ရည္ရြယ္ထားေၾကာင္း သတင္းမ်ားကေဖာ္ျပခဲ့ပါတယ္။ ကိုရိုနာဗို္င္းရပ္စ္ရဲ႕အက်ိဳးဆက္ေၾကာင့္ ကလပ္အသင္းမ်ားရဲ႕ဘ႑ာေရးအေျခအေနမ်ားထိခိုက္လ်က္ရွိေပမယ့္ ယူႏိုက္တက္အသင္းကမူ ဂရီလစ္ရွ္ကိုေခၚယူႏုိင္ရန္အတြက္ လံုေလာက္သည့္ေငြေၾကးအင္အားကို ပိုင္ဆုိင္ထားဆဲျဖစ္ပါတယ္။

The Express သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ ယူႏုိက္တက္နည္းျပဆိုးလ္ရွားသည္ ဂရီလစ္ရွ္ကိုေခၚယူႏုိင္ရန္ ယံုၾကည္ခ်က္အျပည့္ရွိေနၿပီး အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆံုးသြားသည့္ အိန္ဂ်ယ္လ္ဂိုးမက္စ္ကို လက္လႊတ္ခဲ့ရသည့္ေနာက္ ဂရီလစ္ရွ္ကိုအရေခၚယူရန္ ျပင္ဆင္ထားေၾကာင္းသိရွိရပါတယ္။ ဂရီလစ္ရွ္အေနျဖင့္ မန္ခ်က္စတာၿမိဳ႕၌ေနထိုင္ရန္အတြက္ အိမ္ရွာေဖြေနၿပီျဖစ္ၿပီး အက္စတြန္ဗီလာအသင္းကလည္း ဂရီလစ္ရွ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၈၀) ဝန္းက်င္ေတာင္းဆိုသြားရန္ ျပင္ဆင္ထားပါတယ္။

အက္စတြန္ဗီလာအသင္းနဲ႔စာခ်ဳပ္သက္တမ္း (၃) ႏွစ္က်န္ရွိေနဆဲျဖစ္သည့္ ဂရီလစ္ရွ္သည္ အသင္းအတြက္ မရွိမျဖစ္ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိေဘာလံုးရာသီ၌လည္း အသင္းအတြက္ ၿပိဳင္ပဲြစံု သြင္းဂိုး (၉) ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၈) ႀကိမ္ ျပဳလုပ္ေပးထားသည့္ ကစားသမားလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 − seven =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...